ထိခိုက်သွားသည့် လေးကော့ကော်မြို့သစ်အား ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန် စီစဉ်

0
163

(Unicode)

ထိခိုက်သွားသည့် လေးကော့ကော်မြို့သစ်အား ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန် စီစဉ်

ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးထားသော ငြိမ်းချမ်းရေးလက်ဆောင်တစ်ခုဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ငြိမ်းချမ်းရေးမြို့တော်လေးကော့ကော်မြို့သစ်ကို ပြန်လည်ထူထောင်ရေးလုပ်ဆောင်ဖို့ တာဝန်ရှိသူများစီစဉ်ဆောင်ရွက်လျှက်ရှိနေသည်ဟု သိရသည်။

ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန် နီပွန်ဖောင်ဒေးရှင်းဥက္ကဌမစ္စတာဆာဆာကာဝါနှင့်ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ မတ်လ ၁၀ ရက်က ချင်းမိုင်မြို့တွင်ပြုလုပ်သည့် တွေ့ဆုံမှုတွင် ထည့်သွင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

PPST အဖွဲ့တာ၀န်ရှိသူတစ်ဦးက “ငြိမ်းချမ်းရေးမြို့က တိုက်ပွဲတွေကြောင့် ပျက်ဆီးမှုတွေရှိနေတယ်။ဒါတွေကပြန်လည်လုပ်ဆောင်ရမှာ”ဟုပြောသည်။

လေးကော့ကော်တွင်လည်း လက်ရှိအချိန်အထိ တိုက်ပွဲများကရှိနေဆဲဖြစ်သည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here