မြန်မာကို စားသုံးဆီအဓိကထုတ်လုပ်တင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး အစိုးရနှင့်ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်လျှက်ရှိ

0
96

မြန်မာကို စားသုံးဆီအဓိကထုတ်လုပ်တင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး အစိုးရနှင့်ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်လျှက်ရှိ


ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံရေးသာမက စားသုံးဆီ အဓိကထုတ်လုပ်တင်ပို့သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ကြမည်ဟု နစကပြန်ကားရေး၏ သတင်းထုတ်ပြန်ချက်ကဆိုသည်။

ယခုရက်ထဲ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရုံးတွင် ကျင်းပသည့် ဆီကုန်သည်များ၊ ဆီစက်လုပ်ငန်းရှင်များ၊ ပဲနှမ်းကုန်သည်များနှင့် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင်  နစကစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထု၏ နေ့စဉ်စားသုံးမှု တွင် အရေးပါသည့် စားသုံးဆီအား ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံရေး သာမက စားသုံးဆီ အဓိကထုတ်လုပ်တင်ပို့ သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်းများက တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းတိုက်တွန်းစကားဆိုခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ  တက်ရောက်ကြသည့်ဆွေးနွေးပွဲတွင် ပြည်ပမှတင်သွင်းလာသော နေကြာဆီများ ဈေးကွက်တွင် ကျယ်ပြန့်စွာ ဝင်ရောက်ရောင်းချနေသည်ကို တွေ့ရှိနေရ၍ ပြည်တွင်း စားသုံးမှု တွင် ကျန်းမာရေး နှင့်ညီညွတ်ပြီး ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်ရန် နေကြာဆီ ထုတ်လုပ်နိုင်ရေးအတွက် မိုးနေကြာနှင့် ဆောင်းနေကြာ စုစုပေါင်းစပ်မျိုးနေကြာစိုက်ဧရိယာ ဧက(၁ ဒသမ ၅)သန်း စိုက်ပျိုးရေးထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်အကြောင်းပါ ထည့်သွင်းဆွေးနွေးကြသည်။

လက်ရှိတွင် ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိလာသော နေကြာဆီကို ပြည်တွင်းဈေးကွက်၌ ရောနှောဆီအဖြစ်သာ ရောင်းချနေမှုများရှိနေသည်။

ဝန်ကြီးဌာနဘက်က နေကြာစိုက်ပျိုးမှုတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ အသင်းအဖွဲ့များဘက်က ပေါင်းစပ်ဆောင်ရွက် နိုင်မည့် အခြေအနေများကို ဖော်ထုတ်နိုင်ရန်လည်း ဆွေးနွေးပွဲတွင် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် မြေပဲစိုက်ဧက(၂၈)သိန်းကျော်၊ နှမ်းစိုက်ဧက (၃၇)သိန်းကျော်နှင့် နေကြာစိုက်ဧက (၆)သိန်းခန့် အပါအဝင် ဆီထွက်သီးနှံ စိုက်ပျိုးဧရိယာ ဧက (၇၆)သိန်း ကျော်ရှိကာ မြေပဲ တစ်ဧက၏ ဆီထွက်နှုန်းမှာ (၁၈၆)ကီလိုဂရမ်၊ နှမ်းတစ်ဧက၏ ဆီထွက်နှုန်းမှာ (၉၁)ကီလိုဂရမ်၊ စပ်မျိုးနေကြာ တစ်ဧက၏ ဆီထွက်နှုန်းမှာ (၂၈၈) ကီလိုဂရမ်ကျော်ထွက်ရှိနိုင်ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here