မြစ်ကြီးနားမြို့ရှိ လယ်ကုန်းရပ်ကွက် ရပ်ကျေးရုံးမီးရှို့ဖျက်ဆီးခံရ

0
251

(Unicode)

မြစ်ကြီးနားမြို့ရှိ လယ်ကုန်းရပ်ကွက် ရပ်ကျေးရုံးမီးရှို့ဖျက်ဆီးခံရ

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊လယ်ကုန်းရပ် ကွက်ရှိ ရပ်ကျေးရုံးအား အမည်မသိအဖွဲ့မှ မတ် ၁၅ ရက်(ယနေ့)နံနက်အစောပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

လယ်ကုန်းရပ်ကွက်ရှိ ရပ်ကျေးရုံးအား နံနက် ၅ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကာ လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

“ရပ်ကွက်ရုံးမီးလောင်တယ်ကြားတာနဲ့ဝိုင်းငြိမ်းပေးခဲ့တာ ဆုံးရှုံးမှုကတော့များတယ် စာရွက်စာ တမ်းတွေအကုန်မီးလောင်သွားသလို အဆောက်အဦးလည်းပျက်စီးသွားတယ် ဘေးတွေကိုတော့မီးမကူးခဲ့ပါဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

မီးလောင်မှုကြောင့် ရပ်ကျေးရုံးမှာပျက်စီးဆုံးရှုံးသွားခဲ့ပြီး မီးလောင်မှုဖြစ်စဥ်အား မြစ်ကြီးနားမြို့မီးသတ်တပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်နေသူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

(Zawgyi)

ျမစ္ႀကီးနားၿမိဳ႕ရွိ လယ္ကုန္းရပ္ကြက္ ရပ္ေက်း႐ုံးမီးရႈိ႕ဖ်က္ဆီးခံရ

ကခ်င္ျပည္နယ္၊ျမစ္ႀကီးနားၿမိဳ႕၊လယ္ကုန္းရပ္ ကြက္ရွိ ရပ္ေက်း႐ုံးအား အမည္မသိအဖြဲ႕မွ မတ္ ၁၅ ရက္(ယေန႔)နံနက္အေစာပိုင္းက မီးရႈိ႕ဖ်က္ဆီးခံခဲ့ရေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

လယ္ကုန္းရပ္ကြက္ရွိ ရပ္ေက်း႐ုံးအား နံနက္ ၅ နာရီခန္႔တြင္ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရျခင္းျဖစ္ကာ လူထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေၾကာင္း သိရသည္။

“ရပ္ကြက္႐ုံးမီးေလာင္တယ္ၾကားတာနဲ႔ဝိုင္းၿငိမ္းေပးခဲ့တာ ဆုံးရႈံးမႈကေတာ့မ်ားတယ္ စာ႐ြက္စာ တမ္းေတြအကုန္မီးေလာင္သြားသလို အေဆာက္အဦးလည္းပ်က္စီးသြားတယ္ ေဘးေတြကိုေတာ့မီးမကူးခဲ့ပါဘူး”ဟုေဒသခံတစ္ဦးကေျပာသည္။

မီးေလာင္မႈေၾကာင့္ ရပ္ေက်း႐ုံးမွာပ်က္စီးဆုံးရႈံးသြားခဲ့ၿပီး မီးေလာင္မႈျဖစ္စဥ္အား ျမစ္ႀကီးနားၿမိဳ႕မီးသတ္တပ္ဖြဲ႕စခန္းမွတပ္ဖြဲ႕ဝင္မ်ားႏွင့္ရပ္ကြက္ေနသူမ်ားက ဝိုင္းဝန္းၿငိမ္းသတ္ခဲ့ၾကေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here