ထောင်ဝင်စာကူညီပို့ပေးနေသူ ဗကသကျောင်းသားလူငယ်သုံးဦး အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ(၅၂က၊၅၀ည)ပုဒ်မနှစ်ခုစီဖြင့် စွဲချက်တင်ခံထားရ

0
310

(Unicode)

ထောင်ဝင်စာကူညီပို့ပေးနေသူ ဗကသကျောင်းသားလူငယ်သုံးဦး အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ(၅၂က၊၅၀ည)ပုဒ်မနှစ်ခုစီဖြင့် စွဲချက်တင်ခံထားရ

ဗကသများအဖွဲ့ချုပ်မှ ထောင်ဒဏ်နှစ်ရှည်အကျဉ်းကျခံနေရသူတို့၏ ထောင်ဝင်စာအတွက် ကူညီပို့ဆောင်ပေးနေသူများဖြစ်သည့် ဗကသများအဖွဲ့ချုပ်မှ ကိုအောင်မျိုးကို၊ကိုကျော်ဇင်လတ်၊မသီရိရတနာတို့ သုံးဦးကို PDFအား ထောက်ပံ့ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ(၅၂က၊၅၀ည)ပုဒ်မနှစ်ခုစီဖြင့် စွဲချက်တင်ထားကြောင်းမိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂသတင်းနှင့်ပြန်ကြားရေးမှသိရသည်။

မတ်လ(၂)ရက်နေ့ ညနေပိုင်းက မန္တလေး၊ အမရပူရမြို့ရှိ မသီရိရတနာ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးပြီးနောက် PDFကိုထောက်ပံ့နေသည်ဟုစွပ်စွဲကာ အမှုတခုလျှင် အနည်းဆုံးထောင်ဒဏ်(၃)နှစ် ချမှတ်ခံရနိုင်သည့် အကြမ်းဖက်တိုက်ဖျက်ရေးအမှုများဖြင့် စွဲချက်တင်ထားခြင်းလည်းဖြစ်သည်ဟု အဆိုပါသမဂ္ဂက ပြောဆိုထားသည်။

မတ်လ(၂)ရက်နေ့ကပင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ၎င်းတို့သုံးဦးကို မန္တလေးမြို့၊အမရပူရရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်မှာ သီတင်းနှစ်ပတ်ရှိပြီဖြစ်ကာ မတ်လ(၂၃)ရက်တွင် ရီမန်ယူမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ယင်းအပြင် ၅၀၅ဖြင့် ဝရမ်းထုတ်ခံထားရပြီးသော ဗကသများအဖွဲ့ချုပ်ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးနှင့် ဗကသများအဖွဲ့ချုပ်ဆန္ဒပြသပိတ်ဦးဆောင်သူ ကိုညီညီဇင်တို့နှစ်ဦးကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ(၅၂က၊၅၀ည)ပုဒ်မနှစ်ခုစီဖြင့် ထပ်မံဝရမ်းထုတ်ထားကြောင်းပါ သိရှိရကြောင်း မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂသတင်းနှင့်ပြန်ကြားရေးမှသိရသည်။

(Zawgyi)

ေထာင္ဝင္စာကူညီပို႔ေပးေနသူ ဗကသေက်ာင္းသားလူငယ္သုံးဦး အၾကမ္းဖက္တိုက္ဖ်က္ေရးပုဒ္မ(၅၂က၊၅၀ည)ပုဒ္မႏွစ္ခုစီျဖင့္ စြဲခ်က္တင္ခံထားရ

ဗကသမ်ားအဖြဲ႕ခ်ဳပ္မွ ေထာင္ဒဏ္ႏွစ္ရွည္အက်ဥ္းက်ခံေနရသူတို႔၏ ေထာင္ဝင္စာအတြက္ ကူညီပို႔ေဆာင္ေပးေနသူမ်ားျဖစ္သည့္ ဗကသမ်ားအဖြဲ႕ခ်ဳပ္မွ ကိုေအာင္မ်ိဳးကို၊ကိုေက်ာ္ဇင္လတ္၊မသီရိရတနာတို႔ သုံးဦးကို PDFအား ေထာက္ပံ့ခဲ့သည္ဆိုေသာ စြပ္စြဲခ်က္ျဖင့္ အၾကမ္းဖက္တိုက္ဖ်က္ေရးပုဒ္မ(၅၂က၊၅၀ည)ပုဒ္မႏွစ္ခုစီျဖင့္ စြဲခ်က္တင္ထားေၾကာင္းမိတၳီလာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢသတင္းႏွင့္ျပန္ၾကားေရးမွသိရသည္။

မတ္လ(၂)ရက္ေန႔ ညေနပိုင္းက မႏၲေလး၊ အမရပူရၿမိဳ႕ရွိ မသီရိရတနာ၏ေနအိမ္သို႔ ဝင္ေရာက္ရွာေဖြဖမ္းဆီးၿပီးေနာက္ PDFကိုေထာက္ပံ့ေနသည္ဟုစြပ္စြဲကာ အမႈတခုလွ်င္ အနည္းဆုံးေထာင္ဒဏ္(၃)ႏွစ္ ခ်မွတ္ခံရႏိုင္သည့္ အၾကမ္းဖက္တိုက္ဖ်က္ေရးအမႈမ်ားျဖင့္ စြဲခ်က္တင္ထားျခင္းလည္းျဖစ္သည္ဟု အဆိုပါသမဂၢက ေျပာဆိုထားသည္။

မတ္လ(၂)ရက္ေန႔ကပင္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသည့္ ၎တို႔သုံးဦးကို မႏၲေလးၿမိဳ႕၊အမရပူရရဲစခန္းတြင္ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားသည္မွာ သီတင္းႏွစ္ပတ္ရွိၿပီျဖစ္ကာ မတ္လ(၂၃)ရက္တြင္ ရီမန္ယူမည္ျဖစ္ေၾကာင္းလည္း သိရွိရသည္။

ယင္းအျပင္ ၅၀၅ျဖင့္ ဝရမ္းထုတ္ခံထားရၿပီးေသာ ဗကသမ်ားအဖြဲ႕ခ်ဳပ္ဥကၠဌ ကိုေအာင္ျပည့္စုံၿဖိဳးႏွင့္ ဗကသမ်ားအဖြဲ႕ခ်ဳပ္ဆႏၵျပသပိတ္ဦးေဆာင္သူ ကိုညီညီဇင္တို႔ႏွစ္ဦးကိုလည္း အၾကမ္းဖက္တိုက္ဖ်က္ေရးပုဒ္မ(၅၂က၊၅၀ည)ပုဒ္မႏွစ္ခုစီျဖင့္ ထပ္မံဝရမ္းထုတ္ထားေၾကာင္းပါ သိရွိရေၾကာင္း မိတၳီလာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢသတင္းႏွင့္ျပန္ၾကားေရးမွသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here