ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကျောင်းဆရာတစ်ဦးအား ပုဒ်မ ၃ ခုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၇ နှစ်ချမှတ်

0
152

(Unicode)

ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကျောင်းဆရာတစ်ဦးအား ပုဒ်မ ၃ ခုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၇ နှစ်ချမှတ်

 

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ခုတ်ခွားကျေးရွာမှ CDM ပြုလုပ်ထားသည့် ကျောင်း ဆရာတစ်ဦးအား တရား စွဲဆိုထားသည့် ပုဒ်မ ၃ ခုအတွက် အလုပ်နှင့်ထောင်ဒဏ် ၁၇ နှစ်ချမှတ်ခဲ့ကြောင်း ရှေ့နေများနှင့်ကျေးရွာရပ်မိရပ်ဖများထံမှ သိရသည်။

ကျောင်းဆရာတစ်ဦးဖြစ်ကာ ကြာအင်းဆိပ်ကြီးမြို့နေ ကိုဟိန်းထက်အောင်အား ဘားအံတောင်ကလေးအကျဥ်းထောင်တွင်း အထူးတရားရုံးမှ မတ် ၉ ရက်တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆရာက CDM လုပ်ထားတာပါ မူလတန်းပြဆရာတစ်ယောက်ပါ”ဟုခုတ်ခွားကျေးရွာမှရပ်မိရပ်ဖတစ်ဦးကပြော သည်။

ကိုဟိန်းထက်အောင်အား နစက ၏လုံခြုံရေးအဖွဲ့ဝင်များကဖမ်းဆီးပြီးနောက် နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မ-၅၀၅(က)၊အကြမ်းဖက်မှုဥပ ဒေပုဒ်မ-၅၂(က)၊ ၅၀(စျ)တို့ဖြင့် တရားစွဲဆိုစစ် ဆေးကာ အလုပ်နှင့်နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“သိရသလောက်ဆိုရင် ကိုဟိန်းထက်အောင်နဲ့အ တူ ဖမ်းခံရတဲ့ဆရာ၊ဆရာမတွေ ကျောင်းသား၊ကျောင်းသူတွေကိုလည်း နှစ်ရှည်ထောင်ဒဏ်တွေချခဲ့တယ်လို့သိထားတယ်”ဟုရှေ့နေတစ်ဦးကပြောသည်။

(Zawgyi)

ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္မွ ေက်ာင္းဆရာတစ္ဦးအား ပုဒ္မ ၃ ခုျဖင့္ အလုပ္ႏွင့္ေထာင္ဒဏ္ ၁၇ ႏွစ္ခ်မွတ္

ကရင္ျပည္နယ္၊ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ခုတ္ခြားေက်း႐ြာမွ CDM ျပဳလုပ္ထားသည့္ ေက်ာင္း ဆရာတစ္ဦးအား တရား စြဲဆိုထားသည့္ ပုဒ္မ ၃ ခုအတြက္ အလုပ္ႏွင့္ေထာင္ဒဏ္ ၁၇ ႏွစ္ခ်မွတ္ခဲ့ေၾကာင္း ေရွ႕ေနမ်ားႏွင့္ေက်း႐ြာရပ္မိရပ္ဖမ်ားထံမွ သိရသည္။

ေက်ာင္းဆရာတစ္ဦးျဖစ္ကာ ၾကာအင္းဆိပ္ႀကီးၿမိဳ႕ေန ကိုဟိန္းထက္ေအာင္အား ဘားအံေတာင္ကေလးအက်ဥ္းေထာင္တြင္း အထူးတရား႐ုံးမွ မတ္ ၉ ရက္တြင္ အၿပီးသတ္အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဆရာက CDM လုပ္ထားတာပါ မူလတန္းျပဆရာတစ္ေယာက္ပါ”ဟုခုတ္ခြားေက်း႐ြာမွရပ္မိရပ္ဖတစ္ဦးကေျပာ သည္။

ကိုဟိန္းထက္ေအာင္အား နစက ၏လုံၿခဳံေရးအဖြဲ႕ဝင္မ်ားကဖမ္းဆီးၿပီးေနာက္ ႏိုင္ငံေတာ္အၾကည္ ညိဳပ်က္ေစမႈပုဒ္မ-၅၀၅(က)၊အၾကမ္းဖက္မႈဥပ ေဒပုဒ္မ-၅၂(က)၊ ၅၀(စ်)တို႔ျဖင့္ တရားစြဲဆိုစစ္ ေဆးကာ အလုပ္ႏွင့္ႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

“သိရသေလာက္ဆိုရင္ ကိုဟိန္းထက္ေအာင္နဲ႔အ တူ ဖမ္းခံရတဲ့ဆရာ၊ဆရာမေတြ ေက်ာင္းသား၊ေက်ာင္းသူေတြကိုလည္း ႏွစ္ရွည္ေထာင္ဒဏ္ေတြခ်ခဲ့တယ္လို႔သိထားတယ္”ဟုေရွ႕ေနတစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here