တစ်နိုင်ငံလုံးရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံပြီးစီးရေးကို ၂၀၂၂ ခုနှစ်ဧပြီလကုန်အပြီး ဆောင်ရွက်ရန်ရှိ

0
206

(Unicode)

တစ်နိုင်ငံလုံးရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံပြီးစီးရေးကို ၂၀၂၂ ခုနှစ်ဧပြီလကုန်အပြီး ဆောင်ရွက်ရန်ရှိ

ကူးစက်မြန်ကိုဗစ်ရောဂါအရေးကိစ္စအတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအား လက်ရှိတွင် အရှန်အဟုန်ဖြင့် ဆောင်ရွက်နေရာ တစ်နိုင်ငံလုံး ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံပြီးစီးရေးကို၂၀၂၂ ခုနှစ်ဧပြီလကုန်အပြီးလုပ်ဆောင်ရန် နစကက ရည်မှန်းချက်ထားထားသည်။

လက်ရှိတွင် ၂၀၂၂ မတ်လ၁၂ရက် နောက်ဆုံးထုတ်ပြန်ထားချက်အရ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၃၃၉ ၁၆၈၃ဦး၊ကာကွယ်ဆေး ၂ကြိမ်အပြည့်ထိုးနှံပြီးသူ၂၁၄၂၇၉ ၅၇ဦး၊ပထမအကြိမ်ထိုးနှံပြီးသူနှင့် ၂ကြိမ်အပြည့်ထိုးနှံပြီးသူ ၂၄၈၁၉ ၆၄၀ဦး၊စုစုပေါင်းထိုးနှံပြီးသော ကကွယ်ဆေးအကြိမ်ပေါင်း ၄၆၂၄၇၅၉ ၇ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ပြည်တွင်း၌ Ready to Fill စနစ်ဖြင့် ကိုဗစ်ကာကွယ်ဆေးလည်း စတင်ထုတ်လုပ်နေပြီလည်း ဖြစ်သည်။

ပြည်တွင်းကိုဗစ်ကူးစက်မှုအနေဖြင့် မတ်လ၁၅ရက်နေ့ ထုတ်ပြန်မှုများအရ ပိုးကူးစက်သူဦးရေ(၆၈၃)ဦးရှိပြီး ယင်းနေ့ ပိုးကူးစက်မှုရာခိုင်နှုန်းမှာ ၂.၉ ၁ရာခိုင်နှုန်းရှိခဲ့သည်။

ယခင်နေ့များနှင့် နှိုင်းယှဉ်လျှင် ပိုးကူးစက်မှု လျော့ကျလာသည်ကိုတွေ့ရသည်။

(Zawgyi)








LEAVE A REPLY

Please enter your comment!
Please enter your name here