ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး​အား ၁၀ ကြိမ်မြောက် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပွဲကျင်းပ

0
300

(Unicode)

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး​အား ၁၀ ကြိမ်မြောက် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပွဲကျင်းပ

မွန်ပြည်နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ၁၀ ကြိမ်မြောက်အဖြစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲကို မတ် ၁၆ ရက်(ယနေ့)နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ရင်ပြင်တော်ပေါ်၌ ကျင်းပခဲ့သည်။

ယနေ့(တပေါင်းလပြည့်နေ့)တွင် စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲအပြင် ရေစက်ချတရားတော်နာနှင့်ကြွရောက်လာကြသည့် ဆရာတော်၊သံဃာတော်မြတ်များအား ဆွန်းဆန်စိမ်းလောင်းလှူပွဲကိုလည်း ကျင်းပခဲ့ကြောင်း သိရသည်။

“ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ ကျောက်လုံးတော်ကြီးကို ၃ နှစ်တစ်ကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပါတယ် ဒီနှစ်ကတော့ ၁၀ ကြိမ်မြောက်ပါ”ဟုကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်တစ်ဦးကပြောသည်။

ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ၌ ကြွရောက်လာကြသည့် ဆရာတော်၊သံဃာတော်များမှ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေက ဇာတင်လှူပူဇော်ပြီး အမွှေးနံ့သာများပက်ဖျန်း၍ ရေသပ္ပါယ်ကာ ရောင်တော်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့ပြင် ဧည့်ပရိတ်သတ်များမှ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တအာစရ ဆရာတော်ထံမှကိုးပါးသီလခံယူဆောက်တည်ကာ ဆရာတော်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈယ်တော်မူခဲ့ကြကာ ရေစက်သွန်ချအမျှပေးဝေခဲ့ကြသည်။

(Zawgyi)

ဆံေတာ္ရွင္က်ိဳက္ထီး႐ိုးေစတီေတာ္ျမတ္ႀကီး​အား ၁၀ ႀကိမ္ေျမာက္ လုံးေတာ္ျပည့္ေ႐ႊသကၤန္း ကပ္လႉပြဲက်င္းပ

မြန္ျပည္နယ္ရွိ ဆံေတာ္ရွင္က်ိဳက္ထီး႐ိုးေစတီေတာ္ျမတ္ႀကီးအား ၁၀ ႀကိမ္ေျမာက္အျဖစ္ လုံးေတာ္ျပည့္ေ႐ႊသကၤန္းကပ္လႉပူေဇာ္ပြဲကို မတ္ ၁၆ ရက္(ယေန႔)နံနက္ပိုင္းက ေစတီေတာ္ျမတ္ႀကီး၏ရင္ျပင္ေတာ္ေပၚ၌ က်င္းပခဲ့သည္။

ယေန႔(တေပါင္းလျပည့္ေန႔)တြင္ ေစတီေတာ္ျမတ္ႀကီးအား ေ႐ႊသကၤန္းကပ္လႉပူေဇာ္ပြဲအျပင္ ေရစက္ခ်တရားေတာ္နာႏွင့္ႂကြေရာက္လာၾကသည့္ ဆရာေတာ္၊သံဃာေတာ္ျမတ္မ်ားအား ဆြန္းဆန္စိမ္းေလာင္းလႉပြဲကိုလည္း က်င္းပခဲ့ေၾကာင္း သိရသည္။

“က်ိဳက္ထီး႐ိုးေစတီေတာ္ျမတ္ႀကီးရဲ႕ ေက်ာက္လုံးေတာ္ႀကီးကို ၃ ႏွစ္တစ္ႀကိမ္ လုံးေတာ္ျပည့္ေ႐ႊသကၤန္းကပ္လႉပါတယ္ ဒီႏွစ္ကေတာ့ ၁၀ ႀကိမ္ေျမာက္ပါ”ဟုက်ိဳက္ထီး႐ိုးေစတီေတာ္ျမတ္ႀကီး ၏ ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕ဝင္တစ္ဦးကေျပာသည္။

ေ႐ႊသကၤန္းကပ္လႉပူေဇာ္ပြဲ၌ ႂကြေရာက္လာၾကသည့္ ဆရာေတာ္၊သံဃာေတာ္မ်ားမွ က်ိဳက္ထီး႐ိုးေစတီေတာ္ျမတ္ႀကီးအား ဗုဒၶါဘိေသက အေနက ဇာတင္လႉပူေဇာ္ၿပီး အေမႊးနံ႔သာမ်ားပက္ဖ်န္း၍ ေရသပၸါယ္ကာ ေရာင္ေတာ္ဖြင့္လွစ္ေပးခဲ့ၾကသည္။

ထို႔ျပင္ ဧည့္ပရိတ္သတ္မ်ားမွ အဂၢမဟာ သဒၵမၼေဇာတိကဓဇ ဘဒၵႏၲအာစရ ဆရာေတာ္ထံမွကိုးပါးသီလခံယူေဆာက္တည္ကာ ဆရာေတာ္မ်ားက ေမတၱာသုတ္ပရိတ္တရားေတာ္မ်ား ႐ြတ္ပြားသရဇၩယ္ေတာ္မူခဲ့ၾကကာ ေရစက္သြန္ခ်အမွ်ေပးေဝခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here