အင်္ဂလိပ်စာ၊ဓာတုဗေဒ၊ဇီဝဗေဒ(၃)ဘာသာစုစုပေါင်းရမှတ်(အများ/အနည်း) ပေါ်မူတည်၍ ဆေးတက္ကသိုလ်များသို့ လူတွေ့စစ်ဆေးခြင်းစာမေးပွဲဖြင့် ဖြေဆိုခွင့်ပြုမည်

0
100

အင်္ဂလိပ်စာ၊ဓာတုဗေဒ၊ဇီဝဗေဒ(၃)ဘာသာစုစုပေါင်းရမှတ်(အများ/အနည်း) ပေါ်မူတည်၍ ဆေးတက္ကသိုလ်များသို့ လူတွေ့စစ်ဆေးခြင်းစာမေးပွဲဖြင့် ဖြေဆိုခွင့်ပြုမည်


၂ဝ၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်မည့်သူများအတွက် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ခေါ်ယူရေးနှင့်စပ်လျဉ်းပြီး ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ်ဖြင့် ထုတ်ပြန်ရာဝယ် ယခင်ကကဲ့သို့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ(၆)ဘာသာရမှတ်၏သတ်မှတ်စုစုပေါင်း ရမှတ်များမဟုတ်တော့ဘဲ အင်္ဂလိပ်စာ၊ဓာတုဗေဒ၊ဇီဝဗေဒ(၃)ဘာသာစုစုပေါင်းရမှတ်(အများ/အနည်း)ဖြင့် လူတွေ့စစ်ဆေးခြင်းစာမေးပွဲကျင်းပပေးကာ ဆေးကျောင်းများသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသည် ပြည်သူလူထု အားအရည်အသွေးပြည့်ဝ၍လူတိုင်းလက်လှမ်းမီသောကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန်အတွက် ကျန်းမာရေးကဏ္ဍဆိုင်ရာမူဝါဒများချမှတ်ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့် မွေးထုတ်ပေးလျက်ရှိရာတွင် ပိုမိုထိရောက်ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုကိုပေးစွမ်းနိုင်ရေးအတွက် စေတနာ၊ မေတ္တာ၊ ကရုဏာ၊ ဝါသနာနှင့်ပြည့်စုံသည့် ဆရာဝန်များ၊ သွားဘက်ဆိုင်ရာဆရာဝန်များကို လေ့ကျင့်မွေးထုတ်နိုင်ရန်ရည်ရွယ်၍ ထိုသို့ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ရှင်းပြသည်။

“ကျွန်မသားဆို ဆေးကျောင်းကို ရမှတ်၃မှတ်အကွာနဲ့ကျန်ခဲ့ရတယ်။သူတအားဝါသနာပါတာကို စွန့်ခဲ့ရတာရှိတယ်။ဒီစနစ်က ဝါသနာပါပြီးအကြောင်းအမျိုးမျိုးကြောင့် ရမှတ်နည်းခဲ့ရတဲ့သူတွေအတွက် မျှော်လင့်ချက်ရမယ့်၊ထပ်မံကြိုးစားခွင့်ရမယ့်စနစ်လို့မြင်ပါတယ်”ဟုကျောင်းသားမိဘတစ်ဦးကမှတ်ချက်ပြုသည်။

၂၀၂၂-ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မည့်သူများသည် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ ဝင်ခွင့်ခေါ်ယူရာတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ(၆)ဘာသာရမှတ်၏ သတ်မှတ်စုစုပေါင်း ရမှတ်ရရှိသူများအနက်မှ အင်္ဂလိပ်စာ၊ဓာတုဗေဒ၊ဇီဝဗေဒ(၃)ဘာသာစုစုပေါင်းရမှတ်(အများ/အနည်း) ပေါ်မူတည်၍ လူတွေ့စစ်ဆေးခြင်းစာမေးပွဲ ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ရွေးချယ်ခံရသူများအား ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ကျောင်းသား/သူများ ကြိုတင်သိရှိနိုင်ရေးကျန်းမာရေးဝန်ကြီးဌာနက ယခုအစီအစဉ်ကိုကြေညာခြင်းလည်းဖြစ်သည်။

Zaw Gyi

အဂၤလိပ္စာ၊ဓာတုေဗဒ၊ဇီဝေဗဒ(၃)ဘာသာစုစုေပါင္းရမွတ္(အမ်ား/အနည္း) ေပၚမူတည္၍ ေဆးတကၠသိုလ္မ်ားသို႔ လူေတြ႕စစ္ေဆးျခင္းစာေမးပြဲျဖင့္ ေျဖဆိုခြင့္ျပဳမည္


၂ဝ၂၂-ခုႏွစ္၊ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုေအာင္ျမင္မည့္သူမ်ားအတြက္ ေဆးတကၠသိုလ္မ်ားႏွင့္ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္မ်ားသို႔ ဝင္ခြင့္ေခၚယူေရးႏွင့္စပ္လ်ဥ္းၿပီး က်န္းမာေရးဝန္ႀကီးဌာနက ေၾကညာခ်က္တစ္ရပ္ျဖင့္ ထုတ္ျပန္ရာဝယ္ ယခင္ကကဲ့သို႔ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာဓာတုေဗဒ၊ ႐ူပေဗဒ၊ ဇီဝေဗဒ(၆)ဘာသာရမွတ္၏သတ္မွတ္စုစုေပါင္း ရမွတ္မ်ားမဟုတ္ေတာ့ဘဲ အဂၤလိပ္စာ၊ဓာတုေဗဒ၊ဇီဝေဗဒ(၃)ဘာသာစုစုေပါင္းရမွတ္(အမ်ား/အနည္း)ျဖင့္ လူေတြ႕စစ္ေဆးျခင္းစာေမးပြဲက်င္းပေပးကာ ေဆးေက်ာင္းမ်ားသို႔ တက္ေရာက္ခြင့္ျပဳမည္ျဖစ္သည္။

က်န္းမာေရးဝန္ႀကီးဌာန၊ က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္ဦးစီးဌာနသည္ ျပည္သူလူထု အားအရည္အေသြးျပည့္ဝ၍လူတိုင္းလက္လွမ္းမီေသာက်န္းမာေရးေစာင့္ေရွာက္မႈရရွိေစရန္အတြက္ က်န္းမာေရးက႑ဆိုင္ရာမူဝါဒမ်ားခ်မွတ္ၿပီး က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္မ်ားကို ေလ့က်င့္ ေမြးထုတ္ေပးလ်က္ရွိရာတြင္ ပိုမိုထိေရာက္ေကာင္းမြန္ေသာ က်န္းမာေရးေစာင့္ေရွာက္မႈကိုေပးစြမ္းႏိုင္ေရးအတြက္ ေစတနာ၊ ေမတၱာ၊ က႐ုဏာ၊ ဝါသနာႏွင့္ျပည့္စုံသည့္ ဆရာဝန္မ်ား၊ သြားဘက္ဆိုင္ရာဆရာဝန္မ်ားကို ေလ့က်င့္ေမြးထုတ္ႏိုင္ရန္ရည္႐ြယ္၍ ထိုသို႔ေဆာင္႐ြက္ေပးျခင္းျဖစ္သည္ဟု က်န္းမာေရးဝန္ႀကီးဌာနက ရွင္းျပသည္။

“ကြၽန္မသားဆို ေဆးေက်ာင္းကို ရမွတ္၃မွတ္အကြာနဲ႔က်န္ခဲ့ရတယ္။သူတအားဝါသနာပါတာကို စြန္႔ခဲ့ရတာရွိတယ္။ဒီစနစ္က ဝါသနာပါၿပီးအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရမွတ္နည္းခဲ့ရတဲ့သူေတြအတြက္ ေမွ်ာ္လင့္ခ်က္ရမယ့္၊ထပ္မံႀကိဳးစားခြင့္ရမယ့္စနစ္လို႔ျမင္ပါတယ္”ဟုေက်ာင္းသားမိဘတစ္ဦးကမွတ္ခ်က္ျပဳသည္။

၂၀၂၂-ခုႏွစ္၊တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုေအာင္ျမင္မည့္သူမ်ားသည္ ေဆးတကၠသိုလ္မ်ားႏွင့္ သြားဘက္ဆိုင္ရာေဆးတကၠသိုလ္မ်ား ဝင္ခြင့္ေခၚယူရာတြင္ ျမန္မာစာ၊ အဂၤလိပ္စာ၊ သခ်ၤာဓာတုေဗဒ၊ ႐ူပေဗဒ၊ ဇီဝေဗဒ(၆)ဘာသာရမွတ္၏ သတ္မွတ္စုစုေပါင္း ရမွတ္ရရွိသူမ်ားအနက္မွ အဂၤလိပ္စာ၊ဓာတုေဗဒ၊ဇီဝေဗဒ(၃)ဘာသာစုစုေပါင္းရမွတ္(အမ်ား/အနည္း) ေပၚမူတည္၍ လူေတြ႕စစ္ေဆးျခင္းစာေမးပြဲ ေျဖဆိုခြင့္ျပဳမည္ျဖစ္ၿပီး ေ႐ြးခ်ယ္ခံရသူမ်ားအား ေဆးတကၠသိုလ္မ်ားႏွင့္သြားဘက္ဆိုင္ရာေဆးတကၠသိုလ္မ်ားသို႔ တက္ေရာက္ခြင့္ျပဳမည္ျဖစ္ေၾကာင္း ေက်ာင္းသား/သူမ်ား ႀကိဳတင္သိရွိႏိုင္ေရးက်န္းမာေရးဝန္ႀကီးဌာနက ယခုအစီအစဥ္ကိုေၾကညာျခင္းလည္းျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here