ဒုရဲအုပ် ချယ်ရီထက်အား စွဲဆိုထားသောအမှုအတွက် အပြီးသတ်အမိန့်ချမှတ်တော့မည်

0
318

ဒုရဲအုပ် ချယ်ရီထက်အား စွဲဆိုထားသောအမှုအတွက် အပြီးသတ်အမိန့်ချမှတ်တော့မည်

ဒုရဲအုပ်ချယ်ရီထက်အား စွဲဆိုထားသော ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)အမှုအတွက် အပြီးသတ်အမိန့်ချမှတ်တော့မည်ဖြစ်ပြီး ၊ လာမည့်ရုံးချိန်တွင်နှစ်ဘက်ရှေ့နေများ အပြီးသတ်လျောက်လဲချက်ပေးသွားရန်ရှိကြောင်း တရားရုံးနှင့် နီးကပ်သည့် ရှေ့နေအသိုင်းအဝိုင်းထံမှသိရသည်။

လာမည့် ရုံးချိန်းကို မတ်လ ၂၄ ရက်နေ့သို့ချိန်းဆိုထားပြီး၊ အဆိုပါရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများ အပြီးသတ်လျောက်လဲချက်ပေးကြမည်ဖြစ်ကြောင်းဆိုသည်။

ပြီးခဲ့သည် ရုံးချိန်တွင် ဒုရဲအုပ်ချယ်ရီထက်ဘက်မှ တရားခံပြသက်သေတင်သွင်းထားသူများရောက်ရှိလာခြင်းမရှိသည့်အတွက် ၎င်း၏ ဆန္ဒအရ ယင်းသက်သေများကို ပယ်ဖျက်ပေးရန်တောင်းဆိုလာသည့်အတွက် တရားရုံးက ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါအမှုအတွက် ချယ်ရီထက်ဘက်မှ သက်သေ ၁၁ ဦးတင်သွင်းထားရှိပြီး ယင်းအနက် ၆ ဦးစစ်ဆေးပြီးစီးပြီဖြစ်ကြောင်းသိရသည်။

ကျန်သက်သေများရောက်ရှိလာခြင်းမရှိသည့်အတွက် ပယ်ဖျက်ခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိတွင် ဒုရဲအုပ်ချယ်ရီထက်အနေဖြင့် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရကာ ရမည်းသင်းအကျဥ်းထောင်သို့ပို့ဆောင်ခံထားရခြင်းဖြစ်သည်။

ဒုရဲအုပ်ချယ်ရီထက် လက်ရှိရင်ဆိုင်နေရသော ရာဇသတ်ကြီး ပုဒ်မ၅၀၅ (က) အမှုသည် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ၂၀၂၁ ခုနှစ် မတ်လ အတွင်းကရေးသားခဲ့သည့် အကြောင်းအရာများ၊ ဇွန်လတွင် NLD အမတ် ဒေါ်သီရိရတနာ နှင့် ဆက်သွယ်ခဲ့ခြင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ သတင်း ထုတ်ပြန်ချက်များကို ပေးပို့ခြင်း၊ ပြည်ပ သတင်းဌာနများ၏ သတင်း ရုပ်သံဖိုင်များ အပြန်အလှန် ပေးပို့ခြင်းများ ပြုလုပ်ခဲ့ခြင်းတို့နှင့်ပတ်သက်၍ တရားစွဲဆိုခံထားရခြင်းဖြစ်ကြောင်း သိရသည်။

ဒုရဲအုပ်ချယ်ရီထက်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည့်၏ အနီးကပ် သက်တော်စောင့်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

Zaw Gyi

ဒုရဲအုပ္ ခ်ယ္ရီထက္အား စြဲဆိုထားေသာအမႈအတြက္ အၿပီးသတ္အမိန္႔ခ်မွတ္ေတာ့မည္

ဒုရဲအုပ္ခ်ယ္ရီထက္အား စြဲဆိုထားေသာ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅(က)အမႈအတြက္ အၿပီးသတ္အမိန္႔ခ်မွတ္ေတာ့မည္ျဖစ္ၿပီး ၊ လာမည့္႐ုံးခ်ိန္တြင္ႏွစ္ဘက္ေရွ႕ေနမ်ား အၿပီးသတ္ေလ်ာက္လဲခ်က္ေပးသြားရန္ရွိေၾကာင္း တရား႐ုံးႏွင့္ နီးကပ္သည့္ ေရွ႕ေနအသိုင္းအဝိုင္းထံမွသိရသည္။

လာမည့္ ႐ုံးခ်ိန္းကို မတ္လ ၂၄ ရက္ေန႔သို႔ခ်ိန္းဆိုထားၿပီး၊ အဆိုပါ႐ုံးခ်ိန္းတြင္ ႏွစ္ဖက္ေရွ႕ေနမ်ား အၿပီးသတ္ေလ်ာက္လဲခ်က္ေပးၾကမည္ျဖစ္ေၾကာင္းဆိုသည္။

ၿပီးခဲ့သည္ ႐ုံးခ်ိန္တြင္ ဒုရဲအုပ္ခ်ယ္ရီထက္ဘက္မွ တရားခံျပသက္ေသတင္သြင္းထားသူမ်ားေရာက္ရွိလာျခင္းမရွိသည့္အတြက္ ၎၏ ဆႏၵအရ ယင္းသက္ေသမ်ားကို ပယ္ဖ်က္ေပးရန္ေတာင္းဆိုလာသည့္အတြက္ တရား႐ုံးက ပယ္ဖ်က္ေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါအမႈအတြက္ ခ်ယ္ရီထက္ဘက္မွ သက္ေသ ၁၁ ဦးတင္သြင္းထားရွိၿပီး ယင္းအနက္ ၆ ဦးစစ္ေဆးၿပီးစီးၿပီျဖစ္ေၾကာင္းသိရသည္။

က်န္သက္ေသမ်ားေရာက္ရွိလာျခင္းမရွိသည့္အတြက္ ပယ္ဖ်က္ခဲ့ျခင္းလည္းျဖစ္သည္။

လက္ရွိတြင္ ဒုရဲအုပ္ခ်ယ္ရီထက္အေနျဖင့္ ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒအရ ေထာင္ဒဏ္သုံးႏွစ္ခ်မွတ္ခံထားရကာ ရမည္းသင္းအက်ဥ္းေထာင္သို႔ပို႔ေဆာင္ခံထားရျခင္းျဖစ္သည္။

ဒုရဲအုပ္ခ်ယ္ရီထက္ လက္ရွိရင္ဆိုင္ေနရေသာ ရာဇသတ္ႀကီး ပုဒ္မ၅၀၅ (က) အမႈသည္ ၎၏ လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ၂၀၂၁ ခုႏွစ္ မတ္လ အတြင္းကေရးသားခဲ့သည့္ အေၾကာင္းအရာမ်ား၊ ဇြန္လတြင္ NLD အမတ္ ေဒၚသီရိရတနာ ႏွင့္ ဆက္သြယ္ခဲ့ျခင္း၊ အမ်ိဳးသားညီၫြတ္ေရး အစိုးရ (NUG) ၏ သတင္း ထုတ္ျပန္ခ်က္မ်ားကို ေပးပို႔ျခင္း၊ ျပည္ပ သတင္းဌာနမ်ား၏ သတင္း ႐ုပ္သံဖိုင္မ်ား အျပန္အလွန္ ေပးပို႔ျခင္းမ်ား ျပဳလုပ္ခဲ့ျခင္းတို႔ႏွင့္ပတ္သက္၍ တရားစြဲဆိုခံထားရျခင္းျဖစ္ေၾကာင္း သိရသည္။

ဒုရဲအုပ္ခ်ယ္ရီထက္သည္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည့္၏ အနီးကပ္ သက္ေတာ္ေစာင့္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူတစ္ဦးျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here