ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းကြောင့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲကာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတမ်းသို့ ဦးတည်လာနိုင်ဖွယ်ရှိ

0
91

(Unicode)

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းကြောင့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲကာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတမ်းသို့ ဦးတည်လာနိုင်ဖွယ်ရှိ

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းကြောင့် ဆိုင်ကလုန်မုန်တိုင်းအဖြစ်သို့ ပြောင်းလဲကာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ကမ်းခြေအနေအနီးသို့ ဦးတည်လာနိုင်ဖွယ်ရှိကြောင်း ယနေ့ မတ် ၁၇ ရက် နံနက်ပိုင်းတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဋ္ဌာန ထုတ်ပြန်ထားသည်။

မိုး/ဇလ၏ ယနေ့ နံနက်ပိုင်း ၁ဝနာရီ မိနစ် ၃၀ တိုင်းထွာချက်များအရ ထုတ်ပြန်ထားခြင်းဖြစ်ပြီး၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ ပိုမိုအားကောင်းလာပြီး ကပ္ပလီပင်လယ်ပြင်နှင့် နီကိုးဘား ကျွန်းအနီးတို့တွင် မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ယင်းမုန်းတိုင်းငယ်သည် မြောက်အရပ်(သို့မဟုတ်)အနောက်မြောက်အရပ်သို့ ဆက်လက်ရွေ့လျား လာပြီးနောက် မတ်လ ၂၁ရက်နေ့တွင် ဆိုင်ကလုံးမုန်တိုင်းငယ်အဖြစ်သို့ အားကောင်းလာ၍ မတ်လ ၂၃ ရက်တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ကမ်းခြေအနီးသို ့ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားရှိကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် ခန့်မှန်းတိုင်းထွားချက်များအနေဖြင့် ယနေ့ မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း ရေပြင်လေသည် ရှေ့(သို့) အရှေ့တောင်တွင် တစ်နာရီလျှင် ပင်လယ်မိုင် ၅ ဒဿမ ၁၀ မိုင်၊ တစ်ခါတရံတွင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်မည်ဖြစ်ပြီး လှိုင်းအမြင့် ၅ပေမှ ၈ပေခန့်အထိ ရှိလာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် ရန်ကုန်မှ တနသာင်္ရီကမ်းရိုးတ်းတစ်လျှောက် ပင်လာ်ပြင် ခရီးအတွက် ခန့်မှန်းတိုင်းထွာချက်မှာ ယနေ့မွန်းတည့်မှ နောက်၂၄ နာရီအတွင်းရေပြင်လေသည် မြောက်(သို့) အနောက်မြောက် တစ်နာရီလျှင် ပင်လယ်မိုင် ၅ ဒဿမ ၁၀ မိုင်၊ တစ်ခါတစ်ရံတွင် ၂၅မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်မည်ဖြစ်ပြီး လှိုင်းအမြင့် ၆ပေမှ ၈ပေခန်က အထိ ရှိလာနိုင်ကြောင်း သိရသည်။

(Zawgyi)






ယင်းအပြင် ရန်ကုန်မှ တနသာင်္ရီကမ်းရိုးတ်းတစ်လျှောက် ပင်လ်ာပြင် ခရီးအတွက် ခန့်မှန်းတိုင်းထွာချက်မှာ ယနေ့မွန်းတည့်မှ နောက်၂၄ နာရီအတွင်းရေပြင်လေသည် မြောက်(သို့) အနောက်မြောက် တစ်နာရီလျှင် ပင်လယ်မိုင် ၅ ဒဿမ ၁၀ မိုင်၊ တစ်ခါတစ်ရံတွင် ၂၅မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်မည်ဖြစ်ပြီး လှိုင်းအမြင့် ၆ပေမှ ၈ပေခန်က အထိ ရှိလာနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here