စင်ကာပူအခြေစိုက် Crystal Jade စားသောက်ဆိုင်လုပ်ငန်း မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွါ

0
132

(Unicode)

စင်ကာပူအခြေစိုက် Crystal Jade စားသောက်ဆိုင်လုပ်ငန်း မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွါ

မြန်မာနိုင်ငံတွင် ၂၀၁၇ မှစတင်၍ ဖွင့်လှစ်ထားခဲ့သော Crystal Jade Kitchen Myanmar က ၄င်း၏ဆိုင်ခန်းများအားလုံးကို အပြီးတိုင်ပိတ်လိုက်ပြီး Crystal Jade Kitchen Brand အားမြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွါတော့မည်ဖြစ်ကြောင်း အဆိုပါလုပ်ငန်းက အသိပေးကြေငြာသည်။

ကြေငြာမှုတွင်”ယခုလို ၆နှစ်တာခရီးလမ်းတလျှောက်စဉ်ဆက်မပြတ် အားပေးမှုများအတွက် Crystal Jade Kitchen Myanmar မှ အထူး​ကျေးဇူးတင်ရှိပါတယ်”ဖော်ပြထားသည်ကိုတွေ့ရသည်။

Crystal Jade Kitchen Myanmarသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Terminal 2 ၊Sedona Hotel၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Junction City နှင့် Union Business Center တို့တွင် ဆိုင်ခွဲများဖွင့်လှစ်ထားသည့် လုပ်ငန်းတစ်ခုဖြစ်ကာ မြန်မာအပါအဝင် နိုင်ငံပေါင်း ရှစ်နိုင်ငံတွင် ဆိုင်ခွဲပေါင်း ၁၀၀ ကျော်ခန့် ဖွင့်လှစ်ထားသည်ဟုသိရသည်။

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here