၁၆ ရက်နေ့မှာလာရောက်ဆေးဝါးကုသခံကြမယ့်ဝေဒနာရှင်များအတွက်အစားသောက်စတုဒိ သာများကျွေးမွေးသွားမည်ဆိုတဲ့ ထူးခန့်ကျော်

0
271

၁၆ ရက်နေ့မှာလာရောက်ဆေးဝါးကုသခံကြမယ့်ဝေဒနာရှင်များအတွက်အစားသောက်စတုဒိ သာများကျွေးမွေးသွားမည်ဆိုတဲ့ ထူးခန့်ကျော်

မတ်လ ၁၆ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ လာရောက်ဆေးဝါးကုသမှုခံယူကြမယ့် ကုသခံဝေဒနာရှင်များအတွက် နေ့လည်စာအစာအာဟာရစတုဒိသာကို အလှူရှင်ဦးအောင်အောင်+ဒေါ်မြမြဝင်းသမီးမဆုလဲ့နန္ဒာ-မဆုလဲ့ဝင်းနွယ်မိသားစုတို့မှလူအယောက်၂၅၀ စာ ကျွေးမွေး
ဧည့်ခံသွားမှာဖြစ်တယ်လို့ထူးခန့်ကျော်ကပြောပါတယ်။

အခုလိုနဲ့ပတ်သက်ပြီး ထူးခန့်ကျော် က
” ကျင် ကိုက်ခဲ လေဖြတ် လေငန်း လေဖြန်း ကျီးပေါင်း ဒူးနာ ခါးနာစသည့်အခြားခြားသောရောဂါဝေဒနာများတို့အား ၃လပိုင်း ၁၆ ရက်ဗုဒ္ဓဟူးနေ့ တပေါင်းလပြည့်နေ့မှာ အထူးအနေနဲ့ ဘိုကင်တင်စရာမလိုပဲလူနာအယောက်၁၅၀ကုသပေးမည်ဖြစ်ပါသည် ။

၁၆ရက်နေ့တရက်မှာ လာရောက်ကုသခံဝေဒနာရှင်များအား အလှူရှင်ဦးအောင်အောင်+ဒေါ်မြမြဝင်းသမီးမဆုလဲ့နန္ဒာ-မဆုလဲ့ဝင်းနွယ်မိသားစုတို့မှ လူအယောက်၂၅၀စာအတွက်
နေ့လည်စာထမင်းဟင်းလျာစတုဒိသာများဖြင့် တည့်ခင်းဧည့်ခံသွားမှာဖြစ်ပါတယ်။

သမီးမြတို့မိသားစုရဲ့အလှူအားပါရမီဖြည့်ပေးရင်း လူနာအယောက်၁၅၀အားကုသိုလ်ယူတဲ့အနေနဲ့တပေါင်းလပြည့်နေ့ဗုဒ္ဓဟူးနေ့( ၁၆ )ရက်တစ်ရက်ထဲသာကုသပေးမည်ဖြစ်သလို ၂၁ရက်၃လပိုင်းတနင်္လာနေ့မှာလည်းဘိုကင်အတိုင်းကုသပေးသွားမှာဖြစ်ပါတယ် ” လို့ပြောပါတယ် ။

ဆေးကုသလို့ရတဲ့လိပ်စာကတော့ မြောက်ဒဂုံ ၃၂ရပ်ကွက် ရွှေပြည်သာလမ်း အိမ်အမှတ် ၄၅၁ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here