ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးရှင်းလင်း

0
112

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုတွင် ဘတ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးရှင်းလင်း

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန် ဆန်ရေးဗဟိုကော်မတီ အတွင်းရေးမှူး၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးညွှန့်အောင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒု တိယဥက္ကဋ္ဌဒေါ်သန်းသန်းဆွေနှင့်တာဝန်ရှိသူများက Virtual Zoom Meeting ဖြင့်ရှင်းလင်းပြောကြားခဲ့ကြခြင်းဖြစ်သည်။

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေမှ ထိုင်း- မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးဆိုင်ရာ ရည်ရွယ်ချက်၊မူဝါဒ၊လုပ်ငန်းစဉ်များနှင့်ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်း လင်းပြောကြားခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊စီးပွားရေးရာဝန်ကြီးမှ ကုန်သွယ်မှု data များမှန်ကန်ရေး၊ Market Exchange Rate ရရှိရေး၊ရှမ်းပြည်နယ် အစိုးရအဖွဲ့၊စီးပွားရေးရာဝန်ကြီးမှ တာချီလိတ်ကုန်သည်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည့် အချက်များ၊ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန် ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်း ရေးမှူးဗိုလ်မှူးချုပ်ရန်နောင်စိုးမှ ယခင်ဆောင်ရွက်ခဲ့သည့် ယွမ်/ကျပ် Process တွင်အခက်အခဲများ၊ကျော်လွှားခဲ့မှုနှင့်ထိုင်းဘတ်တွင်ဖြေရှင်းနိုင်မည့် နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ကြသည်။

အလားတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်ဦးမင်းမင်း၊ကုန် သွယ်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊မြန်မာ့စီးပွားရေးဘဏ်၊ဦးဆောင်ညွှန်ကြားရေးမှူး၊Designated Bank အဖြစ်ဆောင်ရွက်ခွင့်ပြုထားသည့် ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်နှင့် Kasikornbank Public Company Limited တို့မှ တာဝန်ရှိသူများက ဘဏ်လုပ်ငန်းဆိုင်ရာဝန် ဆောင်မှုများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ အကောက်ခွန်ဦးစီးဌာန၊ညွှန်ကြားရေးမှူး ချုပ်မှ MACCS system တွင် ငွေကြေးအမျိုးအ စားခွင့်ပြုဆောင်ရွက်ထားရှိမှုနှင့်အကောက်ခွန်ဦးစီးဌာနက ဆောင်ရွက်မည့်ကိစ္စများ ကုန်သည်လုပ်ငန်းရှင်များမှ ဘဏ်လုပ်ငန်းဆိုင်ရာ အစီအ စဉ်များ၊ငွေပေးချေမှုနည်းလမ်းများ၊အဆိုပြုရမည့်ငွေလဲလှယ်နှုန်းများ၊နယ်စပ်ကုန်သွယ်ရေးအ တွက်ရယူရမည့် ကုန်သွယ်မှုဆိုင်ရာအထောက်အ ထားများ၊ဘဏ်စရိတ်နှုန်းထားများ၊ငွေကြေးထောက်ပံ့မှုအစီအစဉ်များအား ဆွေးနွေးခဲ့ကြသည်။

Zaw Gyi








LEAVE A REPLY

Please enter your comment!
Please enter your name here