PR စနစ်ဖြင့် ကျင်းပမည့်ရွေးကောက်ပွဲသည် မဲဆန္ဒနယ်ကျယ်ပြန့်မှသာ တိုင်းရင်းသားပါတီငယ်များအတွက် အကျိုးရှိမည်ဟု နိုင်တလညီ ပြောကြား

0
147

PR စနစ်ဖြင့် ကျင်းပမည့်ရွေးကောက်ပွဲသည် မဲဆန္ဒနယ်ကျယ်ပြန့်မှသာ တိုင်းရင်းသားပါတီငယ်များအတွက် အကျိုးရှိမည်ဟု နိုင်တလညီ ပြောကြား

အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့် ကျင်းပမည်ဆိုသော ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီငယ်များအနေဖြင့် မဲဆန္ဒနယ်ကျယ် ပြန့်မှသာလျှင် ယှဉ်ပြိုင်ရကျိုးနပ်နိုင်မည်ဖြစ်ကြောင်း မွန်ညီညွှတ်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်တလညီက ဆိုသည်။

၎င်းက တိုင်းရင်းသားပါတီငယ်များအတွက် PR စနစ်ဖြင့်ရွေးကောက်ပွဲပြုလုပ်ပါက ပိုမိုကောင်းမွန်သည်ဟု ယူဆကြောင်းနှင့် လက်ရှိနိုင်ငံရေးအခြေအနေအရ ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်မည် /မယှဉ်ပြိုင်မည်ဆို ခြင်းအပေါ် ဆုံးဖြတ်ချက်မချမှတ်ရသေးကြောင်း ဆိုသည်။

“ PR စနစ်နဲ့ FPTP နိုင်သူအကုန်ယူစနစ်နဲ့ ယှဉ်ရင်တော့ လူနည်းစုတွေ ဖြစ်တဲ့ တိုင်းရင်းသားပါတီတွေအတွက် PR စနစ်က ပိုပြီး ပြည်စုံမယ်လို့တော့ သုံးသပ်တယ်ပေါ့နော်။ နောက်တစ်ခုက ၂၀၂၃ ရွေးကောက်ပွဲဝင်မယ် မဝင်ဘူးဆိုတာကတော့ ကျွန်တော်တို့ ဘာမှ ပြောလို့ မရသေးဘူး။ နိုင်ငံရေးအခြေအနေက ဘာဖြစ်မလဲဆိုတာ မခန့်မှန်းနိုင်သေးဘူး။ ရွေးကောက်ပွဲဆိုတာကနိုင်ငံတည်ငြိမ်မှုရှိ မရှိ ဆိုတာကလည်းရှိ သေးတယ်ပေါ့ နော်။ လောလောရွေးကောက်ပွဲဝင်ဖြစ်မဝင်ဖြစ်ဘာမှ ဆုံးဖြတ်ထားတာမရှိသေးဘူး။” ဟု နိုင်တလညီက ဆိုသည်။

တိုင်းရင်းသားများအနေဖြင့် ၎င်းတို့ ပြည်နယ်အတွင်းတွင်သာ စုစည်းနေထိုင်ခြင်းမျိုးမဟုတ်ဘဲ ပြန့်ကျဲနေ ထိုင်ကြသည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအရ မဲဆန္ဒနယ်ကြီးမှာသာလျှင် အကျိုးရှိမည်ဖြစ်ကြောင်း သိရသည်။

“ မဲဆန္ဒနယ်ကျဉ်းသွာမယ်ဆိုရင် FPTP နိုင်သူအကုန်ယူစနစ်ကို နည်းနည်းနွယ်သွားတာပေါ့လေ။ ဥပမာ မွန်ပြည်နယ်မှာဆိုရင် မြို့နယ် ဆယ်မြို့နယ်ရှိမယ်ဆိုကြပါစို့။ အဲ့ဒီ ဆယ်မြို့နယ်ကို မဲဆန္ဒနယ် တစ်ခုတည်းအဖြစ်သတ်မှတ်ပေးနိုင်ပါမှ အဆင်ပြေမယ်။ မဲဆန္ဒနယ်မြေ နှစ်ခုအဖြစ်သတ်မှတ်လိုက်မယ်ဆိုရင် တိုင်းရင်းသားပါတီငယ်တွေ ပြည်နယ်လွှတ်တော်အတွင်း ရောက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် မဲဆန္ဒနယ် မြေကို ကျယ်ကျယ်ထားပေးနိုင်မှ ပိုအဆင်ပြေမယ်။ တိုင်းရင်းသားတွေက နေထိုင်မှုက တစ်စုတစည်းထဲ ဒေသတစ်ခုမှာစုပေါင်းနေထိုင်တာ နည်းတယ်လေ။ ပြန့်ကျဲနေတာ့ မဲဆန္ဒနယ်ကြီးမှသာ တိုင်းရင်းသားပါတီငယ်တွေအတွက် ပိုအကျိုးရှိမယ်။”ဟု ဆိုသည်။

နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် အနည်းဆုံး မဲဆန္ဒနယ်မြေ သုံးနေရာအထိဝင်ရောက်ယှဉ်ပြိုင်ရဖြစ်သော်လည်း ပြန့်ကျဲနေသော မွန်တိုင်းရင်းသားတို့ ၏ ဆန္ဒမဲရရှိရန်အတွက် တစ်နိုင်လုံးအတိုင်းအတာဖြင့် လွှမ်းခြုံယှဉ်ပြိုင်သွားဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၌ ပါတီလုပ်ငန်းစဉ်၊ ပါတီ ငွေကြေးသုံးစွဲမှု စာရင်းများ ပါတီဝင်အင်အားများကို အစစ်ဆေးခံပြီးဖြစ်သော်လည်း မည်သည့် အခက်အခဲတစ်စုံတရာမရှိကြောင်း ဆိုသည်။

“ UEC မှာ အစစ်ဆေးခံတဲ့အပေါ် အခက်အခြေအနေတော့မရှိဘူး။ ပါတီစီးပွားရေးလုပ်ငန်းကလည်းမရှိတော့ ဘာအခက်အခဲမရှိဘူး။ နောက်တော့ပါတီဝင် အင်အားစာရင်းကျတော့လည်း အရင်ရွေးကောက်ပွဲဝင်တာနဲ့ ပါတီတည်ထောင်တာနဲ့ နီးနေတော့လည်း အင်အားသိပ်တော့မရှိပါဘူး။ ကျန်တာတွေကိုတော့ စနစ်တကျ ဆောင်ရွက်ပါလို့တော့ ပြောသွားတာတော့ရပါတယ်။”ဟု ဆိုသည်။

Zaw Gyi

PR စနစ္ျဖင့္ က်င္းပမည့္ေ႐ြးေကာက္ပြဲသည္ မဲဆႏၵနယ္က်ယ္ျပန႔္မွသာ တိုင္းရင္းသားပါတီငယ္မ်ားအတြက္ အက်ိဳးရွိမည္ဟု ႏိုင္တလညီ ေျပာၾကား

အခ်ိဳးက်ကိုယ္စားျပဳစနစ္(PR)ျဖင့္ က်င္းပမည္ဆိုေသာ ေ႐ြးေကာက္ပြဲတြင္ တိုင္းရင္းသားပါတီငယ္မ်ားအေနျဖင့္ မဲဆႏၵနယ္က်ယ္ ျပန႔္မွသာလွ်င္ ယွဥ္ၿပိဳင္ရက်ိဳးနပ္ႏိုင္မည္ျဖစ္ေၾကာင္း မြန္ညီၫႊတ္ေရးပါတီ ေျပာခြင့္ရပုဂၢိဳလ္ ႏိုင္တလညီက ဆိုသည္။

၎က တိုင္းရင္းသားပါတီငယ္မ်ားအတြက္ PR စနစ္ျဖင့္ေ႐ြးေကာက္ပြဲျပဳလုပ္ပါက ပိုမိုေကာင္းမြန္သည္ဟု ယူဆေၾကာင္းႏွင့္ လက္ရွိႏိုင္ငံေရးအေျခအေနအရ ေ႐ြးေကာက္ပြဲဝင္ ေရာက္ယွဥ္ၿပိဳင္မည္ /မယွဥ္ၿပိဳင္မည္ဆို ျခင္းအေပၚ ဆုံးျဖတ္ခ်က္မခ်မွတ္ရေသးေၾကာင္း ဆိုသည္။

“ PR စနစ္နဲ႔ FPTP ႏိုင္သူအကုန္ယူစနစ္နဲ႔ ယွဥ္ရင္ေတာ့ လူနည္းစုေတြ ျဖစ္တဲ့ တိုင္းရင္းသားပါတီေတြအတြက္ PR စနစ္က ပိုၿပီး ျပည္စုံမယ္လို႔ေတာ့ သုံးသပ္တယ္ေပါ့ေနာ္။ ေနာက္တစ္ခုက ၂၀၂၃ ေ႐ြးေကာက္ပြဲဝင္မယ္ မဝင္ဘူးဆိုတာကေတာ့ ကြၽန္ေတာ္တို႔ ဘာမွ ေျပာလို႔ မရေသးဘူး။ ႏိုင္ငံေရးအေျခအေနက ဘာျဖစ္မလဲဆိုတာ မခန႔္မွန္းႏိုင္ေသးဘူး။ ေ႐ြးေကာက္ပြဲဆိုတာကႏိုင္ငံတည္ၿငိမ္မႈရွိ မရွိ ဆိုတာကလည္းရွိ ေသးတယ္ေပါ့ ေနာ္။ ေလာေလာေ႐ြးေကာက္ပြဲဝင္ျဖစ္မဝင္ျဖစ္ဘာမွ ဆုံးျဖတ္ထားတာမရွိေသးဘူး။” ဟု ႏိုင္တလညီက ဆိုသည္။

တိုင္းရင္းသားမ်ားအေနျဖင့္ ၎တို႔ ျပည္နယ္အတြင္းတြင္သာ စုစည္းေနထိုင္ျခင္းမ်ိဳးမဟုတ္ဘဲ ျပန႔္က်ဲေန ထိုင္ၾကသည့္အတြက္ တစ္ႏိုင္ငံလုံးအတိုင္းအတာအရ မဲဆႏၵနယ္ႀကီးမွာသာလွ်င္ အက်ိဳးရွိမည္ျဖစ္ေၾကာင္း သိရသည္။

“ မဲဆႏၵနယ္က်ဥ္းသြာမယ္ဆိုရင္ FPTP ႏိုင္သူအကုန္ယူစနစ္ကို နည္းနည္းႏြယ္သြားတာေပါ့ေလ။ ဥပမာ မြန္ျပည္နယ္မွာဆိုရင္ ၿမိဳ႕နယ္ ဆယ္ၿမိဳ႕နယ္ရွိမယ္ဆိုၾကပါစို႔။ အဲ့ဒီ ဆယ္ၿမိဳ႕နယ္ကို မဲဆႏၵနယ္ တစ္ခုတည္းအျဖစ္သတ္မွတ္ေပးႏိုင္ပါမွ အဆင္ေျပမယ္။ မဲဆႏၵနယ္ေျမ ႏွစ္ခုအျဖစ္သတ္မွတ္လိုက္မယ္ဆိုရင္ တိုင္းရင္းသားပါတီငယ္ေတြ ျပည္နယ္လႊတ္ေတာ္အတြင္း ေရာက္ဖို႔ ဆိုတာ မျဖစ္ႏိုင္ဘူး။ ဒါေၾကာင့္ မဲဆႏၵနယ္ ေျမကို က်ယ္က်ယ္ထားေပးႏိုင္မွ ပိုအဆင္ေျပမယ္။ တိုင္းရင္းသားေတြက ေနထိုင္မႈက တစ္စုတစည္းထဲ ေဒသတစ္ခုမွာစုေပါင္းေနထိုင္တာ နည္းတယ္ေလ။ ျပန႔္က်ဲေနတာ့ မဲဆႏၵနယ္ႀကီးမွသာ တိုင္းရင္းသားပါတီငယ္ေတြအတြက္ ပိုအက်ိဳးရွိမယ္။”ဟု ဆိုသည္။

ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ရာတြင္ အနည္းဆုံး မဲဆႏၵနယ္ေျမ သုံးေနရာအထိဝင္ေရာက္ယွဥ္ၿပိဳင္ရျဖစ္ေသာ္လည္း ျပန႔္က်ဲေနေသာ မြန္တိုင္းရင္းသားတို႔ ၏ ဆႏၵမဲရရွိရန္အတြက္ တစ္ႏိုင္လုံးအတိုင္းအတာျဖင့္ လႊမ္းၿခဳံယွဥ္ၿပိဳင္သြားျဖစ္ေၾကာင္း သိရသည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC)၌ ပါတီလုပ္ငန္းစဥ္၊ ပါတီ ေငြေၾကးသုံးစြဲမႈ စာရင္းမ်ား ပါတီဝင္အင္အားမ်ားကို အစစ္ေဆးခံၿပီးျဖစ္ေသာ္လည္း မည္သည့္ အခက္အခဲတစ္စုံတရာမရွိေၾကာင္း ဆိုသည္။

“ UEC မွာ အစစ္ေဆးခံတဲ့အေပၚ အခက္အေျခအေနေတာ့မရွိဘူး။ ပါတီစီးပြားေရးလုပ္ငန္းကလည္းမရွိေတာ့ ဘာအခက္အခဲမရွိဘူး။ ေနာက္ေတာ့ပါတီဝင္ အင္အားစာရင္းက်ေတာ့လည္း အရင္ေ႐ြးေကာက္ပြဲဝင္တာနဲ႔ ပါတီတည္ေထာင္တာနဲ႔ နီးေနေတာ့လည္း အင္အားသိပ္ေတာ့မရွိပါဘူး။ က်န္တာေတြကိုေတာ့ စနစ္တက် ေဆာင္႐ြက္ပါလို႔ေတာ့ ေျပာသြားတာေတာ့ရပါတယ္။”ဟု ဆိုသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here