စစ်ဘေးရှောင်ပြည်သူများနှင့် ဂျာမနီသံရုံးတို့ တွေ့ဆုံ

0
101

(Unicode)

စစ်ဘေးရှောင်ပြည်သူများနှင့် ဂျာမနီသံရုံးတို့ တွေ့ဆုံ

ဂျာမနီ သံရုံးအကြီးအကဲ Mr. York Schuegraf သည် အကြမ်းဖက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခများကို တွေ့ကြုံခံစားနေရသည့် ဘာသာပေါင်းစုံမှ စစ်ဘေးရှောင်ပြည်သူများ၏ စစ်ဘေးရှောင်စခန်းများသို့ WFP နှင့်အတူ သွားရောက်လေ့လာခဲ့သည်ဟု သံရုံးက ယနေ့တွင် ထုတ်ပြန်သည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်ပြည်သူများ တွေ့ကြုံနေရသည့် အခက်အခဲများအကြောင်းကို ဆွေးနွေးခဲ့ကြောင်းလည်း ဖော်ပြသည်။

“ပြည်သူတွေ ကြုံတွေ့ခံစားနေရတာတွေကို ကျွန်တော်တို့ ခရီးစဉ်အတွင်း နားထောင်ခဲ့ပါတယ်။ သူတို့ရဲ့ အတွေ့အကြုံဖြစ်ရပ်တွေကို ကြားသိရတာဟာ ကျွန်တော်တို့ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်တွေကို ပိုမိုကောင်းမွန်စွာ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် အလွန်ပဲ အရေးကြီးပါတယ်။ ဒါနဲ့စပ်လျဉ်းပြီး တစ်နိုင်ငံလုံးက မြန်မာပြည်သူတွေအတွက် လိုအပ်တဲ့ထောက်ပံ့မှုတွေ ပေးနေတဲ့ WFP ရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ အလေးအနက် အသိအမှတ်ပြုပါတယ်။” ဟု Mr. Schuegraf က ပြောသည်။

ဂျာမနီသည် WFP မြန်မာအတွက် ယူရို ၅ သန်းကို ယမန်နှစ်က ထည့်ဝင်ပံ့ပိုးပေးခဲ့ပြီး ယုံကြည်စိတ်ချရသည့် ဤမိတ်ဖက်အဖွဲ့အတွက် အနာဂါတ်တွင်လည်း ဆက်လက်ပံ့ပိုးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံးက ပြောဆိုသည်။

(Zawgyi)

စစ္ေဘးေရွာင္ျပည္သူမ်ားႏွင့္ ဂ်ာမနီသံ႐ုံးတို႔ ေတြ႕ဆုံ

ဂ်ာမနီ သံ႐ုံးအႀကီးအကဲ Mr. York Schuegraf သည္ အၾကမ္းဖက္မွုႏွင့္ လက္နက္ကိုင္ပဋိပကၡမ်ားကို ေတြ႕ၾကဳံခံစားေနရသည့္ ဘာသာေပါင္းစုံမွ စစ္ေဘးေရွာင္ျပည္သူမ်ား၏ စစ္ေဘးေရွာင္စခန္းမ်ားသို႔ WFP ႏွင့္အတူ သြားေရာက္ေလ့လာခဲ့သည္ဟု သံ႐ုံးက ယေန႔တြင္ ထုတ္ျပန္သည္။

ထိုသို႔ ေတြ႕ဆုံရာတြင္ ျမန္မာနိုင္ငံရွိ စစ္ေဘးေရွာင္ျပည္သူမ်ား ေတြ႕ၾကဳံေနရသည့္ အခက္အခဲမ်ားအေၾကာင္းကို ေဆြးေႏြးခဲ့ေၾကာင္းလည္း ေဖာ္ျပသည္။

“ျပည္သူေတြ ၾကဳံေတြ႕ခံစားေနရတာေတြကို ကၽြန္ေတာ္တို႔ ခရီးစဥ္အတြင္း နားေထာင္ခဲ့ပါတယ္။ သူတို႔ရဲ့ အေတြ႕အၾကဳံျဖစ္ရပ္ေတြကို ၾကားသိရတာဟာ ကၽြန္ေတာ္တို႔ရဲ့ လူသားခ်င္းစာနာေထာက္ထားမွုဆိုင္ရာ ေဆာင္ရြက္ခ်က္ေတြကို ပိုမိုေကာင္းမြန္စြာ ညႇိႏွိုင္းေဆာင္ရြက္ဖို႔အတြက္ အလြန္ပဲ အေရးႀကီးပါတယ္။ ဒါနဲ႔စပ္လ်ဥ္းၿပီး တစ္နိုင္ငံလုံးက ျမန္မာျပည္သူေတြအတြက္ လိုအပ္တဲ့ေထာက္ပံ့မွုေတြ ေပးေနတဲ့ WFP ရဲ့ လုပ္ေဆာင္ခ်က္ေတြကို ကၽြန္ေတာ္တို႔ အေလးအနက္ အသိအမွတ္ျပဳပါတယ္။” ဟု Mr. Schuegraf က ေျပာသည္။

ဂ်ာမနီသည္ WFP ျမန္မာအတြက္ ယူရို ၅ သန္းကို ယမန္ႏွစ္က ထည့္ဝင္ပံ့ပိုးေပးခဲ့ၿပီး ယုံၾကည္စိတ္ခ်ရသည့္ ဤမိတ္ဖက္အဖြဲ႕အတြက္ အနာဂါတ္တြင္လည္း ဆက္လက္ပံ့ပိုးသြားမည္ဟု ျမန္မာနိုင္ငံဆိုင္ရာဂ်ာမနီသံ႐ုံးက ေျပာဆိုသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here