အာရှလမ်းမကြီးရှိ မိုင်းဖောက်ခွဲခံရမှုကြောင့် ပျက်စီးသွားသည့် တံတားအားပြုပြင်မှုများပြု လုပ် ကားများဖြတ်သန်းခွင့်ယာယီရပ်ထား

0
296

အာရှလမ်းမကြီးရှိ မိုင်းဖောက်ခွဲခံရမှုကြောင့် ပျက်စီးသွားသည့် တံတားအားပြုပြင်မှုများပြု လုပ် ကားများဖြတ်သန်းခွင့်ယာယီရပ်ထား

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်ရှိ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် တောနော်ချောင်းကူးတံတားအားပြန်လည်ပြုပြင်မှုများပြုလုပ်နေသဖြင့် ကားများအားဖြတ်သန်းခွင့်ယာ ယီပိတ်ထားကြောင်း သိရသည်။

အဆိုပါ တောနော်ချောင်းကူးတံတားသည် အာရှလမ်းမကြီး၏ ၁၃၅ ကီလိမီတာနှင့် ၁၃၆ ကီလို မီတာကြားရှိ တောနော်ရေတံခွန်အနီးတွင်တည်ရှိပြီး မတ် ၁၁ ရက်က မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကာ တံတား၏အောက်ခြေတိုင် ၂ တိုင်ပျက်စီးသွားကြောင်း သိရသည်။

“အာရှလမ်းရဲ့ KNU မွေးမြူရေးဇုံနားမှာရှိတဲ့ တံ တားပါ ပြုပြင်မှုလုပ်နေလို့ ကုန်ကားတွေကိုဖြတ် သန်းခွင့်ခနပိတ်ထားတယ်ပြောပေမယ့် တခြားကားတွေလည်းလက်ရှိအချိန်အထိတော့ ဖြတ်လို့မရသေးဘူး တံတားပြင်ဖို့လိုအပ်တဲ့ပစ္စည်းတွေချနေတာကြောင့် မဖြတ်ခိုင်းသေးတာဖြစ်ပါလိမ့်မယ်”ဟုခရီးသည်တင်ကားမောင်းသူ ကိုဝင်းနိုင်ကပြောသည်။

မိုင်းခွဲခံခဲ့ရသည့် တောနော်ချောင်းကူးတံတားအား ပြန်လည်ပြုပြင်နေသဖြင့် ကုန်တင်ကားများဖြတ်သန်းခွင့်ကို ၃ ရက်ယာယီပိတ်ထားကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

“အရင်ဆုံးပြုပြင်တာတွေလုပ်မှာဖြစ်တဲ့အတွက် ကုန်တင်ကားတွေဖြတ်သန်းခွင့်ကို ၃ ရက်ယာယီပိတ်တာပါ ရက်ပိုင်းလောက်ပါပဲ ပြီးရင်ပြန်လည်ဖြတ်သန်းခွင့်ပြုသွားမှာပါ ကိုယ်ပိုင်ကားတွေနဲ့ ခရီးသည်တင်ကားသေးလေးတွေတော့ပြုပြင်နေပေမယ့်လည်း ဖြတ်သန်းခွင့်ပြုထားပါတယ်”ဟုလုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် တံတားအားပြန်လည်ပြုပြင်ရန်လိုအပ်သည့် ပစ္စည်းများနှင့်စက်ကိရိယာများရောက်ရှိနေပြီဖြစ်ကာ ပြုပြင်မှုများအားအမြန်ဆုံးလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အာရှလမ်းမကြီးအား မတ် ၁၂ ရက်နံနက်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ယာဥ်များဖြတ် သန်းခွင့်ယာယီရပ်ဆိုင်းခဲ့ရာမှ မတ် ၁၃ ရက်နံနက် ၁၀ နာရီကျော်ခန့်တွင် ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့သည်။

Zaw Gyi

အာရွလမ္းမႀကီးရွိ မိုင္းေဖာက္ခြဲခံရမႈေၾကာင့္ ပ်က္စီးသြားသည့္ တံတားအားျပဳျပင္မႈမ်ားျပဳ လုပ္ ကားမ်ားျဖတ္သန္းခြင့္ယာယီရပ္ထား

 

ကရင္ျပည္နယ္ရွိ ျမဝတီ-ေကာ့ကရိတ္သြား အာရွလမ္းမႀကီးေပၚရွိ မိုင္းခြဲဖ်က္ဆီးခံခဲ့ရသည့္ ေတာေနာ္ေခ်ာင္းကူးတံတားအားျပန္လည္ျပဳျပင္မႈမ်ားျပဳလုပ္ေနသျဖင့္ ကားမ်ားအားျဖတ္သန္းခြင့္ယာ ယီပိတ္ထားေၾကာင္း သိရသည္။

အဆိုပါ ေတာေနာ္ေခ်ာင္းကူးတံတားသည္ အာရွလမ္းမႀကီး၏ ၁၃၅ ကီလိမီတာႏွင့္ ၁၃၆ ကီလို မီတာၾကားရွိ ေတာေနာ္ေရတံခြန္အနီးတြင္တည္ရွိၿပီး မတ္ ၁၁ ရက္က မိုင္းခြဲဖ်က္ဆီးခံခဲ့ရျခင္းျဖစ္ကာ တံတား၏ေအာက္ေျခတိုင္ ၂ တိုင္ပ်က္စီးသြားေၾကာင္း သိရသည္။

“အာရွလမ္းရဲ႕ KNU ေမြးျမဴေရးဇုံနားမွာရွိတဲ့ တံ တားပါ ျပဳျပင္မႈလုပ္ေနလို႔ ကုန္ကားေတြကိုျဖတ္ သန္းခြင့္ခနပိတ္ထားတယ္ေျပာေပမယ့္ တျခားကားေတြလည္းလက္ရွိအခ်ိန္အထိေတာ့ ျဖတ္လို႔မရေသးဘူး တံတားျပင္ဖို႔လိုအပ္တဲ့ပစၥည္းေတြခ်ေနတာေၾကာင့္ မျဖတ္ခိုင္းေသးတာျဖစ္ပါလိမ့္မယ္”ဟုခရီးသည္တင္ကားေမာင္းသူ ကိုဝင္းႏိုင္ကေျပာသည္။

မိုင္းခြဲခံခဲ့ရသည့္ ေတာေနာ္ေခ်ာင္းကူးတံတားအား ျပန္လည္ျပဳျပင္ေနသျဖင့္ ကုန္တင္ကားမ်ားျဖတ္သန္းခြင့္ကို ၃ ရက္ယာယီပိတ္ထားေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

“အရင္ဆုံးျပဳျပင္တာေတြလုပ္မွာျဖစ္တဲ့အတြက္ ကုန္တင္ကားေတြျဖတ္သန္းခြင့္ကို ၃ ရက္ယာယီပိတ္တာပါ ရက္ပိုင္းေလာက္ပါပဲ ၿပီးရင္ျပန္လည္ျဖတ္သန္းခြင့္ျပဳသြားမွာပါ ကိုယ္ပိုင္ကားေတြနဲ႔ ခရီးသည္တင္ကားေသးေလးေတြေတာ့ျပဳျပင္ေနေပမယ့္လည္း ျဖတ္သန္းခြင့္ျပဳထားပါတယ္”ဟုလုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

လက္ရွိအခ်ိန္တြင္ တံတားအားျပန္လည္ျပဳျပင္ရန္လိုအပ္သည့္ ပစၥည္းမ်ားႏွင့္စက္ကိရိယာမ်ားေရာက္ရွိေနၿပီျဖစ္ကာ ျပဳျပင္မႈမ်ားအားအျမန္ဆုံးလုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

အာရွလမ္းမႀကီးအား မတ္ ၁၂ ရက္နံနက္ပိုင္းကလည္း တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ယာဥ္မ်ားျဖတ္ သန္းခြင့္ယာယီရပ္ဆိုင္းခဲ့ရာမွ မတ္ ၁၃ ရက္နံနက္ ၁၀ နာရီေက်ာ္ခန္႔တြင္ ျပန္လည္ျဖတ္သန္းခြင့္ျပဳခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here