မန္တလေးတွင် ပေါက်ကွဲမှုများ ဆက်တိုက်ရှိလာကာ၊မတ်လ၁၄ရက်တစ်ရက်ထဲမှာပင် ပေါက်ကွဲမှုလေးကြိမ်ဖြစ်ပွားပြီး အမျိုးသားနှစ်ဦးသေဆုံး

0
186

(Unicode)

မန္တလေးတွင် ပေါက်ကွဲမှုများ ဆက်တိုက်ရှိလာကာ၊မတ်လ၁၄ရက်တစ်ရက်ထဲမှာပင် ပေါက်ကွဲမှုလေးကြိမ်ဖြစ်ပွားပြီး အမျိုးသားနှစ်ဦးသေဆုံး

မန္တလေးမြို့ရှိ မြို့နယ်သုံးခုတွင် မတ်လ၁၄ရက် က တစ်ရက်တည်းပေါက်ကွဲမှုလေးကြိမ်ဖြစ်ပွားခဲ့ပြီး ချမ်းမြသာစည်မြို့နယ်၊၇၈လမ်း(စက်ဘီးဆိုင်ကယ်လမ်း)၊ပိတောက်လမ်းနှင့်သိပ္ပံလမ်းကြား ပေါက်ကွဲမှု၌ အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။

“မန္တလေးမှာ မတ်လ၁၄ရက်က ပေါက်ကွဲတာ တော်တော်များတယ်။ညနေပိုင်းက ရန်မန်းလမ်းဟောင်း(စက်ဘီးဆိုင်ကယ်လမ်း)နဲ့သိပ္ပံလမ်းနားလေယာဉ်ကွင်းဟောင်း၊ဆင်ဖြူကန်ကွင်းနားမှာဖြစ်တဲ့ ပေါက်ကွဲမှုက လူနှစ်ယောက် သေသွားတယ်”ဟုမန္တလေးမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါပေါက်ကွဲမှုများတွင် မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ချမ်းတောင်ရပ်ကွက်၊၇၈လမ်း(ရန်မန်းလမ်းဟောင်း)၊ပိတောက်လမ်းနှင့်သိပ္ပံလမ်းကြား စက်ဘီးဆိုင်ကယ်လမ်းပေါ်တွင် မတ်လ၁၄ရက်ညနေ၆နာရီခန့်က ဆိုင်ကယ်အတွင်း သယ်ဆောင်လာသော ဗုံးပေါက်ကွဲ၍ ၎င်းတို့ စီးနှင်းလာသော ဆိုင်ကယ် မီးလောင်ပျက်စီးပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည့်ဖြစ်စဉ်ဖြစ်ပွါးခဲ့မှုသည် အဆိုးရွားဆုံးဖြစ်ခဲ့သည်။
“အသံလည်းတော်တော်ကျယ်တယ်။အုံးဆိုပြီး။အလောင်းတွေလည်း အတော်လေး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာတွေ့ရတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။
မတ်လ၁၄ရက်မှာပင် မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊၆၂ လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ ရှာဖွေ စစ်ဆေးရေးဆောင်ရွက်နေသည့်အဖွဲ့ လက်လုပ်ဗုံးဖြင့် ပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ရဲနှင့်စစ်သားအချို့ထိခိုက်ဒဏ်ရာ ရရှိမှုဖြစ်စဉ် ဖြစ်ပွါးခဲ့သည့်အပြင် မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆လမ်း၊ ၆၉x၇၀ ကြားရှိ စည်ပင်ဝန်ထမ်းအိမ်ရာတွင် လည်း မတ်လ၁၄ရက် ည၈နာရီ၁၅မိနစ်က လက်လုပ်အသံဗုံးဖြင့် ပစ်ပေါက်ခံခဲ့ရပြီး ပေါက်ကွဲမှုဖြစ်ပွါးခဲ့သည်။

စည်ပင်ဝန်းဖြစ်စဉ်တွင် လူနှင့်ပစ္စည်း ထိခိုက်ဒဏ်ရာ ရရှိမှုနှင့်ပျက်စီးဆုံးရှုံးမှု မရှိခဲ့ဟုသိရသည်။

အလားတူ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအနောက်ရပ်ကွက်၊ ၈၀x ၁၂ လမ်းထောင့်တွင်လည်း မတ်လ၁၄ရက်နေ့ညနေ၇နာရီ ၁၀မိနစ်က လက်လုပ်အသံမိုင်းဖြင့် ပစ်ပေါက်ခံခဲ့ရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ လူနှင့်ပစ္စည်း ထိခိုက်ဒဏ်ရာ ရရှိမှုနှင့်ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်းတို့ကို လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

(Zawgyi)

မႏၲေလးတြင္ ေပါက္ကြဲမႈမ်ား ဆက္တိုက္ရွိလာကာ၊မတ္လ၁၄ရက္တစ္ရက္ထဲမွာပင္ ေပါက္ကြဲမႈေလးႀကိမ္ျဖစ္ပြားၿပီး အမ်ိဳးသားႏွစ္ဦးေသဆုံး

မႏၲေလးၿမိဳ႕ရွိ ၿမိဳ႕နယ္သုံးခုတြင္ မတ္လ၁၄ရက္ က တစ္ရက္တည္းေပါက္ကြဲမႈေလးႀကိမ္ျဖစ္ပြားခဲ့ၿပီး ခ်မ္းျမသာစည္ၿမိဳ႕နယ္၊၇၈လမ္း(စက္ဘီးဆိုင္ကယ္လမ္း)၊ပိေတာက္လမ္းႏွင့္သိပၸံလမ္းၾကား ေပါက္ကြဲမႈ၌ အမ်ိဳးသားႏွစ္ဦး ေသဆုံးခဲ့သည္ဟု လုံၿခဳံေရးတပ္ဖြဲ႕အသိုင္းအဝိုင္းမွ သိရသည္။

“မႏၲေလးမွာ မတ္လ၁၄ရက္က ေပါက္ကြဲတာ ေတာ္ေတာ္မ်ားတယ္။ညေနပိုင္းက ရန္မန္းလမ္းေဟာင္း(စက္ဘီးဆိုင္ကယ္လမ္း)နဲ႔သိပၸံလမ္းနားေလယာဥ္ကြင္းေဟာင္း၊ဆင္ျဖဴကန္ကြင္းနားမွာျဖစ္တဲ့ ေပါက္ကြဲမႈက လူႏွစ္ေယာက္ ေသသြားတယ္”ဟုမႏၲေလးၿမိဳ႕ခံတစ္ဦးက ေျပာသည္။

အဆိုပါေပါက္ကြဲမႈမ်ားတြင္ မႏၲေလးၿမိဳ႕၊ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ခ်မ္းေတာင္ရပ္ကြက္၊၇၈လမ္း(ရန္မန္းလမ္းေဟာင္း)၊ပိေတာက္လမ္းႏွင့္သိပၸံလမ္းၾကား စက္ဘီးဆိုင္ကယ္လမ္းေပၚတြင္ မတ္လ၁၄ရက္ညေန၆နာရီခန္႔က ဆိုင္ကယ္အတြင္း သယ္ေဆာင္လာေသာ ဗုံးေပါက္ကြဲ၍ ၎တို႔ စီးႏွင္းလာေသာ ဆိုင္ကယ္ မီးေလာင္ပ်က္စီးၿပီး ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးခဲ့သည့္ျဖစ္စဥ္ျဖစ္ပြါးခဲ့မႈသည္ အဆိုး႐ြားဆုံးျဖစ္ခဲ့သည္။
“အသံလည္းေတာ္ေတာ္က်ယ္တယ္။အုံးဆိုၿပီး။အေလာင္းေတြလည္း အေတာ္ေလး ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္သြားတာေတြ႕ရတယ္”ဟု ၿမိဳ႕ခံတစ္ဦးကေျပာသည္။
မတ္လ၁၄ရက္မွာပင္ မႏၲေလးၿမိဳ႕၊ခ်မ္းျမသာစည္ၿမိဳ႕နယ္၊၆၂ လမ္းႏွင့္ သိပၸံလမ္းေထာင့္ရွိ ရွာေဖြ စစ္ေဆးေရးေဆာင္႐ြက္ေနသည့္အဖြဲ႕ လက္လုပ္ဗုံးျဖင့္ ပစ္ခံရၿပီး ေပါက္ကြဲမႈျဖစ္ပြားခဲ့ကာ ရဲႏွင့္စစ္သားအခ်ိဳ႕ထိခိုက္ဒဏ္ရာ ရရွိမႈျဖစ္စဥ္ ျဖစ္ပြါးခဲ့သည့္အျပင္ မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာႏြယ္စဥ္ရပ္ကြက္၊ ၃၆လမ္း၊ ၆၉x၇၀ ၾကားရွိ စည္ပင္ဝန္ထမ္းအိမ္ရာတြင္ လည္း မတ္လ၁၄ရက္ ည၈နာရီ၁၅မိနစ္က လက္လုပ္အသံဗုံးျဖင့္ ပစ္ေပါက္ခံခဲ့ရၿပီး ေပါက္ကြဲမႈျဖစ္ပြါးခဲ့သည္။

စည္ပင္ဝန္းျဖစ္စဥ္တြင္ လူႏွင့္ပစၥည္း ထိခိုက္ဒဏ္ရာ ရရွိမႈႏွင့္ပ်က္စီးဆုံးရႈံးမႈ မရွိခဲ့ဟုသိရသည္။

အလားတူ ေအာင္ေျမသာစံၿမိဳ႕နယ္၊ အမရဌာနီအေနာက္ရပ္ကြက္၊ ၈၀x ၁၂ လမ္းေထာင့္တြင္လည္း မတ္လ၁၄ရက္ေန႔ညေန၇နာရီ ၁၀မိနစ္က လက္လုပ္အသံမိုင္းျဖင့္ ပစ္ေပါက္ခံခဲ့ရၿပီး ေပါက္ကြဲမႈျဖစ္ပြားခဲ့ကာ လူႏွင့္ပစၥည္း ထိခိုက္ဒဏ္ရာ ရရွိမႈႏွင့္ပ်က္စီးဆုံးရႈံးမႈ မရွိခဲ့ေၾကာင္းတို႔ကို လုံၿခဳံေရးတပ္ဖြဲ႕အသိုင္းအဝိုင္းမွ စုံစမ္းသိရွိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here