ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ဗဟိုမဏ္ဍပ်တွင် ပြိုင်ပွဲဝင်ရန် ယိမ်းအဖွဲ့များအား လျှောက်လွှာခေါ်

0
262

ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ဗဟိုမဏ္ဍပ်တွင် ပြိုင်ပွဲဝင်ရန် ယိမ်းအဖွဲ့များအား လျှောက်လွှာခေါ်

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မဟာသင်္ကြန်ရေသဘင်ပွဲတော် ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများကို ယခင်နှစ်များနည်းတူ ကျင်းပပြုလုပ်သွားမည် ဖြစ်ရာ ပြိုင်ပွဲဝင်မည့် အသင်းများသည် ယနေ့မှစ၍ မတ် ၃၁ ရက်အထိ ရုံးချိန်အတွင်း ဗိုလ်တထောင်မြို့နယ်(၄၆) လမ်း၊ (၁၂)ထပ်ခွဲရုံး(၁ဝ)လွှာရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)တွင် လာရောက်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

ယိမ်းပြိုင်ပွဲများကို (၁၂)ဦးယိမ်း(မူကြိုကျောင်းများ)၊ (၁၂)ဦးယိမ်း(ကျောင်းများ)၊ (၁၂)ဦးယိမ်း(ရုံး/အခြားဌာနများ)၊ (၁၆)ဦးယိမ်း(ကျောင်းများ)၊ (၁၆)ဦးယိမ်း(ရုံး/အခြား ဌာနများ)၊ (၂၀)ယိမ်း(အလွတ်တန်း)၊ (၁၂)ဦးယိမ်း(ကျား)(အလွတ်တန်း)၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကများအပါအဝင် ကျင်းပပေးမည် ဖြစ်ကြောင်း သိရသည်။

အသေးစိတ်သိလိုသော အချက်အလက်များကို ဗိုလ်တထောင်မြို့နယ်၊ (၄၆)လမ်း၊ (၁၂)ထပ်ခွဲ ရုံး၊ (၁၀)လွှာရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာ ဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) သို့ လူကိုယ်တိုင်ဖြစ်စေအတွင်းရေးမှူး၊ အကဲဖြတ်လုပ်ငန်း ဆပ်ကော်မတီ ၀၉ ၅၁၀၃၂၈၇၊ တွဲဖက်အတွင်းရေးမှူး၊ အကဲဖြတ်လုပ်ငန်းဆပ်ကော်မတီ ၀၉ ၅၀၂၇၉၉၀၊ အကဲဖြတ်လုပ်ငန်းဆပ် ကော်မတီ ရုံးအဖွဲ့ ၀၁ – ၂၀၁၄၅၉ လိုင်းခွဲ (၂၈၂)(၂၈၆)သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အကဲဖြတ်လုပ်ငန်း ဆပ်ကော်မတီထံမှသိရသည်

Zaw Gyi

ရန္ကုန္ၿမိဳ႕ေတာ္ မဟာသၾကၤန္ေရသဘင္ဗဟိုမ႑ပ္တြင္ ၿပိဳင္ပြဲဝင္ရန္ ယိမ္းအဖြဲ႕မ်ားအား ေလွ်ာက္လႊာေခၚ

ျမန္မာသကၠရာဇ္ ၁၃၈၃ ခုႏွစ္မဟာသၾကၤန္ေရသဘင္ပြဲေတာ္ ရန္ကုန္ၿမိဳ႕ေတာ္ ဗဟိုမ႑ပ္၌ ယိမ္းအကၿပိဳင္ပြဲမ်ားကို ယခင္ႏွစ္မ်ားနည္းတူ က်င္းပျပဳလုပ္သြားမည္ ျဖစ္ရာ ၿပိဳင္ပြဲဝင္မည့္ အသင္းမ်ားသည္ ယေန႔မွစ၍ မတ္ ၃၁ ရက္အထိ ႐ုံးခ်ိန္အတြင္း ဗိုလ္တေထာင္ၿမိဳ႕နယ္(၄၆) လမ္း၊ (၁၂)ထပ္ခြဲ႐ုံး(၁ဝ)လႊာရွိ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ အင္ဂ်င္နီယာဌာန(ေရစီးေရလာစီမံခန႔္ခြဲမႈ)တြင္ လာေရာက္စာရင္း ေပးသြင္းႏိုင္ေၾကာင္း သိရသည္။

ယိမ္းၿပိဳင္ပြဲမ်ားကို (၁၂)ဦးယိမ္း(မူႀကိဳေက်ာင္းမ်ား)၊ (၁၂)ဦးယိမ္း(ေက်ာင္းမ်ား)၊ (၁၂)ဦးယိမ္း(႐ုံး/အျခားဌာနမ်ား)၊ (၁၆)ဦးယိမ္း(ေက်ာင္းမ်ား)၊ (၁၆)ဦးယိမ္း(႐ုံး/အျခား ဌာနမ်ား)၊ (၂၀)ယိမ္း(အလြတ္တန္း)၊ (၁၂)ဦးယိမ္း(က်ား)(အလြတ္တန္း)၊ တိုင္းရင္းသား ႐ိုးရာယဥ္ေက်းမႈ အကမ်ားအပါအဝင္ က်င္းပေပးမည္ ျဖစ္ေၾကာင္း သိရသည္။

အေသးစိတ္သိလိုေသာ အခ်က္အလက္မ်ားကို ဗိုလ္တေထာင္ၿမိဳ႕နယ္၊ (၄၆)လမ္း၊ (၁၂)ထပ္ခြဲ ႐ုံး၊ (၁၀)လႊာရွိ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအင္ဂ်င္နီယာ ဌာန (ေရစီးေရလာစီမံခန႔္ခြဲမႈ) သို႔ လူကိုယ္တိုင္ျဖစ္ေစအတြင္းေရးမႉး၊ အကဲျဖတ္လုပ္ငန္း ဆပ္ေကာ္မတီ ၀၉ ၅၁၀၃၂၈၇၊ တြဲဖက္အတြင္းေရးမႉး၊ အကဲျဖတ္လုပ္ငန္းဆပ္ေကာ္မတီ ၀၉ ၅၀၂၇၉၉၀၊ အကဲျဖတ္လုပ္ငန္းဆပ္ ေကာ္မတီ ႐ုံးအဖြဲ႕ ၀၁ – ၂၀၁၄၅၉ လိုင္းခြဲ (၂၈၂)(၂၈၆)သို႔ ဆက္သြယ္စုံစမ္းႏိုင္ေၾကာင္း အကဲျဖတ္လုပ္ငန္း ဆပ္ေကာ္မတီထံမွသိရသည္


LEAVE A REPLY

Please enter your comment!
Please enter your name here