ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အမှု ခုနှစ်မှု မနက်ဖြန် တစ်ပေါင်းတည်းစစ်ဆေးရန်ရှိနေ

0
94

ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အမှု ခုနှစ်မှု မနက်ဖြန် တစ်ပေါင်းတည်းစစ်ဆေးရန်ရှိနေ

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အဂတိအမှု ငါးမှု အပါအဝင် မဲမသမာမှု နှစ်မှု ၊ စုစုပေါင်း အမှု ခုနှစ်မှုတို့ကို မနက်ဖြန်တစ်ပေါင်းတည်းစစ်ဆေးရန်ရှိနေကြောင်း တရားရုံးနှင့် နီးစပ်သူ ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

အဆိုပါ အမှုများအား မနက်ဖြန် မတ် ၁၈ ရက်နေ့၌ မန္တလေးအိုးဘိုထောင်တွင်း တရားရုံးတွင် စစ်ဆေးကြားနာ သွားမည်ဖြစ်သည်ဟုဆိုသည်။

“ ဒေါက်တာဇော်မြင့်မောင်အမှုတွေနဲ့ ပတ်သက်လို့ မနက်ဖြန်အကုန်လုံးချိန်းထားတယ်။ အဂတိအမှု ငါးမှု၊ မဲမသမာမှု ပြုလုပ်တယ်ဆိုတဲ့ အမှု နှစ်မှုရယ်ကို စစ်ဆေးဖို့ရှိပါတယ်” ဟု ပြောသည်။

စွဲဆိုခံထားရသော အမှု ခုနှစ် မှုတို့အတွက် ပြန်ခေါ်သက်သေများအား စစ်ဆေးရန်အဆင့်သို့ရောက်ရှိနေပြီး ၊ ပြန်ခေါ်သက်သေများစစ်ဆေးပြီးပါက စွပ်စွဲခံရသူဘက်ကို ဆက်လက်စစ်ဆေးသွားဖြစ်ကြောင်း သိရသည်။

“ အဂတိအမှု ငါးမှု စလုံးက ပြန်ခေါ်သက်သေတွေကို ခေါ်စစ်တဲ့ အဆင့်ရောက်နေပြီ။ မဲမသမာမှုက ပြန်ခေါ်သက်သေစစ်ဆေးတဲ့ အဆင့်ဘဲ။ ဒါပြီးသွားရင်တော့ တရားခံစစ် ကို စလုပ်တော့မှာပါ။” ဟု ထပ်လောင်း ပြောကြားသည်။

သွေးကင်ဆာဝေဒနာ ခံစားနေရသော ဒေါက်တာဇော်မြင့်မောင်အနေဖြင့် နိုင်ငံတော်အကြည်ညိုပျက်ဆီး စေမှုပုဒ်မ ၅၀၅(ခ)နှင့် သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ ၂၅/၃၀(က) တို့ အတွက် ထောင်ဒဏ်ချ မှတ်ခံထားရပြီး ဖြစ်သည်။

Zaw Gyi

ေဒါက္တာေဇာ္ျမင့္ေမာင္အား စြဲဆိုထားေသာ အမႈ ခုႏွစ္မႈ မနက္ျဖန္ တစ္ေပါင္းတည္းစစ္ေဆးရန္ရွိေန

မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေဇာ္ျမင့္ေမာင္အား စြဲဆိုထားေသာ အဂတိအမႈ ငါးမႈ အပါအဝင္ မဲမသမာမႈ ႏွစ္မႈ ၊ စုစုေပါင္း အမႈ ခုႏွစ္မႈတို႔ကို မနက္ျဖန္တစ္ေပါင္းတည္းစစ္ေဆးရန္ရွိေနေၾကာင္း တရား႐ုံးႏွင့္ နီးစပ္သူ ေရွ႕ေနအသိုင္းအဝိုင္းထံမွ သိရသည္။

အဆိုပါ အမႈမ်ားအား မနက္ျဖန္ မတ္ ၁၈ ရက္ေန႔၌ မႏၲေလးအိုးဘိုေထာင္တြင္း တရား႐ုံးတြင္ စစ္ေဆးၾကားနာ သြားမည္ျဖစ္သည္ဟုဆိုသည္။

“ ေဒါက္တာေဇာ္ျမင့္ေမာင္အမႈေတြနဲ႔ ပတ္သက္လို႔ မနက္ျဖန္အကုန္လုံးခ်ိန္းထားတယ္။ အဂတိအမႈ ငါးမႈ၊ မဲမသမာမႈ ျပဳလုပ္တယ္ဆိုတဲ့ အမႈ ႏွစ္မႈရယ္ကို စစ္ေဆးဖို႔ရွိပါတယ္” ဟု ေျပာသည္။

စြဲဆိုခံထားရေသာ အမႈ ခုႏွစ္ မႈတို႔အတြက္ ျပန္ေခၚသက္ေသမ်ားအား စစ္ေဆးရန္အဆင့္သို႔ေရာက္ရွိေနၿပီး ၊ ျပန္ေခၚသက္ေသမ်ားစစ္ေဆးၿပီးပါက စြပ္စြဲခံရသူဘက္ကို ဆက္လက္စစ္ေဆးသြားျဖစ္ေၾကာင္း သိရသည္။

“ အဂတိအမႈ ငါးမႈ စလုံးက ျပန္ေခၚသက္ေသေတြကို ေခၚစစ္တဲ့ အဆင့္ေရာက္ေနၿပီ။ မဲမသမာမႈက ျပန္ေခၚသက္ေသစစ္ေဆးတဲ့ အဆင့္ဘဲ။ ဒါၿပီးသြားရင္ေတာ့ တရားခံစစ္ ကို စလုပ္ေတာ့မွာပါ။” ဟု ထပ္ေလာင္း ေျပာၾကားသည္။

ေသြးကင္ဆာေဝဒနာ ခံစားေနရေသာ ေဒါက္တာေဇာ္ျမင့္ေမာင္အေနျဖင့္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ဆီး ေစမႈပုဒ္မ ၅၀၅(ခ)ႏွင့္ သဘာေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ပုဒ္မ ၂၅/၃၀(က) တို႔ အတြက္ ေထာင္ဒဏ္ခ် မွတ္ခံထားရၿပီး ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here