ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့်အစည်းအဝေးများသို့ နစက ၏တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်မည်

0
222

(Unicode)

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့်အစည်းအဝေးများသို့ နစက ၏တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်မည်

(၁၉)ကြိမ်မြောက်အာဆီယံတပ်မတော်ကာကွယ် ရေးဦးစီးချုပ်များအစည်းအ ဝေး၊(၁၂)ကြိမ်မြောက်အာဆီယံတပ်မ တော်စစ်ဆင်ရေးမှူးချုပ်များအစည်းအ ဝေးနှင့်(၁၉)ကြိမ်မြောက်အာဆီယံ တပ် မတော်ထောက်လှမ်းရေးမှူးချုပ်များ အ စည်းအဝေးများအား ကမ္ဘောဒီးယားနိုင် ငံ၌ကျင်းပမည်ဖြစ်သည်။

အဆိုပါ အစည်းအဝေးများအား နစက ၏တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်သည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဦးဆောင်တက်ရောက်မည်ဖြစ်ပြီး မတ် ၁၄ ရက်တွင် နေပြည်တော်လေဆိပ်မှ အထူး လေယာဉ်ဖြင့် ကမ္ဘော ဒီးယားနိုင်ငံ၊ဖနောင်ပင်မြို့သို့ ထွက်ခွာခဲ့သည်။

အစည်းအဝေးတက်ရောက်ရန် တပ်မ တော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဒုတိယဗိုလ် ချုပ်ကြီးရဲဝင်းဦးနှင့်အဖွဲ့ဝင်များလည်း ပါဝင်ကြောင်း သိရသည်။

မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား ကမ္ဘော ဒီးယားဘုရင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ်၊သု တေသနနှင့်ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး Lieutenant General. Hann Sovann နှင့်တာ ဝန်ရှိသူများ၊ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံအမတ်ကြီးဦးသစ်လင်းဦး၊မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ်သူရလှမင်းနှင့်တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ညနေပိုင်း၌ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံရုံးသို့သွားရောက်၍ သံရုံးနှင့်စစ်သံရုံးမိသားစုများ၊ သင်တန်းသားများအားတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သံရုံး၊စစ်သံရုံးမိသားစုများ၊သင်တန်းသားများအတွက် နစက ဥက္ကဋ္ဌ ပေးအပ်သည့် စားသောက်ဖွယ်ရာများနှင့်လက်ဆောင်ပ စ္စည်းများအား ပေးအပ်ခဲ့သည်။

(Zawgyi)

ကေမာၻဒီးယားႏိုင္ငံ၌ က်င္းပမည့္အစည္းအေဝးမ်ားသို႔ နစက ၏တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားတက္ေရာက္မည္

(၁၉)ႀကိမ္ေျမာက္အာဆီယံတပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္မ်ားအစည္းအ ေဝး၊(၁၂)ႀကိမ္ေျမာက္အာဆီယံတပ္မ ေတာ္စစ္ဆင္ေရးမႉးခ်ဳပ္မ်ားအစည္းအ ေဝးႏွင့္(၁၉)ႀကိမ္ေျမာက္အာဆီယံ တပ္ မေတာ္ေထာက္လွမ္းေရးမႉးခ်ဳပ္မ်ား အ စည္းအေဝးမ်ားအား ကေမာၻဒီးယားႏိုင္ ငံ၌က်င္းပမည္ျဖစ္သည္။

အဆိုပါ အစည္းအေဝးမ်ားအား နစက ၏တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားျဖစ္သည့္ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ)ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေအး ဦးေဆာင္တက္ေရာက္မည္ျဖစ္ၿပီး မတ္ ၁၄ ရက္တြင္ ေနျပည္ေတာ္ေလဆိပ္မွ အထူး ေလယာဥ္ျဖင့္ ကေမာၻ ဒီးယားႏိုင္ငံ၊ဖေနာင္ပင္ၿမိဳ႕သို႔ ထြက္ခြာခဲ့သည္။

အစည္းအေဝးတက္ေရာက္ရန္ တပ္မ ေတာ္စစ္ဘက္ေရးရာလုံၿခဳံေရးအရာရွိခ်ဳပ္ဒုတိယဗိုလ္ ခ်ဳပ္ႀကီးရဲဝင္းဦးႏွင့္အဖြဲ႕ဝင္မ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕အား ကေမာၻ ဒီးယားဘုရင့္တပ္မေတာ္ ဒုတိယစစ္ဦးစီးခ်ဳပ္၊သု ေတသနႏွင့္ေထာက္လွမ္းေရးဌာန ၫႊန္ၾကားေရးမႉး Lieutenant General. Hann Sovann ႏွင့္တာ ဝန္ရွိသူမ်ား၊ကေမာၻဒီးယားႏိုင္ငံဆိုင္ရာ ျမန္မာ ႏိုင္ငံသံအမတ္ႀကီးဦးသစ္လင္းဦး၊ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ)ဗိုလ္မႉးခ်ဳပ္သူရလွမင္းႏွင့္တာဝန္ရွိသူမ်ားက ႀကိဳဆိုခဲ့ၾကသည္။

ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေအးသည္ ညေနပိုင္း၌ ကေမာၻဒီးယားႏိုင္ငံဆိုင္ရာျမန္မာႏိုင္ငံသံ႐ုံးသို႔သြားေရာက္၍ သံ႐ုံးႏွင့္စစ္သံ႐ုံးမိသားစုမ်ား၊ သင္တန္းသားမ်ားအားေတြ႕ဆုံခဲ့သည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ သံ႐ုံး၊စစ္သံ႐ုံးမိသားစုမ်ား၊သင္တန္းသားမ်ားအတြက္ နစက ဥကၠ႒ ေပးအပ္သည့္ စားေသာက္ဖြယ္ရာမ်ားႏွင့္လက္ေဆာင္ပ စၥည္းမ်ားအား ေပးအပ္ခဲ့သည္။

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here