ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုအောင်ကု‌ဋေစိုး ထောင်ဒဏ် ၈နှစ်၃လထပ်မံချမှတ်ခံရ

0
206

(Unicode)

ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုအောင်ကု‌ဋေစိုး ထောင်ဒဏ် ၈နှစ်၃လထပ်မံချမှတ်ခံရ

လက်ပံတန်းမြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ဥက္ကဌဟောင်း ကိုအောင်ကုဋေစိုး အား သာယာဝတီခရိုင်၊သာယာဝတီထောင်တွင်းတရားရုံးက ပုဒ်မ၁၂၄ ဖြင့်ထောင်ဒဏ်(၈နှစ်၃လ) ချမှတ်ခဲ့ကြောင်း မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ-ဗကသများအဖွဲ့ချုပ်မှသိရှိရသည်။

ကိုအောင်ကုဋေစိုးအား ဖမ်းဆီးပြီး ဆယ်လကျော်အကြာ အထက်ပါပုဒ်မနှင့် မတ်လ၁၁ရက်က အမိန့်ချလိုက်ခြင်းဖြစ်ပြီး ၄င်းနှင့်အတူ ဖမ်းဆီးခြင်းခံခဲ့ရသည့်ပြည်သူတစ်ဦးကိုလည်းထိုနေ့မှာပင် ပုဒ်မ၁၂၄ ဖြင့်ထောင်ဒဏ်(၈နှစ်၃လ) ချမှတ်ခဲ့သည်ဟုလည်း သိရှိရသည်။

၂၀၂၁၊မေလ၂၃ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခြင်းခဲ့ရသည့် ဥက္ကဌဟောင်း ကိုအောင်ကု‌ဋေစိုးအား ၂၀၂၁၊ ဒီဇင်ဘာ ၁၆ရက်နေ့ကလည်း သာယာဝတိီထောင်တွင်းတရားရုံးက ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်( ၃နှစ်)ကျခံရန် အမိန့်ချထားပြီးဖြစ်၍ ကိုအောင်ကု‌ဋေစိုးသည် ယခုဆိုလျှင် စုစုပေါင်းထောင်ဒဏ်(၁၁နှစ်၃လ)အထိ ချမှတ်ခံထားရသည်။

(Zawgyi)




၂၀၂၁၊မေလ၂၃ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခြင်းခဲ့ရသည့် ဥက္ကဌဟောင်း ကိုအောင်ကု‌ဋေစိုးအား ၂၀၂၁၊ ဒီဇင်ဘာ ၁၆ရက်နေ့ကလည်း သာယာဝတီထောင်တွင်းတရားရုံးက ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်( ၃နှစ်)ကျခံရန် အမိန့်ချထားပြီးဖြစ်၍ ကိုအောင်ကု‌ဋေစိုးသည် ယခုဆိုလျှင် စုစုပေါင်းထောင်ဒဏ်(၁၁နှစ်၃လ)အထိ ချမှတ်ခံထားရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here