အာဆီယံအထူးကိုယ်စားလှယ် အချိန်မရ၍ PPST နှင့်တွေ့ဆုံမည့်ကိစ္စကို ပါယ်ဖျက်

0
94

အာဆီယံအထူးကိုယ်စားလှယ် အချိန်မရ၍ PPST နှင့်တွေ့ဆုံမည့်ကိစ္စကို ပါယ်ဖျက်

မြန်မာနိုင်ငံသို့ မတ်လ ၂၀ ရက်တွင်လာရောက်မည့် အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn အချိန်မရတော့၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နှင့်တွေ့ဆုံမည့်ကိစ္စကို ပါယ်ဖျက်လိုက်ကြောင်း သိရသည်။

“သူက နေပြည်တော်ကို သွားပြီး နစက ဥက္ကဌ နဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို တွေ့မှာ ၊ ပြီးတော့ လူသားချင်းစာနာမှု ကိစ္စတွေအတွက် ကြက်ခြေနီ အသင်းနဲ့တွေ့မယ်၊နိုင်ငံရေးပါတီ တွေနဲ့လည်း တွေ့မယ် ၊ ဗိုလ်ချုပ် ရာပြည့်တို့ ငြိမ်းချမ်းရေးကော်မတီနဲ့လည်းတွေ့မယ်။ဒါကြောင့် ကျွန်တော်တို့ PPST နဲ့ ဆုံဖို့ အချိန်မရတော့တဲ့အကြောင်းကို အမျိုးသားစည်းလုံးညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPC) က စာပို့လာတယ် ၊တောင်းပန်ပါတယ်တဲ့”ဟု PPST ပြောခွင့်ရ ပအို့ဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

PPST တွင် အပစ်ရပ်လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ ပါဝင်သည်။

အာဆီယံအထူးကိုယ်စားလှယ်လာရောက်မည်ဖြစ်၍ တွေ့ဆုံရန် ဖိတ်ကြားစဉ်က PPST တစ်ခုကို ဦးတည် ဖိတ်ကြားခဲ့ခြင်းမဟုတ်ဘဲ ယင်းတွင်ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ချင်းစီမှ ခေါင်းဆောင်များ ကို ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း
ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

“ကျွန်တော်တို့က နဂိုတုန်းက စီစဉ်ထားတာကတော့ တစ်ဖွဲ့ချင်းက ပြောပေါ့။အဲလိုစီစဉ်ထားတာ။ဖြစ်ပေါ်နေတဲ့ လက်ရှိအနေအထားတွေကို ၊ အခုက အချိန်မရလို့ မပြောရဘူး။ဒါပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ တွေ့ခွင့်က တစ်ကြိမ်တော့ ရအုံးမှာပါ။အခုတော့ သွားစရာမလိုတော့ဘူးပေါ့”ဟု တိုင်းရင်းသားလက်နက်ကိုင်တစ်ဦးကပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ ရှန်ဂရီလာဟိုတယ်၌ အာဆီယံအထူးကိုယ်စားလှယ်၏အကြံပေးဖြစ်သူ ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုး သား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ ၊ KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အကြီးအကဲအချို့ တွေ့ဆုံခဲ့ကြသေးသည်။

Zaw Gyi

အာဆီယံအထူးကိုယ္စားလွယ္ အခ်ိန္မရ၍ PPST ႏွင့္ေတြ႕ဆုံမည့္ကိစၥကို ပါယ္ဖ်က္

ျမန္မာႏိုင္ငံသို႔ မတ္လ ၂၀ ရက္တြင္လာေရာက္မည့္ အာဆီယံအထူးကိုယ္စားလွယ္ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn အခ်ိန္မရေတာ့၍ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) ႏွင့္ေတြ႕ဆုံမည့္ကိစၥကို ပါယ္ဖ်က္လိုက္ေၾကာင္း သိရသည္။

“သူက ေနျပည္ေတာ္ကို သြားၿပီး နစက ဥကၠဌ နဲ႔ အစိုးရအဖြဲ႕ တာဝန္ရွိသူေတြကို ေတြ႕မွာ ၊ ၿပီးေတာ့ လူသားခ်င္းစာနာမႈ ကိစၥေတြအတြက္ ၾကက္ေျခနီ အသင္းနဲ႔ေတြ႕မယ္၊ႏိုင္ငံေရးပါတီ ေတြနဲ႔လည္း ေတြ႕မယ္ ၊ ဗိုလ္ခ်ဳပ္ ရာျပည့္တို႔ ၿငိမ္းခ်မ္းေရးေကာ္မတီနဲ႔လည္းေတြ႕မယ္။ဒါေၾကာင့္ ကြၽန္ေတာ္တို႔ PPST နဲ႔ ဆုံဖို႔ အခ်ိန္မရေတာ့တဲ့အေၾကာင္းကို အမ်ိဳးသားစည္းလုံးညီၫြတ္ေရး နဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီ (NSPC) က စာပို႔လာတယ္ ၊ေတာင္းပန္ပါတယ္တဲ့”ဟု PPST ေျပာခြင့္ရ ပအို႔ဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO) နာယက ဗိုလ္မႉးႀကီးခြန္ဥကၠာက ေျပာသည္။

PPST တြင္ အပစ္ရပ္လက္မွတ္ထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ ၁၀ ဖြဲ႕ ပါဝင္သည္။

အာဆီယံအထူးကိုယ္စားလွယ္လာေရာက္မည္ျဖစ္၍ ေတြ႕ဆုံရန္ ဖိတ္ၾကားစဥ္က PPST တစ္ခုကို ဦးတည္ ဖိတ္ၾကားခဲ့ျခင္းမဟုတ္ဘဲ ယင္းတြင္ပါဝင္ေသာ တိုင္းရင္းသားလက္နက္ကိုင္ တစ္ဖြဲ႕ခ်င္းစီမွ ေခါင္းေဆာင္မ်ား ကို ဖိတ္ၾကားခဲ့ျခင္း ျဖစ္ေၾကာင္း
ဗိုလ္မႉးႀကီးခြန္ဥကၠာက ဆိုသည္။

“ကြၽန္ေတာ္တို႔က နဂိုတုန္းက စီစဥ္ထားတာကေတာ့ တစ္ဖြဲ႕ခ်င္းက ေျပာေပါ့။အဲလိုစီစဥ္ထားတာ။ျဖစ္ေပၚေနတဲ့ လက္ရွိအေနအထားေတြကို ၊ အခုက အခ်ိန္မရလို႔ မေျပာရဘူး။ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔အေနနဲ႔ ေတြ႕ခြင့္က တစ္ႀကိမ္ေတာ့ ရအုံးမွာပါ။အခုေတာ့ သြားစရာမလိုေတာ့ဘူးေပါ့”ဟု တိုင္းရင္းသားလက္နက္ကိုင္တစ္ဦးကေျပာသည္။

ၿပီးခဲ့သည့္ မတ္လ ၁၀ ရက္က ထိုင္းႏိုင္ငံေျမာက္ပိုင္း၊ ခ်င္းမိုင္ၿမိဳ႕ရွိ ရွန္ဂရီလာဟိုတယ္၌ အာဆီယံအထူးကိုယ္စားလွယ္၏အႀကံေပးျဖစ္သူ ဂ်ပန္ႏိုင္ငံ၏ ျမန္မာႏိုင္ငံ အမ်ိဳး သား ျပန္လည္သင့္ျမတ္ေရးဆိုင္ရာ အထူးကိုယ္စားလွယ္ မစၥတာ ဆာဆာကာဝါ ၊ KNU အပါအဝင္ တိုင္းရင္းသားလက္နက္ကိုင္ အႀကီးအကဲအခ်ိဳ႕ ေတြ႕ဆုံခဲ့ၾကေသးသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here