မဟာဗောဓိမြိုင်ဆရာတော်ကြီး ပြန်လည်ဆွမ်းခံကြွချီဖူးမျှော်ခံ

0
184

မဟာဗောဓိမြိုင်ဆရာတော်ကြီး ပြန်လည်ဆွမ်းခံကြွချီဖူးမျှော်ခံ

မဟာဗောဓိမြိုင်ဆရာတော်ကြီးသည် ပဉ္စဝီသတိ မ ၂၅ ကြိမ်မြောက် မင်းဘိသိက်ခံမြတ်စွာဘုရား ၏ တပေါင်းပွဲတော်ကြီးကျင်းပရန်ရှိ၍ ဆွမ်းခံကြွဖူးမျှော်ခံခြင်းအား ခေတ္တရက်နားခဲ့ပြီးနောက် မတ် ၁၇ ရက်(တပေါင်းလပြည့်ကျော် ၁ ရက်)မှစတင်ကာ ပြန်လည်ဆွမ်းခံကြွအဖူးမျှော်ခံပြီဖြစ် ကြောင်း နတ်တလူသာသနာပြုစခန်းမှသိရသည်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးသည် ဉေယျဓမ်တောရတွင်ဆွမ်းခံကြွဖူးမျှော်ခံခြင်းအား တ ပေါင်းလဆန်း ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်တို့၌ ခေတ္တရပ်နားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြန်လည်ဆွမ်းခံကြွအဖူးမျှော်ခံလျက်ရှိသဖြင့် ဆရာတော်ကြီးအား လာရောက်ဖူးမြှော်သူ များအနေဖြင့် လိုက်နာသင့်သည်များအား နတ်တလူသာသနာပြုစခန်းပြန်ကြားရေး၏ ကပ္ပိယကာရကအဖွဲ့မှ အသိပေးရေးသားထားသည်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးသည် အသက်အ ရွယ်၊ကျန်းမာရေးအား မငဲ့ကွက်ဘဲ အပင်ပန်းအ ဆင်းရဲခံ၍ နေပူမိုးရွာမရှောင် ၇ ရက်သားသမီးများ၏ လိုအင်ဆန္ဒများကိုငဲ့ညှာကာ နေ့စဥ်နံနက် ၇ နာရီတွင် ဆွမ်းခံကြွဖူးမျှော်ခံကြွချီလျက်ရှိသည်။

ထို့ကြောင့် ဆရာတော်ကြီးအား လာရောက်ဖူးမြှော်သူများသည် ဆရာတော်ကြီး၏ ကရုဏာတရားကြီးမားမှုအား ငဲ့ညှာသည့်အနေဖြင့် မိမိကိုယ်ကျိုးအတွက် ဉေယျဓမ်တောရသာသနာ့နယ်မြေအတွင်း ဈေးရောင်းခြင်း၊ဈေးဝယ်ခြင်း၊နေရာအရောင်းအဝယ်ပြုလုပ်ခြင်းများ လုံးဝမပြုလုပ်ရဘဲ အကျိုးဆောင်များသတ်မှတ်ထားသောနေရာများတွင်သာ စနစ်တကျနေရာယူရမည်ဖြစ်ပြီး ဆရာတော်ကြီး ဆွမ်းခံကြွချိန်တွင် ကိုယ်ရေးကိုယ်တာကိစ္စများ၊နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ဘာသာရေးကိစ္စများအား လုံး၀ လျောက်ထားခြင်းမပြုရဟု ကပ္ပိယကာရကအဖွဲ့မှ အသိပေးထားသည်။

ထို့ပြင် ရေသန့်ဗူးများဖွင့်၍ ထိခိုင်းခြင်း၊ပုတီးများ ထိခိုင်းခြင်းများကိုလည်း လုံးဝမပြုလုပ်ရဟု အ သိပေးထားသည်။

“ဒို့က သိဒ္ဓိလည်း မပေးနိုင် မဟိဒ္ဓိလည်း မပေးနိုင်ဘူး ဒို့ပေးနိုင်တာက” အကျင့် “ဘဲ ရှိတာ အကျင့်ကလွဲ၍ ဒို့က ဘာမှ မပေးနိုင်”ဟု မဟာဗောဓိမြိုင်ဆရာတော်ကြီးမှမိန့်ကြားထားသည်။

Zaw Gyi

မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီး ျပန္လည္ဆြမ္းခံႂကြခ်ီဖူးေမွ်ာ္ခံ

မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီးသည္ ပၪၥဝီသတိ မ ၂၅ ႀကိမ္ေျမာက္ မင္းဘိသိက္ခံျမတ္စြာဘုရား ၏ တေပါင္းပြဲေတာ္ႀကီးက်င္းပရန္ရွိ၍ ဆြမ္းခံႂကြဖူးေမွ်ာ္ခံျခင္းအား ေခတၱရက္နားခဲ့ၿပီးေနာက္ မတ္ ၁၇ ရက္(တေပါင္းလျပည့္ေက်ာ္ ၁ ရက္)မွစတင္ကာ ျပန္လည္ဆြမ္းခံႂကြအဖူးေမွ်ာ္ခံၿပီျဖစ္ ေၾကာင္း နတ္တလူသာသနာျပဳစခန္းမွသိရသည္။

မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီးသည္ ေဉယ်ဓမ္ေတာရတြင္ဆြမ္းခံႂကြဖူးေမွ်ာ္ခံျခင္းအား တ ေပါင္းလဆန္း ၁၃ ရက္၊ ၁၄ ရက္ႏွင့္ ၁၅ ရက္တို႔၌ ေခတၱရပ္နားခဲ့ျခင္းျဖစ္သည္။

ထိုသို႔ ျပန္လည္ဆြမ္းခံႂကြအဖူးေမွ်ာ္ခံလ်က္ရွိသျဖင့္ ဆရာေတာ္ႀကီးအား လာေရာက္ဖူးေျမႇာ္သူ မ်ားအေနျဖင့္ လိုက္နာသင့္သည္မ်ားအား နတ္တလူသာသနာျပဳစခန္းျပန္ၾကားေရး၏ ကပၸိယကာရကအဖြဲ႕မွ အသိေပးေရးသားထားသည္။

မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီးသည္ အသက္အ ႐ြယ္၊က်န္းမာေရးအား မငဲ့ကြက္ဘဲ အပင္ပန္းအ ဆင္းရဲခံ၍ ေနပူမိုး႐ြာမေရွာင္ ၇ ရက္သားသမီးမ်ား၏ လိုအင္ဆႏၵမ်ားကိုငဲ့ညႇာကာ ေန႔စဥ္နံနက္ ၇ နာရီတြင္ ဆြမ္းခံႂကြဖူးေမွ်ာ္ခံႂကြခ်ီလ်က္ရွိသည္။

ထို႔ေၾကာင့္ ဆရာေတာ္ႀကီးအား လာေရာက္ဖူးေျမႇာ္သူမ်ားသည္ ဆရာေတာ္ႀကီး၏ က႐ုဏာတရားႀကီးမားမႈအား ငဲ့ညႇာသည့္အေနျဖင့္ မိမိကိုယ္က်ိဳးအတြက္ ေဉယ်ဓမ္ေတာရသာသနာ့နယ္ေျမအတြင္း ေဈးေရာင္းျခင္း၊ေဈးဝယ္ျခင္း၊ေနရာအေရာင္းအဝယ္ျပဳလုပ္ျခင္းမ်ား လုံးဝမျပဳလုပ္ရဘဲ အက်ိဳးေဆာင္မ်ားသတ္မွတ္ထားေသာေနရာမ်ားတြင္သာ စနစ္တက်ေနရာယူရမည္ျဖစ္ၿပီး ဆရာေတာ္ႀကီး ဆြမ္းခံႂကြခ်ိန္တြင္ ကိုယ္ေရးကိုယ္တာကိစၥမ်ား၊ႏိုင္ငံေရး၊စီးပြားေရး၊လူမႈေရး၊ဘာသာေရးကိစၥမ်ားအား လုံး၀ ေလ်ာက္ထားျခင္းမျပဳရဟု ကပၸိယကာရကအဖြဲ႕မွ အသိေပးထားသည္။

ထို႔ျပင္ ေရသန႔္ဗူးမ်ားဖြင့္၍ ထိခိုင္းျခင္း၊ပုတီးမ်ား ထိခိုင္းျခင္းမ်ားကိုလည္း လုံးဝမျပဳလုပ္ရဟု အ သိေပးထားသည္။

“ဒို႔က သိဒၶိလည္း မေပးႏိုင္ မဟိဒၶိလည္း မေပးႏိုင္ဘူး ဒို႔ေပးႏိုင္တာက” အက်င့္ “ဘဲ ရွိတာ အက်င့္ကလြဲ၍ ဒို႔က ဘာမွ မေပးႏိုင္”ဟု မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီးမွမိန္႔ၾကားထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here