မန္တလေး ချမ်းမြသာစည်မြို့နယ်ရှိ မြဘုံသာဓမ္မာရုံမီးလောင်မှုဖြစ်

0
165

(Unicode)

မန္တလေး ချမ်းမြသာစည်မြို့နယ်ရှိ မြဘုံသာဓမ္မာရုံမီးလောင်မှုဖြစ်

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ၁၁၆ လမ်း၊ ၅၄ လမ်းနှင့် ၅၅ လမ်းကြား၌ မတ် ၁၅ ရက်(ယ နေ့)နံနက် ၆ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

အဆိုပါ လမ်းကြားရှိ မြဘုံသာဓမ္မာရုံ၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ မန္တလေးခရိုင်မီးသတ်စ ခန်း၊ချမ်းမြသာစည်မြို့နယ်မီးသတ်စခန်း၊အရန်မီးသတ်စခန်းများမှတပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်ပတ်ဝန်းကျင်နေသူများက ဝိုင်း ဝန်းငြိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြိမ်းသတ်မှုကြောင့် နံနက် ၆ နာရီ ၅၄ မိနစ် ၌ မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုအား မိနစ် ၂၀ ကျော်ကြာငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

“ပျက်စီးမှုတွေကတော့ရှိတယ် မီးစလောင်ရတဲ့အကြောင်းရင်းကို အခုစစ်ဆေးနေပါတယ် ပတ် ဝန်းကျင်ကိုကူးစက်မှုမရှိအောင် ကြိုးစားပြီးငြိမ်းသတ်နိုင်ခဲ့ပါတယ်”မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here