ဆိုလာမီးပွိုင့်အရန်ဓါတ်အားပေးစနစ် ရန်ကုန်တွင် စတင်အသုံးပြု

0
147

(Unicode)

ဆိုလာမီးပွိုင့်အရန်ဓါတ်အားပေးစနစ် ရန်ကုန်တွင် စတင်အသုံးပြု

ရန်ကုန်မြို့လမ်းမတော်မြို့နယ် ပြည်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့် ဘုန်းကြီးလမ်းစံပြမှတ်တိုင်အနီး ယာဉ်ထိန်းရဲကင်းရုံးအနီးထားရှိသော မီးပွိုင့်များတွင် solar power backup system များဖြင့် စတင်အသုံးပြုနေပြီဖြစ်သည်။

အဆိုပါစနစ်အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)ကတာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

solar power backup system တွင် ဝပ်၂၁၀ဆိုလာ၂ချပ်၊ဝပ်၈၅၀ Hybrid UPS၊150 AH ဘက်ထရီအိုးအခြောက်များကို အသုံးပြုထားပြီး မီးလာသည့်အခါ အားသွင်းနေမည်ဖြစ်ကာ မီးပျက်သွားလျှင် ဆိုလာပြားမှတဆင့်အားဝင်ပြီးမီးပွိုင့်အလုပ်လုပ်နေမည်ဖြစ်၍ ယာဉ်ကြောကျပ်တည်းမှုကိုကာကွယ်ပေးနိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အဆိုပါ solar power backup systemများအား အဓိကလမ်းမကြီးများဆုံရာမီးပွိုင့်များတွင်ဆက်လက်တပ်ဆင်ရန်ရှိနေသည်။

ရန်ကုန်တွင် မီးပျက်ချိန်တိုင်းမီးပွိုင့်အများစု အလုပ်မလုပ်တော့၍ ယာဉ်ကြောကျပ်တည်းသွားမှုများဖြစ်ပေါ်ကြသည်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here