ချင်းပြည်နယ်ရှိ ဇိန်မှုတောင်အား အမျိုးသားဥယျာဉ် သတ်မှတ်ဖွဲ့စည်း

0
212

(Unicode)

ချင်းပြည်နယ်ရှိ ဇိန်မှုတောင်အား အမျိုးသားဥယျာဉ် သတ်မှတ်ဖွဲ့စည်း

ချင်းပြည်နယ် ဟားခါးခရိုင်၊ ထန်တလန် မြို့နယ်နှင့် ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဧရိယာ (၉,၉၈၄.၂၈) ဧကကို ဇီဝမျိုးစုံမျိုးကွဲ များထိန်းသိမ်းကာကွယ်ရန်အတွက် ဇိန်မှုတောင်အမျိုးသားဥယျာဉ်အဖြစ် အမိန့်ကြော်ငြာစာ အမှတ် (၅၂/၂၀၂၂)အရ ၁၃၈၃ ခုနှစ်၊ တပေါင်း လဆန်း ၁၀ ရက် (၂၀၂၂ ခုနှစ်၊ မတ်လ ၁၁ ရက်) မှ စတင် သတ်မှတ်ကြောင်းကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ မေလတွင် ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့် အခွင့်အာဏာများကိုကျင့်သုံး၍ ထိုသို့ကြေညာလိုက်ခြင်းဖြစ်သည်။

အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်လိုက်သော ဇိန်မှုတောင်သည် ကွန်သဲချောင်းမကြီး အဓိကရေဝေရေလဲဧရိယာဖြစ်ခြင်း၊ သဘာဝတော ရိုင်းတိရစ္ဆာန်များနေထိုင်ကျက်စားသည့် ဧရိယာဖြစ်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများတည်ရှိရာဒေသဖြစ် ခြင်း၊ ဘူမိရူပသွင်ပြင်ထူးခြားမှုရှိခြင်း၊ စည်းကမ်းမဲ့တရားမဝင်အမဲလိုက်ခြင်းကို အချိန်မီထိန်းသိမ်း ကာကွယ်ရန်လိုအပ်ခြင်းတို့ကြောင့် ကာကွယ်ထိန်းသိမ်းရန်ရည်ရွယ်၍ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်သည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာနကရှင်းပြသည်။

အဆိုပါအမျိုးသားဥယျာဉ်အတွင်းတွင် ထင်ရှားလှပသည့် နတ်ရေကန်ဟု တင်စားခေါ်ဝေါ်သော လှိုင်သီသီ ရေကန်တည်ရှိခြင်း၊ ချင်းပြည်နယ်၏ အမှတ်အသားသင်္ကေတ အထင်ကရပြယုဂ်ဖြစ် သည့် ထင်းရှူး၊ တောင်ဇလပ်ဖြူ၊ တောင်ဇလပ်အနီ၊ သစ်ခွမျိုးများပေါက်ရောက်ခြင်း၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် တောဆိတ်၊ တောင်ဆိတ်၊ ကျားသစ်နှင့် သင်းခွေချပ်စသည့် တောရိုင်းတိရစ္ဆာန် များကျက်စာနေထိုင်ခြင်း၊ အောက်ချင်းငှက်တို့ သားပေါက်ရာဒေသဖြစ်ခြင်း၊ ထူးခြားသည့် ဘူမိ ရုပ်သွင်များရှိခြင်းတို့ကြောင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ အကောင်အထည် ဖော်ဆောင် ရွက်နိုင်မည့် အခွင့်အလမ်းများစွာရရှိနိုင်မည်ဖြစ်သဖြင့် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ် ကြောင်း ကြေညာခြင်းဖြစ်လည်းဖြစ်သည်ဟု ဝန်ကြီးဌာနဘက်ကပြောဆိုထားသည်။

(Zawgyi)

ခ်င္းျပည္နယ္ရွိ ဇိန္မႈေတာင္အား အမ်ိဳးသားဥယ်ာဥ္ သတ္မွတ္ဖြဲ႕စည္း

ခ်င္းျပည္နယ္ ဟားခါးခ႐ိုင္၊ ထန္တလန္ ၿမိဳ႕နယ္ႏွင့္ ဖလမ္းခ႐ိုင္၊ ဖလမ္းၿမိဳ႕နယ္အတြင္းရွိ ဧရိယာ (၉,၉၈၄.၂၈) ဧကကို ဇီဝမ်ိဳးစုံမ်ိဳးကြဲ မ်ားထိန္းသိမ္းကာကြယ္ရန္အတြက္ ဇိန္မႈေတာင္အမ်ိဳးသားဥယ်ာဥ္အျဖစ္ အမိန႔္ေၾကာ္ျငာစာ အမွတ္ (၅၂/၂၀၂၂)အရ ၁၃၈၃ ခုႏွစ္၊ တေပါင္း လဆန္း ၁၀ ရက္ (၂၀၂၂ ခုႏွစ္၊ မတ္လ ၁၁ ရက္) မွ စတင္ သတ္မွတ္ေၾကာင္းေၾကညာလိုက္သည္။

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အစိုးရ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္း သိမ္းေရးဝန္ႀကီးဌာနသည္ ၂၀၁၈ ခုႏွစ္၊ ေမလတြင္ ထုတ္ျပန္သည့္ ဇီဝမ်ိဳးစုံမ်ိဳးကြဲႏွင့္ သဘာဝ ထိန္းသိမ္းေရးနယ္ေျမမ်ား ကာကြယ္ေစာင့္ေရွာက္ျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၉၊ ပုဒ္မခြဲ (က) အရ အပ္ႏွင္းထားသည့္ အခြင့္အာဏာမ်ားကိုက်င့္သုံး၍ ထိုသို႔ေၾကညာလိုက္ျခင္းျဖစ္သည္။

အမ်ိဳးသားဥယ်ာဥ္အျဖစ္ သတ္မွတ္လိုက္ေသာ ဇိန္မႈေတာင္သည္ ကြန္သဲေခ်ာင္းမႀကီး အဓိကေရေဝေရလဲဧရိယာျဖစ္ျခင္း၊ သဘာဝေတာ ႐ိုင္းတိရစာၦန္မ်ားေနထိုင္က်က္စားသည့္ ဧရိယာျဖစ္ျခင္း၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ားတည္ရွိရာေဒသျဖစ္ ျခင္း၊ ဘူမိ႐ူပသြင္ျပင္ထူးျခားမႈရွိျခင္း၊ စည္းကမ္းမဲ့တရားမဝင္အမဲလိုက္ျခင္းကို အခ်ိန္မီထိန္းသိမ္း ကာကြယ္ရန္လိုအပ္ျခင္းတို႔ေၾကာင့္ ကာကြယ္ထိန္းသိမ္းရန္ရည္႐ြယ္၍ အမ်ိဳးသားဥယ်ာဥ္အျဖစ္ သတ္မွတ္ဖြဲ႕စည္းျခင္းျဖစ္သည္ဟု သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္း သိမ္းေရးဝန္ႀကီးဌာနကရွင္းျပသည္။

အဆိုပါအမ်ိဳးသားဥယ်ာဥ္အတြင္းတြင္ ထင္ရွားလွပသည့္ နတ္ေရကန္ဟု တင္စားေခၚေဝၚေသာ လႈိင္သီသီ ေရကန္တည္ရွိျခင္း၊ ခ်င္းျပည္နယ္၏ အမွတ္အသားသေကၤတ အထင္ကရျပယုဂ္ျဖစ္ သည့္ ထင္းရႉး၊ ေတာင္ဇလပ္ျဖဴ၊ ေတာင္ဇလပ္အနီ၊ သစ္ခြမ်ိဳးမ်ားေပါက္ေရာက္ျခင္း၊ မ်ိဳးသုဥ္းရန္ အႏၲရာယ္ရွိသည့္ ေတာဆိတ္၊ ေတာင္ဆိတ္၊ က်ားသစ္ႏွင့္ သင္းေခြခ်ပ္စသည့္ ေတာ႐ိုင္းတိရစာၦန္ မ်ားက်က္စာေနထိုင္ျခင္း၊ ေအာက္ခ်င္းငွက္တို႔ သားေပါက္ရာေဒသျဖစ္ျခင္း၊ ထူးျခားသည့္ ဘူမိ ႐ုပ္သြင္မ်ားရွိျခင္းတို႔ေၾကာင့္ သဘာဝအေျခခံခရီးသြားလုပ္ငန္းမ်ား အေကာင္အထည္ ေဖာ္ေဆာင္ ႐ြက္ႏိုင္မည့္ အခြင့္အလမ္းမ်ားစြာရရွိႏိုင္မည္ျဖစ္သျဖင့္ အမ်ိဳးသားဥယ်ာဥ္အျဖစ္ သတ္မွတ္ ေၾကာင္း ေၾကညာျခင္းျဖစ္လည္းျဖစ္သည္ဟု ဝန္ႀကီးဌာနဘက္ကေျပာဆိုထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here