ချမ်းမြသာစည်မြို့နယ် လက်လုပ်မိုင်းပေါက်ကွဲမှုမှ ကျူးလွန်သူများအား ဖမ်းဆီးဟု နစကထုတ်ပြန်

0
162

(Unicode)

ချမ်းမြသာစည်မြို့နယ် လက်လုပ်မိုင်းပေါက်ကွဲမှုမှ ကျူးလွန်သူများအား ဖမ်းဆီးဟု နစကထုတ်ပြန်

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ချမ်းတောင်ရပ်ကွက်၊၇၈လမ်း(စက်ဘီးဆိုင်ကယ်လမ်း)၊သိပ္ပံလမ်းနှင့်

ပိတောက်လမ်းကြားတွက် မတ်လ၁၄ရက်နေ့က ဖြစ်ပွားခဲ့သည့် လက်လုပ်မိုင်းပေါက်ကွဲမှုမှကျူးလွန်သူများ အား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ဖမ်းဆီးရမိမှုဖြစ်စဉ်မှာ မတ်လ ၁၄ ရက်နေ့ ည ၆ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီးချမ်းမြ သာစည်မြို့ နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ပိတောက်လမ်းနှင့် သိပ္ပံလမ်းကြား၌ အမျိုးသား ၂ ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ အဆိုပါနေရာ၌ မိုင်းစထိမှန်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း ၂ လောင်းကို တွေ့ရှိရသဖြင့် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရသည့် အခြေအနေနှင့် ပူးပေါင်းပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံ

ခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့စုံစမ်းရှာဖွေစစ်ဆေးမှုများဆောင်ရွက်ခဲ့ရကြောင်း၊ထို့သို့ စုံစမ်းရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ည ၈ နာရီ ၁၅ မိနစ်တွင် ချမ်းအေး သာစံမြို့နယ်ရှိ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ မိုင်းစထိမှန်ဒဏ်ရာများရရှိထားသည့် အမျိုးသား ၂ ဦး ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ပြည်ကြီးတံခွန် မြို့ နယ်၊ အရာတော်ရပ်ကွက်နေ ဇွဲဝဏ္ဏထွန်း(၁၇)နှစ် (ဘ)ဦးဖိုးရီနှင့် ရဲဘော်စိုက်ကွင်းရပ်ကွက်နေ အေးမောင်မောင် (၂၇)နှစ် (ဘ)ဦးမောင်မောင်တို့ ၂ ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့၏ ထွက်ဆိုချက်များအရ ဇွဲဝဏ္ဏထွန်း၊ အေးမောင်မောင်နှင့် အရာတော်ရပ်ကွက်နေ မျိုးမင်းဦး(၂၀)နှစ် (ဘ) ဦးမောင်ဦး၊ စက်မှု(၁)ရပ်ကွက်နေ ဟိန်းစိုး(ခ)ရေခဲ(၂၀)နှစ်နှင့် အရာတော်ရပ်ကွက်နေ ပေါက်စ (ခ)ယာယာ(၂၀)နှစ်တို့ ၅ ဦးသည် သိပ္ပံလမ်းနှင့် ၇၈ လမ်းထောင့်ရှိ CCTV ပုံးအား မိုင်းထောင် ဖောက်ခွဲရန် ဆိုင်ကယ် ၃ စီးဖြင့် ထွက်ခွာလာစဉ် ဖြစ်စဉ်ဖြစ်ပွားသည့် နေရာအရောက်၌ ဟိန်းစိုး (ခ)ရေခဲက လွယ်အိတ်အတွင်း သယ်ဆောင်လာသည့် လက်လုပ်မိုင်းအား ထုတ်ယူစဉ် ပေါက်ကွဲမှုဖြစ် ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ဟိန်းစိုး(ခ)ရေခဲနှင့် မျိုးမင်းဦးတို့ ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဇွဲဝဏ္ဏထွန်းနှင့် အေးမောင်မောင်တို့တွင် မိုင်းစထိမှန် ဒဏ်ရာ များအသီးသီးရရှိခဲ့ကာ ပေါက်စ(ခ)ယာယာတွင် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း၊ . ထို့နောက် ဇွဲဝဏ္ဏထွန်း၊ အေးမောင်မောင်နှင့် ပေါက်စ(ခ)ယာယာတို့ ၃ ဦးမှာ အခင်းဖြစ်နေရာမှ ဆိုင်ကယ် ၁ စီး ဖြင့် ထွက်ပြေးခဲ့ရာ အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကန်ပတ်လမ်းတာရိုးပေါ်အရောက် ဇွဲဝဏ္ဏထွန်းနှင့် မောင်မောင်အေး တို့မှာ ဒဏ်ရာများကြောင့် ဆိုင်ကယ်မစီးနိုင်သဖြင့် လှဲနေစဉ်ဧရာမေတ္တာလူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံ

ကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံသို့ရောက်ရှိသည့်အချိန်တွင် ပေါက်စ(ခ)ယာယာမှာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူများအား သေမှုသေခင်းရေးဖွင့် ဆောင်ရွက်ထားရှိပြီး ဖမ်းဆီးရမိ သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ထွက်ပြေးတိမ်း ရှောင်တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းလည်း သိရသည်။

(Zawgyi)

ခ်မ္းျမသာစည္ၿမိဳ႕နယ္ လက္လုပ္မိုင္းေပါက္ကြဲမွုမွ က်ဴးလြန္သူမ်ားအား ဖမ္းဆီးဟု နစကထုတ္ျပန္

မႏၲေလးၿမိဳ႕၊ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ခ်မ္းေတာင္ရပ္ကြက္၊၇၈လမ္း(စက္ဘီးဆိုင္ကယ္လမ္း)၊သိပၸံလမ္းႏွင့္

ပိေတာက္လမ္းၾကားတြက္ မတ္လ၁၄ရက္ေန႔က ျဖစ္ပြားခဲ့သည့္ လက္လုပ္မိုင္းေပါက္ကြဲမွုမွက်ဴးလြန္သူမ်ား အား ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ေၾကညာခဲ့သည္။

ဖမ္းဆီးရမိမွုျဖစ္စဥ္မွာ မတ္လ ၁၄ ရက္ေန႔ ည ၆ နာရီ ၅၀ မိနစ္တြင္ မႏၲေလးတိုင္းေဒသႀကီးခ်မ္းၿမ သာစည္ၿမိဳ႕ နယ္၊ ခ်မ္းျမသာစည္ေတာင္ရပ္ကြက္၊ ပိေတာက္လမ္းႏွင့္ သိပၸံလမ္းၾကား၌ အမ်ိဳးသား ၂ ဦး ေမာင္းႏွင္လာသည့္ ဆိုင္ကယ္ေပၚမွ ေပါက္ကြဲမွုျဖစ္ပြားခဲ့ေၾကာင္း သတင္းအရ လုံျခဳံေရး တပ္ဖြဲ႕ ဝင္မ်ားက သြားေရာက္စစ္ေဆးခဲ့ အဆိုပါေနရာ၌ မိုင္းစထိမွန္ဒဏ္ရာ၊ မီးေလာင္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည့္ အမ်ိဳးသားအေလာင္း ၂ ေလာင္းကို ေတြ႕ရွိရသျဖင့္ မိုင္းေပါက္ကြဲမွု ျဖစ္ပြားခဲ့ရသည့္ အေျခအေနႏွင့္ ပူးေပါင္းပါဝင္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိနိုင္ေရး လုံ

ျခဳံေရးတပ္ဖြဲ႕ဝင္မ်ားက နယ္ေျမအတြင္း ပိတ္ဆို႔စုံစမ္းရွာေဖြစစ္ေဆးမွုမ်ားေဆာင္ရြက္ခဲ့ရေၾကာင္း၊ထို႔သို႔ စုံစမ္းရွာေဖြစစ္ေဆးမွုမ်ား ေဆာင္ရြက္ခဲ့ရာ ည ၈ နာရီ ၁၅ မိနစ္တြင္ ခ်မ္းေအး သာစံၿမိဳ႕နယ္ရွိ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီးသို႔ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိထားသည့္ အမ်ိဳးသား ၂ ဦး ေရာက္ရွိေနေၾကာင္း သတင္းအရ သြားေရာက္စစ္ေဆးရာ ျပည္ႀကီးတံခြန္ ၿမိဳ႕ နယ္၊ အရာေတာ္ရပ္ကြက္ေန ဇြဲဝဏၰထြန္း(၁၇)ႏွစ္ (ဘ)ဦးဖိုးရီႏွင့္ ရဲေဘာ္စိုက္ကြင္းရပ္ကြက္ေန ေအးေမာင္ေမာင္ (၂၇)ႏွစ္ (ဘ)ဦးေမာင္ေမာင္တို႔ ၂ ဦးအား ေတြ႕ရွိဖမ္းဆီးရမိခဲ့သည္။ ၎တို႔၏ ထြက္ဆိုခ်က္မ်ားအရ ဇြဲဝဏၰထြန္း၊ ေအးေမာင္ေမာင္ႏွင့္ အရာေတာ္ရပ္ကြက္ေန မ်ိဳးမင္းဦး(၂၀)ႏွစ္ (ဘ) ဦးေမာင္ဦး၊ စက္မွု(၁)ရပ္ကြက္ေန ဟိန္းစိုး(ခ)ေရခဲ(၂၀)ႏွစ္ႏွင့္ အရာေတာ္ရပ္ကြက္ေန ေပါက္စ (ခ)ယာယာ(၂၀)ႏွစ္တို႔ ၅ ဦးသည္ သိပၸံလမ္းႏွင့္ ၇၈ လမ္းေထာင့္ရွိ CCTV ပုံးအား မိုင္းေထာင္ ေဖာက္ခြဲရန္ ဆိုင္ကယ္ ၃ စီးျဖင့္ ထြက္ခြာလာစဥ္ ျဖစ္စဥ္ျဖစ္ပြားသည့္ ေနရာအေရာက္၌ ဟိန္းစိုး (ခ)ေရခဲက လြယ္အိတ္အတြင္း သယ္ေဆာင္လာသည့္ လက္လုပ္မိုင္းအား ထုတ္ယူစဥ္ ေပါက္ကြဲမွုျဖစ္ ပြားခဲ့ေၾကာင္း၊ ေပါက္ကြဲမွုေၾကာင့္ ဟိန္းစိုး(ခ)ေရခဲႏွင့္ မ်ိဳးမင္းဦးတို႔ ၂ ဦးတြင္ မိုင္းစထိမွန္ဒဏ္ရာမ်ား ျဖင့္ အခင္းျဖစ္ေနရာ၌ ေသဆုံးခဲ့ၿပီး ဇြဲဝဏၰထြန္းႏွင့္ ေအးေမာင္ေမာင္တို႔တြင္ မိုင္းစထိမွန္ ဒဏ္ရာ မ်ားအသီးသီးရရွိခဲ့ကာ ေပါက္စ(ခ)ယာယာတြင္ ဒဏ္ရာရရွိခဲ့ျခင္းမရွိေၾကာင္း၊ . ထို႔ေနာက္ ဇြဲဝဏၰထြန္း၊ ေအးေမာင္ေမာင္ႏွင့္ ေပါက္စ(ခ)ယာယာတို႔ ၃ ဦးမွာ အခင္းျဖစ္ေနရာမွ ဆိုင္ကယ္ ၁ စီး ျဖင့္ ထြက္ေျပးခဲ့ရာ အမရပူရၿမိဳ႕နယ္၊ ရွမ္းကေလးကၽြန္းကန္ပတ္လမ္းတာရိုးေပၚအေရာက္ ဇြဲဝဏၰထြန္းႏွင့္ ေမာင္ေမာင္ေအး တို႔မွာ ဒဏ္ရာမ်ားေၾကာင့္ ဆိုင္ကယ္မစီးနိုင္သျဖင့္ လွဲေနစဥ္ဧရာေမတၱာလူမွုကူညီေရးအသင္းမွ ေမာ္ေတာ္ယာဥ္ျဖင့္ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံ

ႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ေဆး႐ုံသို႔ေရာက္ရွိသည့္အခ်ိန္တြင္ ေပါက္စ(ခ)ယာယာမွာ ထြက္ေျပးသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေသဆုံးသူမ်ားအား ေသမွုေသခင္းေရးဖြင့္ ေဆာင္ရြက္ထားရွိၿပီး ဖမ္းဆီးရမိ သူမ်ားအား ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူနိုင္ေရးႏွင့္ ထြက္ေျပးတိမ္း ေရွာင္တရားခံအား ေဖာ္ထုတ္ဖမ္းဆီးရမိနိုင္ေရး လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္ရြက္ လ်က္ရွိေၾကာင္းလည္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here