မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကလမ်းကြောင်းပေါ်ရှိ ဗောဓိကမ်းတံတား မကြာမီဖွင့်မည်

0
177

(Unicode)

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကလမ်းကြောင်းပေါ်ရှိ ဗောဓိကမ်းတံတား မကြာမီဖွင့်မည်

တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီ-မောတောင်လမ်းပေါ်ရှိ ဗောဓိကမ်း တံတား တည်ဆောက်ရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သည်။

ဗောဓိကမ်းတံတား သည် မြန်မာ- ထိုင်း နယ်စပ် ကုန်သွယ်ရေးအတွက် အဓိက လမ်းကြောင်းပေါ်တွင်ရှိသည့် တံတားတစ်စင်းဖြစ်သည်။

ပြီးခဲ့သည့် အစိုးရလက်ထက်က ဆောင်ရွက်ခဲ့သည့် ယင်းတံတားစီမံကိန်းသည် တနင်္သာရီမြို့ တနင်္သာရီမောတောင်လမ်းပေါ်ရှိ ငဝန်မြစ် ကို ဖြတ်သန်းတည်ဆောက်ထားသည့်တံတားစီမံကိန်းဖြစ်ကာ တံတားအရှည် ၇၈၇ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ (၇ ဒသမ ၃၁၆ မီတာ)၊ လူသွားလမ်းအကျယ် ၃ ပေ (၀ ဒသမ၉၁၄ မီတာ)ရှိသည်။

တံတားပြီးစီးသွားပြီဖြစ်၍ ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် မောတောင်မှတနင်္သာရီသို့အသွား သဲဖြူမှတစ်ဆင့် တနင်္သာရီသို့ တိုက်ရိုက် မောင်းနှင်သွားလာနိုင် မည်ဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများ အတွက် အကျိုးရှိမည်ဖြစ်သည်။

ယခင်က တနင်္သာရီဘက် ကမ်းမှ ဗောဓိကမ်းဘက်သို့ သွားရောက်ရန် ငဝန်မြစ်ကို စက်ရေယာဉ်၊ လှေငယ်များ အသုံး ပြု၍ ဖြတ်သန်းသွားလာခဲ့ကြရသည်။

(Zawgyi)

ျမန္မာ-ထိုင္း နယ္စပ္ကုန္သြယ္ေရးအတြက္ အဓိကလမ္းေၾကာင္းေပၚရွိ ေဗာဓိကမ္းတံတား မၾကာမီဖြင့္မည္

တနသၤာရီ တိုင္းေဒသႀကီး တနသၤာရီ-ေမာေတာင္လမ္းေပၚရွိ ေဗာဓိကမ္း တံတား တည္ေဆာက္ေရး လုပ္ငန္းမ်ား ရာႏႈန္းျပည့္ ၿပီးစီးသြားၿပီျဖစ္၍ မၾကာမီ ဖြင့္လွစ္ေတာ့မည္ျဖစ္သည္။

ေဗာဓိကမ္းတံတား သည္ ျမန္မာ- ထိုင္း နယ္စပ္ ကုန္သြယ္ေရးအတြက္ အဓိက လမ္းေၾကာင္းေပၚတြင္ရွိသည့္ တံတားတစ္စင္းျဖစ္သည္။

ၿပီးခဲ့သည့္ အစိုးရလက္ထက္က ေဆာင္႐ြက္ခဲ့သည့္ ယင္းတံတားစီမံကိန္းသည္ တနသၤာရီၿမိဳ႕ တနသၤာရီေမာေတာင္လမ္းေပၚရွိ ငဝန္ျမစ္ ကို ျဖတ္သန္းတည္ေဆာက္ထားသည့္တံတားစီမံကိန္းျဖစ္ကာ တံတားအရွည္ ၇၈၇ေပ၊ ယာဥ္သြားလမ္းအက်ယ္ ၂၄ ေပ (၇ ဒသမ ၃၁၆ မီတာ)၊ လူသြားလမ္းအက်ယ္ ၃ ေပ (၀ ဒသမ၉၁၄ မီတာ)ရွိသည္။

တံတားၿပီးစီးသြားၿပီျဖစ္၍ ထိုင္း-ျမန္မာ နယ္စပ္ျဖစ္သည့္ ေမာေတာင္မွတနသၤာရီသို႔အသြား သဲျဖဴမွတစ္ဆင့္ တနသၤာရီသို႔ တိုက္႐ိုက္ ေမာင္းႏွင္သြားလာႏိုင္ မည္ျဖစ္ၿပီး ျမန္မာ-ထိုင္းနယ္စပ္ ကုန္သြယ္ေရး လုပ္ငန္းမ်ား အတြက္ အက်ိဳးရွိမည္ျဖစ္သည္။

ယခင္က တနသၤာရီဘက္ ကမ္းမွ ေဗာဓိကမ္းဘက္သို႔ သြားေရာက္ရန္ ငဝန္ျမစ္ကို စက္ေရယာဥ္၊ ေလွငယ္မ်ား အသုံး ျပဳ၍ ျဖတ္သန္းသြားလာခဲ့ၾကရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here