ကြိုတင် မမျှော်မှန်းနိုင်သည့် သဘာဝဘေးအတွက် အရေးပေါ်ရန်ပုံငွေကို ဗဟိုတွင် ငွေကျပ် ၁၀၀ ဘီလီယံလျာထား

0
125

ကြိုတင် မမျှော်မှန်းနိုင်သည့် သဘာဝဘေးအတွက် အရေးပေါ်ရန်ပုံငွေကို ဗဟိုတွင် ငွေကျပ် ၁၀၀ ဘီလီယံလျာထား

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ယခင်နှစ်နည်းတူ ကြိုတင် မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အရေးပေါ်ရန်ပုံငွေကို ဗဟိုတွင် ငွေကျပ် ၁၀၀ ဘီလီယံ၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များ အတွက် ငွေကျပ် ၁၅ ဘီလီယံ ထည့်သွင်းလျာထားသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့လည်း ယခင်နှစ်နည်းတူ ထည့်ဝင်ရန် ငွေကျပ် ဘီလီယံ ၂၀ ဖြင့် စုစုပေါင်းငွေကျပ် ၁၃၅ ဘီလီယံကို ထည့်သွင်းလျာထားသည်ဟုလည်းဆိုသည်။

တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြည်ထောင်စုမှ ထောက်ပံ့ငွေပေးရာတွင် နှစ်လတ် ဘဏ္ဍာရေး မူဘောင်နှင့် ဦးစွာတွက်ချက်ပြီးမှ လူမှုစီးပွားရေး အခြေအနေပြ ညွှန်းကိန်း (၆)ခု အသုံးပြုတွက်ချက်၍ တိုင်းဒေသကြီး/ပြည်နယ် များအလိုက် အချိုးကျ မျှတမှု ရှိစေရန် ခွဲဝေလျာထားပေးထားကြောင်းပါပြောသည်။

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊နစကဥက္ကဋ္ဌက ၂၀၂၀ – ၂၀၂၁ မီနီဘတ်ဂျက်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် အခြားသော အကြောင်း အမျိုးမျိုးကြောင့်ရငွေများလျော့နည်းခဲ့၍ ယင်းကိုကုစားနိုင်ရန် အတွက် နည်းလမ်းပေါင်းစုံဖြင့် စဉ်းစားဆောင်ရွက်ခဲ့ရသည့်အကြောင်း၊ ရငွေများ တိုးတက်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် အဓိကကျသည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်းမှာကြားသည်။

ယင်းအပြင်စီမံကိန်းကြီးများနှင့် ပတ်သက်၍ မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်သည့်၊ နိုင်ငံအတွက်အကျိုးရှိစေမည့် စီမံကိန်းကြီးများကိုသာ ဦးစားပေး ဆောင်ရွက်ကြရန်၊ လတ်တလောကာလအတွင်း ဆောင်ရွက်ရန် မလိုအပ်သေးသည့် စီမံကိန်းများကို လျှော့ချဆောင်ရွက် သွားရန်၊ အရှုံးပေါ်လျက် ရှိနေသည့် လုပ်ငန်းများနှင့် စီမံကိန်းများကိုလည်း ပြန်လည်စိစစ် ကြပ်မတ်သွားရန်နှင့်၊ ကျန်းမာရေးနှင့် လုံခြုံရေးအတွက်မဖြစ်မနေ ရင်းနှီးမြှုပ်နှံရမည့် လုပ်ငန်းများကို နိုင်ငံတော်မှရင်းနှီး မြှုပ်နှံဆောင်ရွက်ပေးသွားမည်ဟုပါ ပြောကြားခဲ့သည်။

 

Zaw Gyi

ႀကိဳတင္ မေမွ်ာ္မွန္းႏိုင္သည့္ သဘာဝေဘးအတြက္ အေရးေပၚရန္ပုံေငြကို ဗဟိုတြင္ ေငြက်ပ္ ၁၀၀ ဘီလီယံလ်ာထား

၂၀၂၂-၂၀၂၃ ဘ႑ာေရးႏွစ္တြင္ ယခင္ႏွစ္နည္းတူ ႀကိဳတင္ မေမွ်ာ္မွန္းႏိုင္သည့္ သဘာဝေဘးအႏၲရာယ္ ကာကြယ္ေရး၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားအတြက္ အေရးေပၚရန္ပုံေငြကို ဗဟိုတြင္ ေငြက်ပ္ ၁၀၀ ဘီလီယံ၊ ေနျပည္ေတာ္ေကာင္စီ အပါအဝင္ တိုင္းေဒသႀကီး/ ျပည္နယ္မ်ား အတြက္ ေငြက်ပ္ ၁၅ ဘီလီယံ ထည့္သြင္းလ်ာထားသည္ဟု နစက ဥကၠ႒ကေျပာသည္။

ထို႔ျပင္ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈရန္ပုံေငြသို႔လည္း ယခင္ႏွစ္နည္းတူ ထည့္ဝင္ရန္ ေငြက်ပ္ ဘီလီယံ ၂၀ ျဖင့္ စုစုေပါင္းေငြက်ပ္ ၁၃၅ ဘီလီယံကို ထည့္သြင္းလ်ာထားသည္ဟုလည္းဆိုသည္။

တိုင္းေဒသႀကီး/ျပည္နယ္မ်ားသို႔ ျပည္ေထာင္စုမွ ေထာက္ပံ့ေငြေပးရာတြင္ ႏွစ္လတ္ ဘ႑ာေရး မူေဘာင္ႏွင့္ ဦးစြာတြက္ခ်က္ၿပီးမွ လူမႈစီးပြားေရး အေျခအေနျပ ၫႊန္းကိန္း (၆)ခု အသုံးျပဳတြက္ခ်က္၍ တိုင္းေဒသႀကီး/ျပည္နယ္ မ်ားအလိုက္ အခ်ိဳးက် မွ်တမႈ ရွိေစရန္ ခြဲေဝလ်ာထားေပးထားေၾကာင္းပါေျပာသည္။

ဘ႑ာေရးဆိုင္ရာေကာ္မရွင္ဥကၠ႒၊နစကဥကၠ႒က ၂၀၂၀ – ၂၀၂၁ မီနီဘတ္ဂ်က္အတြင္း ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈႏွင့္ အျခားေသာ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ရေငြမ်ားေလ်ာ့နည္းခဲ့၍ ယင္းကိုကုစားႏိုင္ရန္ အတြက္ နည္းလမ္းေပါင္းစုံျဖင့္ စဥ္းစားေဆာင္႐ြက္ခဲ့ရသည့္အေၾကာင္း၊ ရေငြမ်ား တိုးတက္ရရွိေစေရး ႀကိဳးပမ္းေဆာင္႐ြက္ရန္ႏွင့္ အဓိကက်သည့္ ကုန္ထုတ္လုပ္မႈကို ျမႇင့္တင္ႏိုင္ေရး ေဆာင္႐ြက္ၾကရန္လိုေၾကာင္းမွာၾကားသည္။

ယင္းအျပင္စီမံကိန္းႀကီးမ်ားႏွင့္ ပတ္သက္၍ မျဖစ္မေန အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရန္လိုအပ္သည့္၊ ႏိုင္ငံအတြက္အက်ိဳးရွိေစမည့္ စီမံကိန္းႀကီးမ်ားကိုသာ ဦးစားေပး ေဆာင္႐ြက္ၾကရန္၊ လတ္တေလာကာလအတြင္း ေဆာင္႐ြက္ရန္ မလိုအပ္ေသးသည့္ စီမံကိန္းမ်ားကို ေလွ်ာ့ခ်ေဆာင္႐ြက္ သြားရန္၊ အရႈံးေပၚလ်က္ ရွိေနသည့္ လုပ္ငန္းမ်ားႏွင့္ စီမံကိန္းမ်ားကိုလည္း ျပန္လည္စိစစ္ ၾကပ္မတ္သြားရန္ႏွင့္၊ က်န္းမာေရးႏွင့္ လုံၿခဳံေရးအတြက္မျဖစ္မေန ရင္းႏွီးျမႇဳပ္ႏွံရမည့္ လုပ္ငန္းမ်ားကို ႏိုင္ငံေတာ္မွရင္းႏွီး ျမႇဳပ္ႏွံေဆာင္႐ြက္ေပးသြားမည္ဟုပါ ေျပာၾကားခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here