System ချို့ယွင်းမှုကြောင့် panda rider များ၏ အော်ဒါကြေးများမှားယွင်းလျော့နည်းသွား၍ ပြန်လည်တွက်ချက်ထည့်သွင်းပေးသွားမည်ဟု Food Panda မှထုတ်ပြန်

0
123

System ချို့ယွင်းမှုကြောင့် panda rider များ၏ အော်ဒါကြေးများမှားယွင်းလျော့နည်းသွား၍ ပြန်လည်တွက်ချက်ထည့်သွင်းပေးသွားမည်ဟု Food Panda မှထုတ်ပြန်

Food Panda မှ မတ် ၁၆ ရက်နံနက် ၇ နာရီမှနံနက် ၇ နာရီခွဲအတွင်း ဖြစ်ပေါ်ခဲ့သည့် ခေါက်ကြေးလျော့ကျမှုဖြစ်စဥ်နှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ချက်တစ်ရပ်အား ထုတ်ပြန်ခဲ့သည်။

အဆိုပါ ခေါက်ကြေးလျော့ကျမှုဖြစ်စဥ်သည် နံနက် ၇ နာရီမှနံနက် ၇ နာရီခွဲအတွင်း System ချို့ ယွင်းမှုဖြစ်ပေါ်ရာမှဖြစ်ပွားခဲ့ခြင်းဖြစ်၍ Food Panda မှအနူးအညွတ်တောင်းပန်ထား သည်။

System ချို့ယွင်းမှုကြောင့် panda rider များ၏ အော်ဒါကြေးများတွက်ချက်ရာတွင် မှားယွင်းမှုအချို့ဖြစ်ပေါ်ခဲ့ပြီး မိနစ် ၃၀ အချိန်အတွင်း အော် ဒါကြေးအား မြန်မာငွေကျပ် ၂၀၀ ဝန်းကျင် ဟုမှားယွင်းတွက်ချ‌က်ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု Food Panda မှထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ မှားယွင်းမှုအားအချိန်တိုအတွင်း ပြန်လည်ပြင်ဆင်ခဲ့ပြီး အော်ဒါကြေးများအား ယခင်နဂို မူလနှုန်းထားအတိုင်း ပြန်လည်ထားရှိပြီးဖြစ်ကာ မှားယွင်းတွက်ချက်မှုကြောင့် လျော့နည်းသွားသည့် ပမာဏကိုလည်း အမှန်အတိုင်းပြန်လည်တွက် ချက်ပေးပြီး ပုံမှန်လစာဝင်မည့်အချိန်တွင် တစ်ခါ တည်းထည့်သွင်းပေးသွားမည်ဟု ထုတ်ပြန်ကြေ ညာခဲ့သည်။

ထို့အတူ ကုန်ဈေးနှုန်းများမြင့်တက်လျက်ရှိ၍ panda rider များတွင်အခက်ခဲများကြုံတွေ့နေရသဖြင့် Food panda မှလူမှုအသိုက်အဝန်းကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်နှင့်အညီ panda rider များ၏ လက်ရှိကြုံတွေ့နေရသောအခက်အခဲများအား တစ်ဖက်တစ်လမ်းမှကူညီပေးနိုင်ရန် အော်ဒါကြေးကို လတ်တလောတိုးမြှင့်ပေးရန်အမြန်ဆုံးလုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ရေးသားထားသည်။

ထို့ပြင် ဓာတ်ဆီဈေးနှုန်းများမြင့်တက်လျက်ရှိ၍ panda rider များတွင် အခက်အခဲများကြုံနေရကြောင်းသိရှိရသဖြင့် Food panda မှ ယင်းအခက် အခဲများအား ကူညီဖြေရှင်းပေးနိုင်ရန် ဓာတ်ဆီသုံးစွဲခအဖြစ် အပိုကြေးပေးနိုင်ရန်လိုအပ်သည့် ထောက်ပံ့ငွေရရှိနိုင်ရေးအတွက် အမြန်ဆုံး လုပ် ဆောင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာချက်မှသိရသည်။

အဆိုပါ အော်ဒါကြေးတိုးမြှင့်ပေးရန်နှင့်ဓာတ်ဆီသုံးစွဲခအပိုကြေးများပေးရန်တို့နှင့်ပတ်သက်၍ မကြာခင်အချိန်၌ သက်ဆိုင်ရာမြို့အသီးသီးရှိ မန် နေဂျာများမှတဆင့် အသိပေးအကြောင်းကြားသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

Food panda အနေဖြင့် panda rider များ၊စားသုံး သူများနှင့်မိတ်ဖက်လုပ်ငန်းများအပေါ် အန္တရာယ်ကျရောက်စေနိုင်မည့် အပြုအမူမျိုး၊ထိခိုက်နာ ကျင်စေရန်လုပ်ဆောင်မှုများအား ခွင့်ပြုထားခြင်းမရှိသကဲ့သို့ ထိခိုက်နစ်နာစေရန် ပြုလုပ်လာသည့် လက်ရှိလက်တွဲလုပ်ကိုင်လျက်ရှိသော မည် သူကိုမဆို လက်တွဲဖြုတ်ရန် စဉ်းစားသုံးသပ်သွားမည်ဟု ထုတ်ပြန်ရေးသားထားသည်။

Food panda ၏အဓိကအကြီးမားဆုံး ဦးစားပေးမှုမှာ မြန်မာနိုင်ငံတွင် မရှိမဖြစ်လိုအပ်သည့် စား သောက်ကုန်ပို့ဆောင်ရေးဝန်ဆောင်မှုအား ဆက် လက်ပေးစွမ်းနိုင်ရန်ဖြစ်ပြီး စားသုံးသူများအနေဖြင့်လည်း အစားအသောက်များအား အဆင်ပြေချောမွေ့စွာမှာယူနိုင်ရန် Food panda ကိုအားထားသည်ကိုသိရှိထား၍ စားသုံးသူများအတွက် အ ဆင်မပြေဖြစ်သွားခဲ့ပါက အနူးအညွှတ်တောင်း ပန်ကြောင်းရေးသားထားသည်။

ယခုဖြစ်ပေါ်လျက်ရှိသည့် ကိစ္စရပ်များကိုလည်း Food panda မှအကောင်းဆုံးဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်၍ လူကြီးမင်းတို့အနေဖြင့် စား သောက်ကုန်နှင့်ကုန်ပစ္စည်းများအား လိုအပ်သည့်အချိန်တွင် မှာယူနိုင်ရန်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Zaw Gyi

System ခ်ိဳ႕ယြင္းမႈေၾကာင့္ panda rider မ်ား၏ ေအာ္ဒါေၾကးမ်ားမွားယြင္းေလ်ာ့နည္းသြား၍ ျပန္လည္တြက္ခ်က္ထည့္သြင္းေပးသြားမည္ဟု Foodpanda မွထုတ္ျပန္

Foodpanda မွ မတ္ ၁၆ ရက္နံနက္ ၇ နာရီမွနံနက္ ၇ နာရီခြဲအတြင္း ျဖစ္ေပၚခဲ့သည့္ ေခါက္ေၾကးေလ်ာ့က်မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ တရားဝင္ထုတ္ျပန္ခ်က္တစ္ရပ္အား ထုတ္ျပန္ခဲ့သည္။

အဆိုပါ ေခါက္ေၾကးေလ်ာ့က်မႈျဖစ္စဥ္သည္ နံ နက္ ၇ နာရီမွနံနက္ ၇ နာရီခြဲအတြင္း System ခ်ိဳ႕ ယြင္းမႈျဖစ္ေပၚရာမွျဖစ္ပြားခဲ့ျခင္းျဖစ္၍ Foodpanda မွအႏူးအၫြတ္ေတာင္းပန္ထား သည္။

System ခ်ိဳ႕ယြင္းမႈေၾကာင့္ panda rider မ်ား၏ ေအာ္ဒါေၾကးမ်ားတြက္ခ်က္ရာတြင္ မွားယြင္းမႈအခ်ိဳ႕ျဖစ္ေပၚခဲ့ၿပီး မိနစ္ ၃၀ အခ်ိန္အတြင္း ေအာ္ ဒါေၾကးအား ျမန္မာေငြက်ပ္ ၂၀၀ ဝန္းက်င္ ဟုမွားယြင္းတြက္ခ်‌က္ေဖာ္ျပခဲ့ျခင္းျဖစ္သည္ဟု Foodpanda မွထုတ္ျပန္ေၾကညာခဲ့သည္။

ထိုသို႔ မွားယြင္းမႈအားအခ်ိန္တိုအတြင္း ျပန္လည္ျပင္ဆင္ခဲ့ၿပီး ေအာ္ဒါေၾကးမ်ားအား ယခင္နဂို မူလႏႈန္းထားအတိုင္း ျပန္လည္ထားရွိၿပီးျဖစ္ကာ မွားယြင္းတြက္ခ်က္မႈေၾကာင့္ ေလ်ာ့နည္းသြားသည့္ ပမာဏကိုလည္း အမွန္အတိုင္းျပန္လည္တြက္ ခ်က္ေပးၿပီး ပုံမွန္လစာဝင္မည့္အခ်ိန္တြင္ တစ္ခါ တည္းထည့္သြင္းေပးသြားမည္ဟု ထုတ္ျပန္ေၾက ညာခဲ့သည္။

ထို႔အတူ ကုန္ေဈးႏႈန္းမ်ားျမင့္တက္လ်က္ရွိ၍ panda rider မ်ားတြင္အခက္ခဲမ်ားႀကဳံေတြ႕ေနရသျဖင့္ foodpanda မွလူမႈအသိုက္အဝန္းကို ျမႇင့္တင္ေပးရန္ ရည္႐ြယ္ခ်က္ႏွင့္အညီ panda rider မ်ား၏ လက္ရွိႀကဳံေတြ႕ေနရေသာအခက္အခဲမ်ားအား တစ္ဖက္တစ္လမ္းမွကူညီေပးႏိုင္ရန္ ေအာ္ဒါေၾကးကို လတ္တေလာတိုးျမႇင့္ေပးရန္အျမန္ဆုံးလုပ္ေဆာင္လ်က္ရွိေၾကာင္း ထုတ္ျပန္ေရးသားထားသည္။

ထို႔ျပင္ ဓာတ္ဆီေဈးႏႈန္းမ်ားျမင့္တက္လ်က္ရွိ၍ panda rider မ်ားတြင္ အခက္အခဲမ်ားႀကဳံေနရေၾကာင္းသိရွိရသျဖင့္ Foodpanda မွ ယင္းအခက္ အခဲမ်ားအား ကူညီေျဖရွင္းေပးႏိုင္ရန္ ဓာတ္ဆီသုံးစြဲခအျဖစ္ အပိုေၾကးေပးႏိုင္ရန္လိုအပ္သည့္ ေထာက္ပံ့ေငြရရွိႏိုင္ေရးအတြက္ အျမန္ဆုံး လုပ္ ေဆာင္ခဲ့ေၾကာင္း ထုတ္ျပန္ေၾကညာခ်က္မွသိရသည္။

အဆိုပါ ေအာ္ဒါေၾကးတိုးျမႇင့္ေပးရန္ႏွင့္ဓာတ္ဆီသုံးစြဲခအပိုေၾကးမ်ားေပးရန္တို႔ႏွင့္ပတ္သက္၍ မၾကာခင္အခ်ိန္၌ သက္ဆိုင္ရာၿမိဳ႕အသီးသီးရွိ မန္ ေနဂ်ာမ်ားမွတဆင့္ အသိေပးအေၾကာင္းၾကားသြားမည္ဟု ထုတ္ျပန္ေၾကညာထားသည္။

foodpanda အေနျဖင့္ panda rider မ်ား၊စားသုံး သူမ်ားႏွင့္မိတ္ဖက္လုပ္ငန္းမ်ားအေပၚ အႏၲရာယ္က်ေရာက္ေစႏိုင္မည့္ အျပဳအမူမ်ိဳး၊ထိခိုက္နာ က်င္ေစရန္လုပ္ေဆာင္မႈမ်ားအား ခြင့္ျပဳထားျခင္းမရွိသကဲ့သို႔ ထိခိုက္နစ္နာေစရန္ ျပဳလုပ္လာသည့္ လက္ရွိလက္တြဲလုပ္ကိုင္လ်က္ရွိေသာ မည္ သူကိုမဆို လက္တြဲျဖဳတ္ရန္ စဥ္းစားသုံးသပ္သြားမည္ဟု ထုတ္ျပန္ေရးသားထားသည္။

Foodpanda ၏အဓိကအႀကီးမားဆုံး ဦးစားေပးမႈမွာ ျမန္မာႏိုင္ငံတြင္ မရွိမျဖစ္လိုအပ္သည့္ စား ေသာက္ကုန္ပို႔ေဆာင္ေရးဝန္ေဆာင္မႈအား ဆက္ လက္ေပးစြမ္းႏိုင္ရန္ျဖစ္ၿပီး စားသုံးသူမ်ားအေနျဖင့္လည္း အစားအေသာက္မ်ားအား အဆင္ေျပေခ်ာေမြ႕စြာမွာယူႏိုင္ရန္ Foodpanda ကိုအားထားသည္ကိုသိရွိထား၍ စားသုံးသူမ်ားအတြက္ အ ဆင္မေျပျဖစ္သြားခဲ့ပါက အႏူးအၫႊတ္ေတာင္း ပန္ေၾကာင္းေရးသားထားသည္။

ယခုျဖစ္ေပၚလ်က္ရွိသည့္ ကိစၥရပ္မ်ားကိုလည္း Foodpanda မွအေကာင္းဆုံးေျဖရွင္းေဆာင္႐ြက္သြားမည္ျဖစ္၍ လူႀကီးမင္းတို႔အေနျဖင့္ စား ေသာက္ကုန္ႏွင့္ကုန္ပစၥည္းမ်ားအား လိုအပ္သည့္အခ်ိန္တြင္ မွာယူႏိုင္ရန္ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here