စက်သုံးဆီဈေး ကျပ်နှစ်ထောင်အောက်ပြန်ရောက်လာ

0
191

(Unicode)

စက်သုံးဆီဈေး ကျပ်နှစ်ထောင်အောက်ပြန်ရောက်လာ

ရန်ကုန် မတ် ၁၆

ယခုလဆန်းက တစ်လီတာကို ကျပ် (၂၄၀၀)နီးပါးအထိ ရှိခဲ့သည့် စက်သုံးဆီဈေးနှုန်းများက ယနေ့နံနက်ပိုင်းပိုင်း ကျပ်(၂၀၀၀)အောက်ပြန်လည် ရောက်ရှိလာသည်။

ကမ္ဘာ့ရေနံဈေးကွက်တွင် ရေနံဈေးနှုန်းများ တစ်ပတ်အတွင်း ကျဆင်းလာသည့်အတွက် ပြည်တွင်း စက်သုံးဆီဈေးနှုန်းကလည်း ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်ဟုသိရသည်။

ပြည်တွင်း၌ အသုံးပြု‌ နေသည့် စက်သုံးဆီ များမှာ ပြည်ပတင်သွင်းမှုကိုသာ အဓိက ထားနေရသဖြင့် ကမ္ဘာ့ရေနံဈေးနှင့် စက်သုံးဆီဈေးနှုန်းများ အပေါ် သက်ရောက်မှုရှိနေခြင်းဖြစ်သည်။

ကိုဗစ်(၁၉)ရောဂါ ဒုတိယလှိုင်း အတွင်း ၌ ပြည်တွင် တွင်စက်သုံးဆီတစ်လီတာကို ကျပ်သုံးရာနီးပါးအထိ စံချိန်တင်ကျဆင်းမှု ရှိခဲ့ဖူးပြီး ၎င်း အချိန်မှာကမ္ဘာ့ရေနံဈေးနှုန်းကလည်း ငါးနှစ်အတွင်းစံချိန်တင် ကျဆင်းခဲ့သောကြောင့်ဖြစ်သည်။

ယနေ့တွင် အောက်တိန်းတစ်လီတာကို (၁၉၅၀)ဖြစ်နေပြီးဒီဇယ်တစ်လီတာကို (၁၈၀၀)ဝန်းကျင်ဖြင့် ရန်ကုန် စက်သုံးဆီဆိုင်များတွင် ရောင်းချနေကြသည်။

(Zawgyi)

စက္သုံးဆီေဈး က်ပ္ႏွစ္ေထာင္ေအာက္ျပန္ေရာက္လာ

ရန္ကုန္ မတ္ ၁၆

ယခုလဆန္းက တစ္လီတာကို က်ပ္ (၂၄၀၀)နီးပါးအထိ ရွိခဲ့သည့္ စက္သုံးဆီေဈးႏႈန္းမ်ားက ယေန႔နံနက္ပိုင္းပိုင္း က်ပ္(၂၀၀၀)ေအာက္ျပန္လည္ ေရာက္ရွိလာသည္။

ကမာၻ႔ေရနံေဈးကြက္တြင္ ေရနံေဈးႏႈန္းမ်ား တစ္ပတ္အတြင္း က်ဆင္းလာသည့္အတြက္ ျပည္တြင္း စက္သုံးဆီေဈးႏႈန္းကလည္း ျပန္လည္က်ဆင္းလာျခင္းျဖစ္သည္ဟုသိရသည္။

ျပည္တြင္း၌ အသုံးျပဳ‌ ေနသည့္ စက္သုံးဆီ မ်ားမွာ ျပည္ပတင္သြင္းမႈကိုသာ အဓိက ထားေနရသျဖင့္ ကမာၻ႔ေရနံေဈးႏွင့္ စက္သုံးဆီေဈးႏႈန္းမ်ား အေပၚ သက္ေရာက္မႈရွိေနျခင္းျဖစ္သည္။

ကိုဗစ္(၁၉)ေရာဂါ ဒုတိယလႈိင္း အတြင္း ၌ ျပည္တြင္ တြင္စက္သုံးဆီတစ္လီတာကို က်ပ္သုံးရာနီးပါးအထိ စံခ်ိန္တင္က်ဆင္းမႈ ရွိခဲ့ဖူးၿပီး ၎ အခ်ိန္မွာကမာၻ႔ေရနံေဈးႏႈန္းကလည္း ငါးႏွစ္အတြင္းစံခ်ိန္တင္ က်ဆင္းခဲ့ေသာေၾကာင့္ျဖစ္သည္။

ယေန႔တြင္ ေအာက္တိန္းတစ္လီတာကို (၁၉၅၀)ျဖစ္ေနၿပီးဒီဇယ္တစ္လီတာကို (၁၈၀၀)ဝန္းက်င္ျဖင့္ ရန္ကုန္ စက္သုံးဆီဆိုင္မ်ားတြင္ ေရာင္းခ်ေနၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here