ကလေးအကျဥ်းထောင်တာဝန်ခံအရာရှိ ၃ ဦးအားဓားစာခံပြုလုပ်၍ အကျဥ်းသား၊အချုပ်သား ၅၀ ဦးခန့် ထွက်ပြေးရန်ကြိုးပမ်းမှုအား ထိန်းသိမ်းနိုင်ခဲ့ဟု နစက ထုတ်ပြန်

0
89

ကလေးအကျဥ်းထောင်တာဝန်ခံအရာရှိ ၃ ဦးအားဓားစာခံပြုလုပ်၍ အကျဥ်းသား၊အချုပ်သား ၅၀ ဦးခန့် ထွက်ပြေးရန်ကြိုးပမ်းမှုအား ထိန်းသိမ်းနိုင်ခဲ့ဟု နစက ထုတ်ပြန်

ကလေးအကျဥ်းထောင်တွင် မတ် ၁၅ ရက်ညနေပိုင်းက အကျဥ်းထောင်တာဝန်ခံအရာရှိနှင့်ဒုတိယတာဝန်ခံအရာရှိတို့ ၂ ဦးနှင့်ဝန်ထမ်းများမှ အကျဥ်းထောင်အတွင်းရှိ စည်းကမ်းထိန်းသိမ်းရုံး၌ လုံခြုံရေးကိစ္စများပြောဆိုစဥ် ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကလေးအကျဥ်းထောင်တာဝန်ခံအရာရှိလက် ထောက်ညွှန်ကြားရေးမှူးဦးကျော်သူ၊ဒုတိယတာ ဝန်ခံအရာရှိ ဦးစီးအရာရှိဦးချိုမင်းလတ်နှင့်ဒုကြီး ကြပ်ရေးမှူးဦးရန်ပိုင်မျိုးတို့အား အမှတ်(၅) အိပ် ဆောင်မှအချုပ်သားဗန်ဒိန်း ခေါင်းဆောင်သည့် အကျဥ်းသားအင်အား ၅၀ ဦးခန့်မှဓားစာခံပြု လုပ်၍ အကျဉ်းထောင်အတွင်းမှထွက်ပြေးရန်ကြိုးစားခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ပြုလုပ်စဥ် တာဝန်ခံအရာရှိမှပြန်လည်ခုခံ၍ လွတ်မြောက်သွားပြီး ဒုတိယတာဝန်ခံအရာရှိနှင့် ဒုကြီးကြပ်ရေးမှူးတို့အား အချုပ်သားဗန်ဒိန်း ဦးဆောင်သည့်အဖွဲ့မှ စည်းကမ်းထိန်းသိမ်းရေးရုံးဘေး၌ချုပ်နှောင်ထားခဲ့ကြသည်။

ထို့ကြောင့် အကျဉ်းထောင်တာဝန်ခံအရာရှိမှ ဗဟိုကင်းပေါ်မှ Hand Speaker ဖြင့်ဖမ်းဆီးထားသည့် အရာရှိ ၂ ဦးအား ပြန်လွှတ်ပေးရန်၊မိမိအိပ်ဆောင်သို့ ပြန်လည်ဝင်ရောက်ရန် အကြိမ်ကြိမ်ပြောကြားခဲ့ရာ လိုက်နာမှုမရှိ၍ MA-11 သေနတ်ဖြင့် ၃ ချက်မိုးပေါ်သို့ထောင်၍ ချောက်လှန့်သည့် သ ဘောဖြင့် ပစ်ခတ်ခဲ့သည်။

ထိုသို့ ချောက်လှန့်ပစ်ခတ်ခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် ၎င်းလူအုပ်စုအောက်ပိုင်းသို့ MA-11 သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ရ၍ အချုပ် သား ၁၂ ဦး ဒဏ်ရာရရှိပြီး အချုပ်သား ၆ ဦးနှင့် အကျဉ်းသား ၁ ဦး(စုစုပေါင်း ၇ ဦး)သေဆုံးခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ပစ်ခတ်မှုကြောင့် ဒုတိယတာဝန်ခံအရာရှိနှင့်ဒုကြီးကြပ်ရေးမှူးတို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး အချုပ်သားများမှာဆေးရုံဆောင်နှင့်အမှတ် (၅)အိပ်ဆောင်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားသဖြင့် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်၌ဖြစ်စဥ်အား ထိန်းသိမ်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက် ၌ရေးသားထားသည်။

ဖြစ်စဥ်တွင် ဒုကြီးကြပ်ရေးမှူး၏ ဝဲဘက်လည် ပင်းနှင့်မေးရိုးတို့၌ ပြတ်ရှဒဏ်ရာ ၁ ချက်စီရရှိခဲ့သဖြင့် ကလေးပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန်ပို့ဆောင်ခဲ့ပြီး အကျဉ်းထောင်၌ ပုံမှန်လုပ်ငန်းများအား လုပ်ကိုင်လျက်ရှိကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

Zaw Gyi

ကေလးအက်ဥ္းေထာင္တာဝန္ခံအရာရွိ ၃ ဦးအားဓားစာခံျပဳလုပ္၍ အက်ဥ္းသား၊အခ်ဳပ္သား ၅၀ ဦးခန္႔ ထြက္ေျပးရန္ႀကိဳးပမ္းမႈအား ထိန္းသိမ္းႏိုင္ခဲ့ဟု နစက ထုတ္ျပန္

ကေလးအက်ဥ္းေထာင္တြင္ မတ္ ၁၅ ရက္ညေနပိုင္းက အက်ဥ္းေထာင္တာဝန္ခံအရာရွိႏွင့္ဒုတိယတာဝန္ခံအရာရွိတို႔ ၂ ဦးႏွင့္ဝန္ထမ္းမ်ားမွ အက်ဥ္းေထာင္အတြင္းရွိ စည္းကမ္းထိန္းသိမ္း႐ုံး၌ လုံၿခဳံေရးကိစၥမ်ားေျပာဆိုစဥ္ ျဖစ္စဥ္ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ကေလးအက်ဥ္းေထာင္တာဝန္ခံအရာရွိလက္ ေထာက္ၫႊန္ၾကားေရးမႉးဦးေက်ာ္သူ၊ဒုတိယတာ ဝန္ခံအရာရွိ ဦးစီးအရာရွိဦးခ်ိဳမင္းလတ္ႏွင့္ဒုႀကီး ၾကပ္ေရးမႉးဦးရန္ပိုင္မ်ိဳးတို႔အား အမွတ္(၅) အိပ္ ေဆာင္မွအခ်ဳပ္သားဗန္ဒိန္း ေခါင္းေဆာင္သည့္ အက်ဥ္းသားအင္အား ၅၀ ဦးခန႔္မွဓားစာခံျပဳ လုပ္၍ အက်ဥ္းေထာင္အတြင္းမွထြက္ေျပးရန္ႀကိဳးစားခဲ့ၾကျခင္းျဖစ္သည္။

ထိုသို႔ ျပဳလုပ္စဥ္ တာဝန္ခံအရာရွိမွျပန္လည္ခုခံ၍ လြတ္ေျမာက္သြားၿပီး ဒုတိယတာဝန္ခံအရာရွိႏွင့္ ဒုႀကီးၾကပ္ေရးမႉးတို႔အား အခ်ဳပ္သားဗန္ဒိန္း ဦးေဆာင္သည့္အဖြဲ႕မွ စည္းကမ္းထိန္းသိမ္းေရး႐ုံးေဘး၌ခ်ဳပ္ေႏွာင္ထားခဲ့ၾကသည္။

ထို႔ေၾကာင့္ အက်ဥ္းေထာင္တာဝန္ခံအရာရွိမွ ဗဟိုကင္းေပၚမွ Hand Speaker ျဖင့္ဖမ္းဆီးထားသည့္ အရာရွိ ၂ ဦးအား ျပန္လႊတ္ေပးရန္၊မိမိအိပ္ေဆာင္သို႔ ျပန္လည္ဝင္ေရာက္ရန္ အႀကိမ္ႀကိမ္ေျပာၾကားခဲ့ရာ လိုက္နာမႈမရွိ၍ MA-11 ေသနတ္ျဖင့္ ၃ ခ်က္မိုးေပၚသို႔ေထာင္၍ ေခ်ာက္လွန႔္သည့္ သ ေဘာျဖင့္ ပစ္ခတ္ခဲ့သည္။

ထိုသို႔ ေခ်ာက္လွန္႔ပစ္ခတ္ခဲ့ေသာ္လည္း လိုက္နာျခင္းမရွိသျဖင့္ ၎လူအုပ္စုေအာက္ပိုင္းသို႔ MA-11 ေသနတ္ျဖင့္ ထပ္မံပစ္ခတ္ခဲ့ရ၍ အခ်ဳပ္ သား ၁၂ ဦး ဒဏ္ရာရရွိၿပီး အခ်ဳပ္သား ၆ ဦးႏွင့္ အက်ဥ္းသား ၁ ဦး(စုစုေပါင္း ၇ ဦး)ေသဆုံးခဲ့သည္ဟု နစက မွထုတ္ျပန္ခဲ့သည္။

ပစ္ခတ္မႈေၾကာင့္ ဒုတိယတာဝန္ခံအရာရွိႏွင့္ဒုႀကီးၾကပ္ေရးမႉးတို႔ ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီး အခ်ဳပ္သားမ်ားမွာေဆး႐ုံေဆာင္ႏွင့္အမွတ္ (၅)အိပ္ေဆာင္အတြင္းသို႔ ျပန္လည္ ဝင္ေရာက္သြားသျဖင့္ ညေန ၅ နာရီ ၄၀ မိနစ္ခန႔္၌ျဖစ္စဥ္အား ထိန္းသိမ္းႏိုင္ခဲ့သည္ဟု ထုတ္ျပန္ခ်က္ ၌ေရးသားထားသည္။

ျဖစ္စဥ္တြင္ ဒုႀကီးၾကပ္ေရးမႉး၏ ဝဲဘက္လည္ ပင္းႏွင့္ေမး႐ိုးတို႔၌ ျပတ္ရွဒဏ္ရာ ၁ ခ်က္စီရရွိခဲ့သျဖင့္ ကေလးျပည္သူ႔ေဆး႐ုံႀကီးသို႔ ေဆးကုသရန္ပို႔ေဆာင္ခဲ့ၿပီး အက်ဥ္းေထာင္၌ ပုံမွန္လုပ္ငန္းမ်ားအား လုပ္ကိုင္လ်က္ရွိေၾကာင္း နစက မွထုတ္ျပန္ခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here