ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၇၆/၆)အနီးတွင် ဆီဘောက်ဆာယာဉ်(၁)စီး မီးလောင်

0
194

(Unicode)

ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၇၆/၆)အနီးတွင် ဆီဘောက်ဆာယာဉ်(၁)စီး မီးလောင်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ(၃)ရပ်ကွက်၊ ပင်းတလဲကွေ့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၇၆/၆)အနီးတွင် ဆီဘောက်ဆာယာဉ်(၁)စီး မီးလောင်မှုယနေ့မနက်၁၀နာရီခန့်ကဖြစ်ပွါးခဲ့သည်။

ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ပြွန်တန်ဆာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဒိုက်ဦးမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာမနက်၁၀နာရီ ၄၅ အချိန်တွင် မီးငြိမ်းသွားခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး မီးလောင်ဒဏ်ရာရရှိသဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း မီးသတ်တပ်ဖွဲ့ကပြောဆိုသည်။

ဆီဘောက်ဆာကားမီးလောင်မှုတွင် အနီးနားမှ လူနေအိမ်အချို့ကို မီးကူးစက်မှု ရှိခဲ့ပြီး နေအိမ်တစ်လုံးမှာ ပြာပုံအတိဖြစ်သွားခဲ့ကြောင်း ဒေသခံတို့၏ပြောကြားချက်အရသိရသည်။

(Zawgyi)

ရန္ကုန္-မႏၲေလးလမ္းေဟာင္း၊ မိုင္တိုင္အမွတ္ (၇၆/၆)အနီးတြင္ ဆီေဘာက္ဆာယာဥ္(၁)စီး မီးေလာင္

ပဲခူးတိုင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႕နယ္၊ ႁပြန္တန္ဆာၿမိဳ႕၊ ၿမိဳ႕မ(၃)ရပ္ကြက္၊ ပင္းတလဲေကြ႕အနီး ရန္ကုန္-မႏၲေလးလမ္းေဟာင္း၊ မိုင္တိုင္အမွတ္ (၇၆/၆)အနီးတြင္ ဆီေဘာက္ဆာယာဥ္(၁)စီး မီးေလာင္မႈယေန႔မနက္၁၀နာရီခန္႔ကျဖစ္ပြါးခဲ့သည္။

ေညာင္ေလးပင္ၿမိဳ႕နယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၁)စီး၊ ေရသယ္ယာဥ္(၂)စီး၊ ႁပြန္တန္ဆာနယ္ေျမမီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၂)စီး၊ ေရသယ္ယာဥ္(၁)စီး၊ ဒိုက္ဦးၿမိဳ႕နယ္မီးသတ္စခန္းမွ ေရသယ္ယာဥ္(၁)စီး၊ ပဲခူးခ႐ိုင္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၁)စီးတို႔ျဖင့္ ထြက္ခြာျငႇိမ္းသတ္ခဲ့ရာမနက္၁၀နာရီ ၄၅ အခ်ိန္တြင္ မီးၿငိမ္းသြားခဲ့သည္ဟု မီးသတ္တပ္ဖြဲ႕ကသတင္းထုတ္ျပန္ထားသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚပါ က်ား(၂)ဦး မီးေလာင္ဒဏ္ရာရရွိသျဖင့္ ပဲခူးျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္းလည္း မီးသတ္တပ္ဖြဲ႕ကေျပာဆိုသည္။

ဆီေဘာက္ဆာကားမီးေလာင္မႈတြင္ အနီးနားမွ လူေနအိမ္အခ်ိဳ႕ကို မီးကူးစက္မႈ ရွိခဲ့ၿပီး ေနအိမ္တစ္လုံးမွာ ျပာပုံအတိျဖစ္သြားခဲ့ေၾကာင္း ေဒသခံတို႔၏ေျပာၾကားခ်က္အရသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here