ပုသိမ်ကြီးမြို့နယ်နေ အမျိုးသားတစ်ဦး ဆိုင်ကယ်စီးလာစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

0
161

ပုသိမ်ကြီးမြို့နယ်နေ အမျိုးသားတစ်ဦး ဆိုင်ကယ်စီးလာစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊မန္တလေးမြို့သစ်၊ဇီးအုပ်ကွက်သစ်နေ ဆိုင်ကယ်စီးလာသည့် အမျိုး သားတစ်ဦးအား အမည်မသိအမျိုးသားများက မတ် ၁၄ ရက်(ယနေ့)နံနက်ပိုင်းတွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ကြသည်ဟု မြို့သစ်နေသူများထံမှသိရသည်။

ဇီးအုပ်ကွက်သစ်နေ ကိုမွတ်တားသည် ဆိုင်ကယ်ဖြင့်နေအိမ်သို့ပြန်လာစဥ် နံနက် ၈ နာရီခွဲခန့်၌ အ မည်မသိအမျိုးသားများက အခင်းဖြစ်နေရာအရောက်သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် ကိုမွတ်တား သည်ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည့် ကိုမွတ်တားသည်လုံခြုံရေးအဖွဲ့ဝင်များနှင့်ရင်းနှီးသည့် ဆက်ဆံရေးရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။

“ကျည်ထိမှန်ဒဏ်ရာ ၅ ချက်လောက်ရပြီး သေသွားတာပါ လက်တလောကတော့ ရင်ခွဲရုံပို့ထားတယ် စစ်ဆေးမှုတွေလည်းလုပ်နေပါတယ်”ဟုလုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အခင်းဖြစ်နေရာအနီးပတ်ဝန်းကျင်နှင့်လမ်းမများ ၊ဖြတ်သန်းသွားလာနေသူများအား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Zaw Gyi

ပုသိမ္ႀကီးၿမိဳ႕နယ္ေန အမ်ိဳးသားတစ္ဦး ဆိုင္ကယ္စီးလာစဥ္ ေသနတ္ျဖင့္ပစ္သတ္ခံရ

မႏၲေလးၿမိဳ႕၊ပုသိမ္ႀကီးၿမိဳ႕နယ္၊မႏၲေလးၿမိဳ႕သစ္၊ဇီးအုပ္ကြက္သစ္ေန ဆိုင္ကယ္စီးလာသည့္ အမ်ိဳး သားတစ္ဦးအား အမည္မသိအမ်ိဳးသားမ်ားက မတ္ ၁၄ ရက္(ယေန႔)နံနက္ပိုင္းတြင္ ေသနတ္ျဖင့္ပစ္သတ္ခဲ့ၾကသည္ဟု ၿမိဳ႕သစ္ေနသူမ်ားထံမွသိရသည္။

ဇီးအုပ္ကြက္သစ္ေန ကိုမြတ္တားသည္ ဆိုင္ကယ္ျဖင့္ေနအိမ္သို႔ျပန္လာစဥ္ နံနက္ ၈ နာရီခြဲခန္႔၌ အ မည္မသိအမ်ိဳးသားမ်ားက အခင္းျဖစ္ေနရာအေရာက္ေသနတ္ျဖင့္ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပစ္ခတ္ခံရမႈေၾကာင့္ ကိုမြတ္တား သည္က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ေသနတ္ျဖင့္ပစ္ခတ္ခံခဲ့ရသည့္ ကိုမြတ္တားသည္လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္ရင္းႏွီးသည့္ ဆက္ဆံေရးရွိသူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

“က်ည္ထိမွန္ဒဏ္ရာ ၅ ခ်က္ေလာက္ရၿပီး ေသသြားတာပါ လက္တေလာကေတာ့ ရင္ခြဲ႐ုံပို႔ထားတယ္ စစ္ေဆးမႈေတြလည္းလုပ္ေနပါတယ္”ဟုလုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

အခင္းျဖစ္ေနရာအနီးပတ္ဝန္းက်င္ႏွင့္လမ္းမမ်ား ၊ျဖတ္သန္းသြားလာေနသူမ်ားအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here