ရနောင်းခရိုင်မှ မြန်မာအလုပ်သမား ၁၄၀ ဦး ကော့သောင်းမြို့သို့ ပြန်လည်ရောက်ရှိလာ

0
316

ရနောင်းခရိုင်မှ မြန်မာအလုပ်သမား ၁၄၀ ဦး ကော့သောင်းမြို့သို့ ပြန်လည်ရောက်ရှိလာ

တနင်္သာရီတိုင်း၊ကော့သောင်းမြို့သို့ မတ် ၁၇ ရက် မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ၊ရနောင်းခရိုင်၌ ပြစ်ဒဏ်ကျခံပြီးပြန်လည်လွတ်​မြောက်လာသည့်မြန်မာအလုပ်သမား ၁၄၀ ဦးပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။

အဆိုပါ ၁၄၀ ဦးအနက် ကျန်းမာရေးချို့တဲ့လူနာ ၂ ဦးလည်းပါဝင်ကာ ထိုင်းအာဏာပိုင်များက ပြန် လည်လွှဲပြောင်းပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး မြန်မာ နိုင်ငံမှတာဝန်ရှိသူများ၊ကော့သောင်းမြို့အခြေ စိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)နှင့်ရွှေ့ပြောင်းအလုပ်သမားအရင်းမြစ်စင်တာ(MWRC)တို့မှလက်ခံကြိုဆိုခဲ့ကြသည်။

ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အ မျိုးသား ၁၁၆ ဦး၊အမျိုးသမီး ၂၃ ဦးနှင့်ကလေးငယ်မိန်းကလေး ၁ ဦး(စုစုပေါင်း ၁၄၀ ဦး)သည် ထိုင်းနိုင်ငံ(တောင်ပိုင်း)ရှိ ခရိုင် ၁၄ ခု၌အလုပ်လုပ်ကိုင်နေရာမှအကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် ရနောင်းခရိုင်၊လူဝင်မူ့ကြီး ကြပ်ထိန်းသိမ်းရေးစခန်း၌ ပြစ်ဒဏ်များကျခံပြီး ၍ ပြန်လည်လွတ်မြောက်လာသူများဖြစ်သည်။

ပြန်လည်ဝင်ရောက်လာသူများအား ကော့သောင်းမြို့အခြေစိုက် FED နှင့် MWRC တို့မှ မုန့်၊အချိုရည်ဘူး၊သောက်ရေသန့်ဘူး၊ Mask ၊လက်သန့်ဆေးရည်၊ခြေညှပ်ဖိနပ်များ၊ကိုဗစ်(၁၉)ရောဂါအ သိပညာပေးလက်ကမ်းစာစောင်များ၊လူကုန်ကူးမှုနှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာ စောင်များနှင့်လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းနေ ထိုင်မှုအသိညာ‌ပေးလက်ကမ်းစာစောင်များအား ပေးအပ်ခဲ့ကြသည်။

Zaw Gyi








LEAVE A REPLY

Please enter your comment!
Please enter your name here