ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အဂတိအမှု ငါးမှုကို ပယ်ဖျက်ပေးရန်လျေက်ထားမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချ

0
53

ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အဂတိအမှု ငါးမှုကို ပယ်ဖျက်ပေးရန်လျေက်ထားမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဟောင်း ဒေါ်အာင်ဆန်းစုကြည်အား စွဲဆိုထားသော အဂတိအမှုများအနက် ငါးမှုကို ပယ်ဖျက်ပေးရန်လျှောက်ထားမှု အပေါ် ယမန်နေ့ (မတ် ၁၅)ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချခဲ့ကြောင်း ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရာဇဝတ်အထွေထွေလျှောက်လဲချက်အမှတ် ၁မှ ၂၀ အထိ ပယ်ချခဲ့ကြောင်း ယမန်နေ့တွင်ပင် ထုတ်ပြန်ထားရှိကြောင်း သိရသည်။

ပယ်ချခံရသည် ရာဇဝတ်အထွေထွေအမှုများ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် အဂတိအမှု ငါးမှုအပါအဝင် ဒေါက်တာမျိုးအောင်အမှု ငါးမှု၊ ဦးရဲမင်းဦးအမှု ငါးမှုနှင့် ဦးနိုင်ငံလင်းအမှု ငါးမှု စုစုပေါင်း အမှု ၂၀ အတွက် ပယ်ဖျက်ပေးရန်လျှောက်ထားမှုအပေါ် ပယ်ချ ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်သည့်အမှု ၊ခြောက်မှု သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရံပုံငွေမှ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းသုံးစွဲမှုများအတွက် အဂတိအမှု ငါးမှု နှင့် ရွေးကောက်ပွဲဆိုင်ရာမဲမသမာမှု ပြုလုပ်သည်ဆိုသော အမှုတို့ဖြင့် ဆက်လက် တရားရင်ဆိုင်သွား ရမည်ဖြစ်သည်။

Zaw Gyi







LEAVE A REPLY

Please enter your comment!
Please enter your name here