မန္တလေး ကုန်စိမ်းစျေးတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်ခံရ

0
300

မန္တလေး ကုန်စိမ်းစျေးတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်ခံရ


မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊သံလျှက်မှော်အနောက်ရပ်ကွက်အကွက်(၃၇၉)တောင်ငံပြာရည်ရပ်၊ ကမ်းနားလမ်း၊ ၄၁-၄၂လမ်းကြား၊ ကုန်စိမ်းဈေး၊အများသုံးသန့်စင်ခန်းရှေ့တွင် မတ်လ၁၇ရက်ညနေ ၅နာရီ၂၀မိနစ်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်ခံခဲ့ရကြောင်း အဆိုပါစျေးအနီးရှိ ရပ်ကွက်နေပြည်သူများထံမှသိရသည်။

“သေနတ်နဲ့ ပစ်ခံရတဲ့သူတွေက ဦးကျော်သန်းမိုးနဲ့မနွေးနုနုနိုင်တို့ပါ။စျေးအိမ်သာနားမှာပစ်ခံရတာပါ။နှစ်ယောက်လုံး သေနတ်ဒဏ်ရာတွေနဲ့ လဲကျနေတာတွေ့လိုက်ရတယ်။ခဏနေတော့ လုံခြုံရေးတပ်ဖွဲ့တွေလာရောက်စစ်ဆေးနေတာလည်းတွေ့ပါတယ်။ဒဏ်ရာရတဲ့သူတွေကို လူနာတင်ကားခေါ်သွားပါတယ်။သေမလာရှင်မလားတော့ မသိဘူးဗျ´´စျေးရှိ စျေးသည်တစ်ဦးမှပြောသည်။

သေနတ်ပစ်ခံရမှုဖြစ်စဉ်မှာ သံလျှက်မှော်အနောက်ရပ်ကွက်အကွက်(၃၇၉)တောင်ငံပြာရည်ရပ်၊ ကမ်းနားလမ်း၊ ၄၁-၄၂လမ်းကြား၊ ကုန်စိမ်းဈေး၊အများသုံးသန့်စင်ခန်းရှေ့တွင် မတ်လ၁၇ရက် ညနေ၅နာရီ၂၀မိနစ်ကဦးကျော်သန်းမိုးနှင့်မနွေးနုနုနိုင်တို့ စျေးဝယ်နေစဉ်ကမ်းနားလမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသည့် Click အဖြူရောင်ဆိုင်ကယ်ဖြင့် အမည်မသိအမျိုးသားနှစ်ဦးတို့မှ သေနတ်ဖြင့်(၅)ချက်ခန့် ပစ်ခတ်၍ ၄၁လမ်းအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကာ သေနတ်ဖြင့်ပစ်ခံရသူများ ဖြစ်သည့် ဦးကျော်သန်းမိုးမှာ ညာဘက်လည်ပင်းဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ ဝဲဘက်ရင်အုံဖောက်ဝင်ဒဏ်ရာ(၁)ချက်ဝဲလက်မောင်း ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲချိုင်းအောက်ဖောက်ဝင်ဒဏ်ရာ(၁)ချက်(စိုးရိမ်ရ)နှင့်မနွေးနုနုနိုင်မှာ ဝဲဘက်ခါး ကျည် ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ဝဲဘက်ကျောဖောက်ဝင်ဒဏ်ရာ(၁)ချက်(စိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။

ဒလန်ဆိုသည့် စွပ်စွဲချက်ဖြင့်သတ်သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

မဟာအောင်မြေမြို့နယ်၊သံလျှက်မှော်အနောက်ရပ်ကွက်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ၊ဖေဖော်ဝါရီတို့ကလည်း သေနတ်ဖြင့် ပစ်ခံရမှုဖြစ်စဉ် ၃ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

Zaw Gyi

မႏၲေလး ကုန္စိမ္းေစ်းတြင္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦး ေသနတ္ျဖင့္ပစ္ခံရ

မႏၲေလးၿမိဳ႕၊မဟာေအာင္ေျမၿမိဳ႕နယ္၊သံလွ်က္ေမွာ္အေနာက္ရပ္ကြက္အကြက္(၃၇၉)ေတာင္ငံျပာရည္ရပ္၊ ကမ္းနားလမ္း၊ ၄၁-၄၂လမ္းၾကား၊ ကုန္စိမ္းေဈး၊အမ်ားသုံးသန႔္စင္ခန္းေရွ႕တြင္ မတ္လ၁၇ရက္ညေန ၅နာရီ၂၀မိနစ္က အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦး ေသနတ္ျဖင့္ပစ္ခံခဲ့ရေၾကာင္း အဆိုပါေစ်းအနီးရွိ ရပ္ကြက္ေနျပည္သူမ်ားထံမွသိရသည္။

“ေသနတ္နဲ႔ ပစ္ခံရတဲ့သူေတြက ဦးေက်ာ္သန္းမိုးနဲ႔မေႏြးႏုႏုႏိုင္တို႔ပါ။ေစ်းအိမ္သာနားမွာပစ္ခံရတာပါ။ႏွစ္ေယာက္လုံး ေသနတ္ဒဏ္ရာေတြနဲ႔ လဲက်ေနတာေတြ႕လိုက္ရတယ္။ခဏေနေတာ့ လုံၿခဳံေရးတပ္ဖြဲ႕ေတြလာေရာက္စစ္ေဆးေနတာလည္းေတြ႕ပါတယ္။ဒဏ္ရာရတဲ့သူေတြကို လူနာတင္ကားေခၚသြားပါတယ္။ေသမလာရွင္မလားေတာ့ မသိဘူးဗ်´´ေစ်းရွိ ေစ်းသည္တစ္ဦးမွေျပာသည္။

ေသနတ္ပစ္ခံရမႈျဖစ္စဥ္မွာ သံလွ်က္ေမွာ္အေနာက္ရပ္ကြက္အကြက္(၃၇၉)ေတာင္ငံျပာရည္ရပ္၊ ကမ္းနားလမ္း၊ ၄၁-၄၂လမ္းၾကား၊ ကုန္စိမ္းေဈး၊အမ်ားသုံးသန႔္စင္ခန္းေရွ႕တြင္ မတ္လ၁၇ရက္ ညေန၅နာရီ၂၀မိနစ္က
ဦးေက်ာ္သန္းမိုးႏွင့္မေႏြးႏုႏုႏိုင္တို႔ ေစ်းဝယ္ေနစဥ္
ကမ္းနားလမ္းအတိုင္း ေျမာက္မွေတာင္သို႔ ေမာင္းႏွင္လာသည့္ Click အျဖဴေရာင္ဆိုင္ကယ္ျဖင့္ အမည္မသိအမ်ိဳးသားႏွစ္ဦးတို႔မွ ေသနတ္ျဖင့္(၅)ခ်က္ခန႔္ ပစ္ခတ္၍ ၄၁လမ္းအတိုင္း အေနာက္မွအေရွ႕သို႔ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ကာ ေသနတ္ျဖင့္ပစ္ခံရသူမ်ား ျဖစ္သည့္ ဦးေက်ာ္သန္းမိုးမွာ ညာဘက္လည္ပင္းေဖာက္ဝင္ ဒဏ္ရာ(၁)ခ်က္၊ ဝဲဘက္ရင္အုံေဖာက္ဝင္ဒဏ္ရာ(၁)ခ်က္ဝဲလက္ေမာင္း ေဖာက္ဝင္ဒဏ္ရာ (၁)ခ်က္၊ ဝဲခ်ိဳင္းေအာက္ေဖာက္ဝင္ဒဏ္ရာ(၁)ခ်က္(စိုးရိမ္ရ)ႏွင့္မေႏြးႏုႏုႏိုင္မွာ ဝဲဘက္ခါး က်ည္ ေဖာက္ဝင္ဒဏ္ရာ(၁)ခ်က္၊ ဝဲဘက္ေက်ာေဖာက္ဝင္ဒဏ္ရာ(၁)ခ်က္(စိုးရိမ္ရ)တို႔ ရရွိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕အသိုင္းအဝိုင္းမွ သိရသည္။

ဒလန္ဆိုသည့္ စြပ္စြဲခ်က္ျဖင့္သတ္သည္ဟုလည္း သတင္းမ်ားထြက္ေပၚေနသည္။

မဟာေအာင္ေျမၿမိဳ႕နယ္၊သံလွ်က္ေမွာ္အေနာက္ရပ္ကြက္တြင္ ၿပီးခဲ့သည့္ ဇန္နဝါရီလ၊ေဖေဖာ္ဝါရီတို႔ကလည္း ေသနတ္ျဖင့္ ပစ္ခံရမႈျဖစ္စဥ္ ၃ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here