ငွေစက္ကူအတုများ သန်းနှင့်ချီ၍ထွက်ရှိနေသည်ဆိုသည့် သတင်းမှာကောလဟလသာဖြစ်ဟု ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌပြော

0
219

ငွေစက္ကူအတုများ သန်းနှင့်ချီ၍ထွက်ရှိနေသည်ဆိုသည့် သတင်းမှာကောလဟလသာဖြစ်ဟု ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌပြော

 

လူမှုကွန်ယက်စာမျက်နှာများ၌ပျံ့နှံ့နေသည့် မြန် မာနိုင်ငံတွင် ငွေစက္ကူအတုများသန်းနှင့်ချီ၍ ထွက်ရှိနေသည်ဆိုသည့်သတင်းမှာ ကောလဟလသာဖြစ်ကြောင်း ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌဦးဝင်းသော်မှ ဆင်ဟွာသတင်းဌာနသို့ ပြောကြားချက်အရ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ဘဏ်စနစ်သည့် တစ်ရက်ထက်တစ်ရက် ပိုမိုတည်ငြိမ်လာကာ အပ်ငွေမှာပိုမိုများပြားလာပြီး ထုတ်ငွေမှာအနည်းငယ်သာရှိကြောင်း ပြောကြားထားသည်။

“လက်ရှိမှာ ဘဏ်တွေအနေနဲ့လမ်းကြောင်းပေါ်ကိုပြန်ရောက်ရှိလာပြီဖြစ်ပါတယ် ဒါ့ကြောင့် ကောလဟလတွေကိုမယုံကြည်စေချင်ဘူး”ဟု ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌဦးဝင်းသော်ကပြော သည်။

ထို့ပြင် နိုင်ငံတိုင်း၌ ဒေါ်လာ အပါအဝင်ငွေစက္ကူ အတုများရှိကာ လတ်တလောတွင် မြန်မာနိုင်ငံ၌ ငွေစက္ကူအတုပြုလုပ်သည့် အဖွဲ့တစ်ဖွဲ့အား ဖမ်း ဆီးရမိထားသဖြင့် ဗဟိုဘဏ်ဥပဒေဖြင့် တရားစွဲ ဆိုရန် ဆောင်ရွက်လျက်ရှိသည်ဟုပြောကြားခဲ့သည်။

ထို့ပြင် ငွေစက္ကူအတုများသည် အတုမှန်းသိသာသဖြင့် ပြည်သူများအနေဖြင့် အဓိပ္ပာယ်မရှိသည့် သတင်းများအား စိတ်အနှောင့်အယှက်မဖြစ်စေချင်ကြောင်း ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌဦးဝင်းသော်က ပြောသည်။

“ငွေစက္ကူအတုဆိုတာက ပရင်တာနဲ့ထုတ်ထားတဲ့အရည်အသွေးမရှိတဲ့အဆင့်ပါ ငွေစက္ကူအတုကိုသန်းနဲ့ချီပြီးအတုထုတ်နိုင်တဲ့အဆင့်လုံးမရှိပါဘူး ၅ ထောင်တန်နဲ့ ၁ သောင်းတန်တွေကိုလည်း တ ရားမဝင်ငွေကြေးအဖြစ် လုံးဝသတ်မှတ်သွားမှာမဟုတ်ပါဘူး”ဟုဗဟိုဘဏ်ဒု-ဥက္ကဋ္ဌကပြောသည်။

Zaw Gyi

ေငြစကၠဴအတုမ်ား သန္းႏွင့္ခ်ီ၍ထြက္ရွိေနသည္ဆိုသည့္ သတင္းမွာေကာလဟလသာျဖစ္ဟု ဗဟိုဘဏ္ဒု-ဥကၠ႒ေျပာ

လူမႈကြန္ယက္စာမ်က္ႏွာမ်ား၌ပ်ံ႕ႏွံ႔ေနသည့္ ျမန္ မာႏိုင္ငံတြင္ ေငြစကၠဴအတုမ်ားသန္းႏွင့္ခ်ီ၍ ထြက္ရွိေနသည္ဆိုသည့္သတင္းမွာ ေကာလဟလသာျဖစ္ေၾကာင္း ဗဟိုဘဏ္ဒု-ဥကၠ႒ဦးဝင္းေသာ္မွ ဆင္ဟြာသတင္းဌာနသို႔ ေျပာၾကားခ်က္အရ သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံ၏ဘဏ္စနစ္သည့္ တစ္ရက္ထက္တစ္ရက္ ပိုမိုတည္ၿငိမ္လာကာ အပ္ေငြမွာပိုမိုမ်ားျပားလာၿပီး ထုတ္ေငြမွာအနည္းငယ္သာရွိေၾကာင္း ေျပာၾကားထားသည္။

“လက္ရွိမွာ ဘဏ္ေတြအေနနဲ႔လမ္းေၾကာင္းေပၚကိုျပန္ေရာက္ရွိလာၿပီျဖစ္ပါတယ္ ဒါ့ေၾကာင့္ ေကာလဟလေတြကိုမယုံၾကည္ေစခ်င္ဘူး”ဟု ဗဟိုဘဏ္ဒု-ဥကၠ႒ဦးဝင္းေသာ္ကေျပာ သည္။

ထို႔ျပင္ ႏိုင္ငံတိုင္း၌ ေဒၚလာ အပါအဝင္ေငြစကၠဴ အတုမ်ားရွိကာ လတ္တေလာတြင္ ျမန္မာႏိုင္ငံ၌ ေငြစကၠဴအတုျပဳလုပ္သည့္ အဖြဲ႕တစ္ဖြဲ႕အား ဖမ္း ဆီးရမိထားသျဖင့္ ဗဟိုဘဏ္ဥပေဒျဖင့္ တရားစြဲ ဆိုရန္ ေဆာင္႐ြက္လ်က္ရွိသည္ဟုေျပာၾကားခဲ့သည္။

ထို႔ျပင္ ေငြစကၠဴအတုမ်ားသည္ အတုမွန္းသိသာသျဖင့္ ျပည္သူမ်ားအေနျဖင့္ အဓိပၸာယ္မရွိသည့္ သတင္းမ်ားအား စိတ္အေႏွာင့္အယွက္မျဖစ္ေစခ်င္ေၾကာင္း ဗဟိုဘဏ္ဒု-ဥကၠ႒ဦးဝင္းေသာ္က ေျပာသည္။

“ေငြစကၠဴအတုဆိုတာက ပရင္တာနဲ႔ထုတ္ထားတဲ့အရည္အေသြးမရွိတဲ့အဆင့္ပါ ေငြစကၠဴအတုကိုသန္းနဲ႔ခ်ီၿပီးအတုထုတ္ႏိုင္တဲ့အဆင့္လုံးမရွိပါဘူး ၅ ေထာင္တန္နဲ႔ ၁ ေသာင္းတန္ေတြကိုလည္း တ ရားမဝင္ေငြေၾကးအျဖစ္ လုံးဝသတ္မွတ္သြားမွာမဟုတ္ပါဘူး”ဟုဗဟိုဘဏ္ဒု-ဥကၠ႒ကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here