ဘဏ်ချေးငွေဖြင့်ဝယ်ယူထားသည့်ကားများအတွက်အကျေမပေးဆပ်သူများအားတရားစွဲဆို

0
134

(Unicode)

ဘဏ်ချေးငွေဖြင့်ဝယ်ယူထားသည့်ကားများအတွက်အကျေမပေးဆပ်သူများအားတရားစွဲဆို

နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်၊သီရိရတနာအဆင့်မြင့်စျေး၊သီရိကျော်စွာလမ်း၌ ဖွင့်လှစ်ထားသည့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်မှ ရှေ့ နေများမှတဆင့် အသိပေးကြေညာခဲ့ခြင်းဖြစ် သည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်မှကားဝယ်ယူလိုသူများအား အရစ်ကျစနစ်ဖြင့် ဝယ်ယူပေးခြင်းဖြစ်သည့်(Hire Purchase System)လုပ် ငန်းအားဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ ဆန္ဒဘုန်းပြည့်မိသားစု ကု မ္ပဏီလီမိတက်(ခ)ဆန္ဒဘုန်းပြည့်မြန်မာဂရုအော့ဖ်ကုမ္ပဏီလီမိတက်၏(အခွင့်ရဆက်သွယ်သူ)ထံမှတဆင့် ကားများအားအရစ်ကျဝယ်ယူသူများသည် ကားများ၏ Owner Book မူရင်းစာအုပ်များအား နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်(နေပြည် တော်စည်ပင်ဘဏ်)သို့ အာမခံအဖြစ်ပေးကာ ဘဏ်ချေးငွေလျှောက်ထားထုတ်ယူ၍ ကား ၅၄ စီးအားအရစ်ကျဝယ်ယူခဲ့ကြသည်ဟု အသိပေးကြေညာချက်၌ ရေးသားထားသည်။

ဘဏ်ချေးငွေဖြင့်ကားများအား အရစ်ကျဝယ်ယူထားသူများသည် သတ်မှတ်အချိန်ကာလကျော်လွန်သည်အထိ ချေးငွေအကျေပေးဆပ်ခြင်းမရှိသဖြင့် သက်ဆိုင်ရာ တရားရုံးအသီးသီးတွင် ဘဏ်မှတရားမ ကြောင်းအရ ဥပဒေနှင့်အညီတရားစွဲဆိုထားပြီးဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် ဘဏ်ချေးငွေဖြင့်ဝယ်ယူထားသည့် ကား ၅၄ စီး၏ Owner Book မူရင်းစာအုပ်များ သည် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၌ အာမခံအ ပေါင်ပစ္စည်းအဖြစ်ရှိသည့်အပြင် တရားရုံးတော်တွင် အမှုနှင့်ပတ်သက်သည့် ကားများဖြစ် ကြောင်း အသိပေးကြေညာထားသည်။

အဆိုပါ ကား ၅၄ စီးအား ရောင်းမှားဝယ်မှားမဖြစ်စေရန် အသိပေးကြေညာခဲ့ခြင်းဖြစ်ပြီး ကားများနှင့်ပတ်သက်၍ သိရှိလိုပါက လွှဲအပ်ညွှန်ကြားထားသည့် ရှေ့နေ(သို့)ဘဏ်၌စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

(Zawgyi)

ဘဏ္ေခ်းေငြျဖင့္ဝယ္ယူထားသည့္ကားမ်ားအတြက္အေက်မေပးဆပ္သူမ်ားအားတရားစြဲဆို

ေနျပည္ေတာ္၊ဇဗၺဴသီရိၿမိဳ႕နယ္၊သီရိရတနာအဆင့္ျမင့္ေစ်း၊သီရိေက်ာ္စြာလမ္း၌ ဖြင့္လွစ္ထားသည့္ ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္လီမိတက္မွ ေရွ႕ ေနမ်ားမွတဆင့္ အသိေပးေၾကညာခဲ့ျခင္းျဖစ္ သည္။

ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္လီမိတက္မွကားဝယ္ယူလိုသူမ်ားအား အရစ္က်စနစ္ျဖင့္ ဝယ္ယူေပးျခင္းျဖစ္သည့္(Hire Purchase System)လုပ္ ငန္းအားေဆာင္႐ြက္ခဲ့သည္။

ထိုသို႔ ေဆာင္႐ြက္ခဲ့ရာ ဆႏၵဘုန္းျပည့္မိသားစု ကု မၸဏီလီမိတက္(ခ)ဆႏၵဘုန္းျပည့္ျမန္မာဂ႐ုေအာ့ဖ္ကုမၸဏီလီမိတက္၏(အခြင့္ရဆက္သြယ္သူ)ထံမွတဆင့္ ကားမ်ားအားအရစ္က်ဝယ္ယူသူမ်ားသည္ ကားမ်ား၏ Owner Book မူရင္းစာအုပ္မ်ားအား ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္(ေနျပည္ ေတာ္စည္ပင္ဘဏ္)သို႔ အာမခံအျဖစ္ေပးကာ ဘဏ္ေခ်းေငြေလွ်ာက္ထားထုတ္ယူ၍ ကား ၅၄ စီးအားအရစ္က်ဝယ္ယူခဲ့ၾကသည္ဟု အသိေပးေၾကညာခ်က္၌ ေရးသားထားသည္။

ဘဏ္ေခ်းေငြျဖင့္ကားမ်ားအား အရစ္က်ဝယ္ယူထားသူမ်ားသည္ သတ္မွတ္အခ်ိန္ကာလေက်ာ္လြန္သည္အထိ ေခ်းေငြအေက်ေပးဆပ္ျခင္းမရွိသျဖင့္ သက္ဆိုင္ရာ တရား႐ုံးအသီးသီးတြင္ ဘဏ္မွတရားမ ေၾကာင္းအရ ဥပေဒႏွင့္အညီတရားစြဲဆိုထားၿပီးျဖစ္ ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဘဏ္ေခ်းေငြျဖင့္ဝယ္ယူထားသည့္ ကား ၅၄ စီး၏ Owner Book မူရင္းစာအုပ္မ်ား သည္ ေနျပည္ေတာ္ဖြံ႕ၿဖိဳးေရးဘဏ္၌ အာမခံအ ေပါင္ပစၥည္းအျဖစ္ရွိသည့္အျပင္ တရား႐ုံးေတာ္တြင္ အမႈႏွင့္ပတ္သက္သည့္ ကားမ်ားျဖစ္ ေၾကာင္း အသိေပးေၾကညာထားသည္။

အဆိုပါ ကား ၅၄ စီးအား ေရာင္းမွားဝယ္မွားမျဖစ္ေစရန္ အသိေပးေၾကညာခဲ့ျခင္းျဖစ္ၿပီး ကားမ်ားႏွင့္ပတ္သက္၍ သိရွိလိုပါက လႊဲအပ္ၫႊန္ၾကားထားသည့္ ေရွ႕ေန(သို႔)ဘဏ္၌စုံစမ္းေမးျမန္းႏိုင္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here