ကမ္ဘာတစ်ဝန်းလုံခြုံရေးဆိုင်ရာ သမားရိုးကျနှင့်သမားရိုးကျမဟုတ်သောစိန်ခေါ်မှုများကို အာဆီယံတပ်မတော်များအနေဖြင့် ပိုမိုပူးပေါင်းဆောင် ရွက်သွားရမည်

0
172

ကမ္ဘာတစ်ဝန်းလုံခြုံရေးဆိုင်ရာ သမားရိုးကျနှင့်သမားရိုးကျမဟုတ်သောစိန်ခေါ်မှုများကို အာဆီယံတပ်မတော်များအနေဖြင့် ပိုမိုပူးပေါင်းဆောင် ရွက်သွားရမည်

ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်း ပသည့် (၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး(ACD FM-19)၌ မြန်မာ့တပ်မတော်၏ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံအဖွဲ့ကြီးသည် စတင်ဖွဲ့စည်းတည် ထောင်ချိန်မှစ၍ အခြေခံစည်းမျဉ်းများဖြင့် စည်း လုံးညီညွတ်စွာဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ပြီး “အာဆီယံ”ဟူသည့် ခေါင်းစဉ်အောက်၌ စီးပွားရေး၊နိုင် ငံရေးနှင့်လူမှုရေး မဏ္ဍိုင် ၃ ရပ်အား စဉ်ဆက်မ ပြတ်ဖွံ့ဖြိုးတိုးတက်စေရန် လုံခြုံရေးကဏ္ဍသည် အရေးပါသည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

လက်ရှိကာလတွင် ကမ္ဘာတစ်ဝန်းသမားရိုးကျစိန် ခေါ်မှုများ၊သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအား ရင်ဆိုင်နေရသဖြင့် အာဆီယံတပ်မတော်များအနေဖြင့် ယခင်ထက် ပိုမိုစည်းလုံးညီညွတ်စွာပူးပေါင်း၍ လုံခြုံရေးကဏ္ဍအား ဆောင်ရွက်သွားရမည်ဖြစ်သည်ဟုပြော သည်။

“အာဆီယံနိုင်ငံတွေအနေနဲ့ ကြုံတွေ့နေရတဲ့ လုံခြုံ ရေးဆိုင်ရာခြိမ်းခြောက်မှုတွေ ဘက်စုံစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ အာဆီယံတပ်မ တော်သားတွေအနေနဲ့ အပြန်အလှန်နားလည် ယုံ ကြည်မှု၊စည်းလုံးညီညွတ်မှုတွေကို ပိုမိုမြဲမြံအောင်တည်ဆောက်ပြီး အပြည့်အဝပူးပေါင်း ဆောင်ရွက်ဖို့လိုအပ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီးမောင်မောင်အေးကပြောသည်။

ထို့ပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုရှိစေရန် “အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး”ဟူသည့် အာဆီယံ၏ အခြေခံစည်းမျဉ်းကိုကျော်လွန်၍ အဖွဲ့ဝင်နိုင်ငံများအကြားပြည်တွင်းရေးများတွင် ပါဝင်စွက်ဖက်ရန် သွယ်ဝိုက်(သို့)တိုက် ရိုက်နည်းလမ်းများဖြင့် ဖိအားပေး တိုက်တွန်းလျက်ရှိသည်ဟုဆွေးနွေးပြောကြားသည်။

ထို့အတူ ရင်ဆိုင်ကြုံတွေ့နေရဆဲ၊ကြုံတွေ့ရလာနိုင်သည့် စိန်ခေါ်မှုများအား အာဆီယံဒေသတွင်းနိုင်ငံအချင်းချင်း ဟန်ချက်ညီစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကာ ပူး ပေါင်းဆောင်ရွက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အခြားအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ အ ချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်နိုင်ငံအချင်းချင်းတန်းတူရည်တူရှိမှုအား အပြန်အလှန်လေးစားတန်ဖိုးထားရန်လိုအပ်သည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

အလားတူ အနာဂတ်ကာလများတွင် အာဆီယံဒေ သ၏ ဟန်ချက်ညီလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့် အာဆီယံအသိုက်အဝန်းကြီးအားဖော်ဆောင်ရန် ဗိုလ်ချုပ်ကြီးမောင်မောင်အေးက တိုက်တွန်းပြောကြားဆွေးနွေးခဲ့သည်။

Zaw Gyi

ကမာၻတစ္ဝန္းလုံၿခဳံေရးဆိုင္ရာ သမား႐ိုးက်ႏွင့္သမား႐ိုးက်မဟုတ္ေသာစိန္ေခၚမႈမ်ားကို အာဆီယံတပ္မေတာ္မ်ားအေနျဖင့္ ပိုမိုပူးေပါင္းေဆာင္ ႐ြက္သြားရမည္

ကေမာၻဒီးယားႏိုင္ငံမွ အိမ္ရွင္အျဖစ္လက္ခံက်င္း ပသည့္ (၁၉)ႀကိမ္ေျမာက္ အာဆီယံတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မ်ားအစည္းအေဝး(ACD FM-19)၌ ျမန္မာ့တပ္မေတာ္၏ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ေရ၊ေလ)ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေအးက ေဆြးေႏြးေျပာၾကားခဲ့ျခင္းျဖစ္သည္။

အာဆီယံအဖြဲ႕ႀကီးသည္ စတင္ဖြဲ႕စည္းတည္ ေထာင္ခ်ိန္မွစ၍ အေျခခံစည္းမ်ဥ္းမ်ားျဖင့္ စည္း လုံးညီၫြတ္စြာဖြဲ႕စည္းထားသည့္ အဖြဲ႕ျဖစ္ၿပီး “အာဆီယံ”ဟူသည့္ ေခါင္းစဥ္ေအာက္၌ စီးပြားေရး၊ႏိုင္ ငံေရးႏွင့္လူမႈေရး မ႑ိဳင္ ၃ ရပ္အား စဥ္ဆက္မ ျပတ္ဖြံ႕ၿဖိဳးတိုးတက္ေစရန္ လုံၿခဳံေရးက႑သည္ အေရးပါသည္ဟု ေဆြးေႏြးေျပာၾကားခဲ့သည္။

လက္ရွိကာလတြင္ ကမာၻတစ္ဝန္းသမား႐ိုးက်စိန္ ေခၚမႈမ်ား၊သမား႐ိုးက်မဟုတ္သည့္ လုံၿခဳံေရးဆိုင္ရာစိန္ေခၚမႈမ်ားအား ရင္ဆိုင္ေနရသျဖင့္ အာဆီယံတပ္မေတာ္မ်ားအေနျဖင့္ ယခင္ထက္ ပိုမိုစည္းလုံးညီၫြတ္စြာပူးေပါင္း၍ လုံၿခဳံေရးက႑အား ေဆာင္႐ြက္သြားရမည္ျဖစ္သည္ဟုေျပာ သည္။

“အာဆီယံႏိုင္ငံေတြအေနနဲ႔ ႀကဳံေတြ႕ေနရတဲ့ လုံၿခဳံ ေရးဆိုင္ရာၿခိမ္းေျခာက္မႈေတြ ဘက္စုံစိန္ေခၚမႈေတြကို ရင္ဆိုင္ေျဖရွင္းရာမွာ အာဆီယံတပ္မ ေတာ္သားေတြအေနနဲ႔ အျပန္အလွန္နားလည္ ယုံ ၾကည္မႈ၊စည္းလုံးညီၫြတ္မႈေတြကို ပိုမိုၿမဲၿမံေအာင္တည္ေဆာက္ၿပီး အျပည့္အဝပူးေပါင္း ေဆာင္႐ြက္ဖို႔လိုအပ္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေအးကေျပာသည္။

ထို႔ျပင္ ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ားမွ ၎တို႔၏ ဩဇာလႊမ္းမိုးမႈရွိေစရန္ “အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ျပည္တြင္းေရးကို ဝင္ေရာက္မစြက္ဖက္ေရး”ဟူသည့္ အာဆီယံ၏ အေျခခံစည္းမ်ဥ္းကိုေက်ာ္လြန္၍ အဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကားျပည္တြင္းေရးမ်ားတြင္ ပါဝင္စြက္ဖက္ရန္ သြယ္ဝိုက္(သို႔)တိုက္ ႐ိုက္နည္းလမ္းမ်ားျဖင့္ ဖိအားေပး တိုက္တြန္းလ်က္ရွိသည္ဟုေဆြးေႏြးေျပာၾကားသည္။

ထို႔အတူ ရင္ဆိုင္ႀကဳံေတြ႕ေနရဆဲ၊ႀကဳံေတြ႕ရလာႏိုင္သည့္ စိန္ေခၚမႈမ်ားအား အာဆီယံေဒသတြင္းႏိုင္ငံအခ်င္းခ်င္း ဟန္ခ်က္ညီစည္းလုံးညီၫြတ္စြာ ပူးေပါင္းေဆာင္႐ြက္သြားၾကရမည္ျဖစ္ကာ ပူး ေပါင္းေဆာင္႐ြက္ရာတြင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ အျခားအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံ၏ အ ခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈႏွင့္ႏိုင္ငံအခ်င္းခ်င္းတန္းတူရည္တူရွိမႈအား အျပန္အလွန္ေလးစားတန္ဖိုးထားရန္လိုအပ္သည္ဟု ေဆြးေႏြးေျပာၾကားခဲ့သည္။

အလားတူ အနာဂတ္ကာလမ်ားတြင္ အာဆီယံေဒ သ၏ ဟန္ခ်က္ညီလုံၿခဳံေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ႏိုင္သည့္ အာဆီယံအသိုက္အဝန္းႀကီးအားေဖာ္ေဆာင္ရန္ ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေအးက တိုက္တြန္းေျပာၾကားေဆြးေႏြးခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here