တပေါင်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်သို့လာရောက်ဖူးမြော်သည့် မြင်ကွင်းပုံရိပ်များ

0
254

(Unicode)

တပေါင်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်သို့လာရောက်ဖူးမြော်သည့် မြင်ကွင်းပုံရိပ်များ

ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်သို့လာရောက်ဖူးမြော်ကြည်ညိုသူများ၏ မြင်ကွင်းပုံရိပ်များဖြစ်ပါသည်။

ရွှေတိဂုံစေတီတော်တွင် ၂၆၁၀ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်လည်း ကျင်းပနေလျက်ရှိနေသည်။

သာသနာတော်နှစ် ၂၅၆၅ နှစ်၊ ကောဇာသက္ကရာဇ်၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၆ရက်နေ့၊ ခရစ်နှစ် ၂၀၂၂ခုနှစ်၊ မတ်လ ၇ ရက်၊ တနင်္လာနေ့၊ နံနက်၀၉၀၀နာရီအချိန် မှစပြီး ယနေ့ မတ်လ၁၆ရက် နံနက်၉နာရီ တပေါင်းလပြည့်နေ့အထိ ၁၀ရက်တိုင်တိုင် ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်‌ အောင်မြေအနီး ချမ်းသာကြီးတန်ဆောင်း၌ ၂၆၁၀ နှစ်မြောက်၊ ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အထိမ်းအမှတ်အဖြစ် သံဃာတော်၁၈ပါးက နာရီပေါင်း ၂၁၆နာရီတိုင်တိုင် ပဌာန်းဒေသနာတော်များရွက်ဖတ်ပူဇော်ခဲ့ကြသည်။

ယနေ့တပေါင်းလပြည့်နေ့တွင် ဆွမ်းတော်ကြီးဆက်ကပ်ခြင်းများပါဆောင်ရွက်ခဲ့ကြသည်ဟုသိရသည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here