မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်)အမျိုးသားပါတီဥက္ကဋ္ဌ မိုင်းနုမ်ဟန်တို့မိသားစု ရက်စက်စွာအသတ်ခံရမှု ကျူးလွန်သူများကို အရေးယူဖို့ အရပ်ဘက်အဖွဲ့အစည်းများတောင်းဆို

0
131

မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်)အမျိုးသားပါတီဥက္ကဋ္ဌ မိုင်းနုမ်ဟန်တို့မိသားစု ရက်စက်စွာအသတ်ခံရမှု ကျူးလွန်သူများကို အရေးယူဖို့ အရပ်ဘက်အဖွဲ့အစည်းများတောင်းဆို

မိုင်းနုမ်ဟန်တို့မိသားစုသေဆုံးသွားမှုနှင့်ပတ်သတ်ပြီး ပြစ်ဒဏ်မှကင်းလွတ်ခွင့် ရနေသည့် ကျူးလွန်သူများ၏လုပ်ရပ်အား ရှုတ်ချကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက မတ်လ၁၃ရက်တွင် ကြေညာချက်ထုတ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်)အမျိုးသားပါတီဥက္ကဌမိုင်းနူမ်ဟန်သည် ၂၀၂၂ ခုနှစ်ဇန်နဝါရီလ(၁၀)ရက်နေ့က ဇာတိချက်ကြွေမွေးရပ်မြေ မတ်ချီနုတ်ရွာမှ မိုင်းကိုင်မြို့ သို့ ဇနီးနှင့် ၇လအရွယ်သမီးငယ်နှင့်အတူ သွားရောက်စဉ် ပျောက်ဆုံးသွားပြီးနောက် သေနတ်ဒဏ်ရာများနှင့် လူသားမဆန်စွာ သတ်ဖြတ်ခြင်းခံထားရသည့် ၄င်းတို့၏ ရုပ်အလောင်း(၃)လောင်းကို မတ်လ (၁၀)ရက်နေ့တွင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု၊ ပန်ပွဲရွာအနီးတွင် ရွာသားများက သက်သေများနှင့်တကွ ရှာဖွေတွေ့ရှိခဲ့ကြသည့် ဖြစ်စဉ်နှင့်ပတ်သတ်ပြီး အရပ်ဘက်အဖွဲ့အစည်းများက ကြေညာချက်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCCက မိုင်းနုမ်ဟန်သည် လူငယ်ပီပီ ပါတီနိုင်ငံရေးတွင် တစိုက်မတ်မတ်ပါဝင်ပြီး ဖက်ဒရယ်ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတန်းတူရေးဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးလုပ်ငန်းများ တက်ကြွ စွာပူးပေါင်းဆောင်ရွက်နေသူ… လူငယ်ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အပြင် ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူရေးကိုလိုလားသည့် လူငယ်တစ်ဦးဖြစ်သည်ဟု ပြောဆိုသည်။

Zaw Gyi

မိုင္းကိုင္ၿမိဳ႕နယ္ တအာင္း(ပေလာင္)အမ်ိဳးသားပါတီဥကၠ႒ မိုင္းႏုမ္ဟန္တို႔မိသားစု ရက္စက္စြာအသတ္ခံရမႈ က်ဴးလြန္သူမ်ားကို အေရးယူဖို႔ အရပ္ဘက္အဖြဲ႕အစည္းမ်ားေတာင္းဆို

မိုင္းႏုမ္ဟန္တို႔မိသားစုေသဆုံးသြားမႈႏွင့္ပတ္သတ္ၿပီး ျပစ္ဒဏ္မွကင္းလြတ္ခြင့္ ရေနသည့္ က်ဴးလြန္သူမ်ား၏လုပ္ရပ္အား ရႈတ္ခ်ေၾကာင္း တအာင္းအမ်ိဳးသမီးအဖြဲ႕အစည္းက မတ္လ၁၃ရက္တြင္ ေၾကညာခ်က္ထုတ္သည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုင္းကိုင္ၿမိဳ႕နယ္ တအာင္း(ပေလာင္)အမ်ိဳးသားပါတီဥကၠဌမိုင္းႏူမ္ဟန္သည္ ၂၀၂၂ ခုႏွစ္ဇန္နဝါရီလ(၁၀)ရက္ေန႔က ဇာတိခ်က္ေႂကြေမြးရပ္ေျမ မတ္ခ်ီႏုတ္႐ြာမွ မိုင္းကိုင္ၿမိဳ႕ သို႔ ဇနီးႏွင့္ ၇လအ႐ြယ္သမီးငယ္ႏွင့္အတူ သြားေရာက္စဥ္ ေပ်ာက္ဆုံးသြားၿပီးေနာက္ ေသနတ္ဒဏ္ရာမ်ားႏွင့္ လူသားမဆန္စြာ သတ္ျဖတ္ျခင္းခံထားရသည့္ ၄င္းတို႔၏ ႐ုပ္အေလာင္း(၃)ေလာင္းကို မတ္လ (၁၀)ရက္ေန႔တြင္ မိုင္းကိုင္ၿမိဳ႕နယ္ တုံေလာေက်း႐ြာအုပ္စု၊ ပန္ပြဲ႐ြာအနီးတြင္ ႐ြာသားမ်ားက သက္ေသမ်ားႏွင့္တကြ ရွာေဖြေတြ႕ရွိခဲ့ၾကသည့္ ျဖစ္စဥ္ႏွင့္ပတ္သတ္ၿပီး အရပ္ဘက္အဖြဲ႕အစည္းမ်ားက ေၾကညာခ်က္ထုတ္ခဲ့ၾကျခင္းျဖစ္သည္။

တအာင္းႏိုင္ငံေရးအတိုင္ပင္ခံေကာ္မတီ-TPCCက မိုင္းႏုမ္ဟန္သည္ လူငယ္ပီပီ ပါတီႏိုင္ငံေရးတြင္ တစိုက္မတ္မတ္ပါဝင္ၿပီး ဖက္ဒရယ္ဒီမိုကေရစီေရး၊ ၿငိမ္းခ်မ္းေရး၊ တိုင္းရင္းသားတန္းတူေရးေဒသဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ပညာေရးလုပ္ငန္းမ်ား တက္ႂကြ စြာပူးေပါင္းေဆာင္႐ြက္ေနသူ… လူငယ္ေခါင္းေဆာင္တစ္ဦး ျဖစ္သည့္အျပင္ ခြဲျခားဆက္ဆံမႈမရွိဘဲ တန္းတူေရးကိုလိုလားသည့္ လူငယ္တစ္ဦးျဖစ္သည္ဟု ေျပာဆိုသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here