ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေး ကို တစ်နှစ်မှာ ဆယ်သန်းအထိ ထုတ်လုပ်နိုင်ဖို့ရည်ရွယ်ထား

0
141

(Unicode)

ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေး ကို တစ်နှစ်မှာ ဆယ်သန်းအထိ ထုတ်လုပ်နိုင်ဖို့ရည်ရွယ်ထား

ရန်ကုန် မတ် ၁၈

အခုနှစ်ဆန်းကစတင်လို့ တရုတ်Sinopharm CNBG ဆေးဝါး စက်ရုံနဲ့ပူးပေါင်းပြီး ပြည်တွင်းမှာ ထုတ်လုပ် မယ့် ကိုဗစ် ကာကွယ်ဆေးကို တစ်နှစ်မှာ ဆယ်သန်းအထိ ထုတ်လုပ်ဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။

စက်မှုဝန်ကြီးဌာနအနေနဲ့ စီးပွားဖြစ်ထုတ်လုပ်ခြင်း ကို အခုလ (၁၀)ရက်နေ့က စတင်ခဲ့ပြီး ဧပြီလဆန်းကစလို့ ကျန်းမာရေးဝန်ကြီးဌာနကို ဖြန့်ဖြူးပေးသွားဖို့ စီစဉ်ထားတယ်လို့ နစက သတင်းထုတ်ပြန်ရေး အဖွဲ့က အသိပေးထားပါတယ်။

ပြည်တွင်းမှာထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေး အမျိုးအစားမှာ ပုလင်းသွင်းဖြည့်တင်းရန်အဆင့် ကာကွယ်ဆေး (RTF Bulk)ဝယ်ယူပြီး ပုလင်းသွင်းဖြည့်တင်းခြင်း (Fill/Finish) ဆောင်ရွက်ခြင်းဖြစ်သည် ဟုသိရသည်။

ပြည်တွင်း၌ထုတ်လုပ်မည့် ကိုဗစ် ကာကွယ်ဆေး ကို Myancopharm ဟု အမည်ပေးထားကြောင်းသိရသည်။

(Zawgyi)


ရန်ကုန် မတ် ၁၈






LEAVE A REPLY

Please enter your comment!
Please enter your name here