ပဋိပက္ခ ပိုမိုပြင်းထန်လာနေပြီး အဆိုပါပဋိပက္ခရဲ့ အကျိုးဆက်ကိုအရပ်သားတွေ ဆက်လက်ခါးစည်းခံနေရလို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)ရုံး အစီရင်ခံ

0
199

မြန်မာနိုင်ငံအရှေ့တောင်နဲ့ အနောက်မြောက်ပိုင်းမှာ ပဋိပက္ခတွေဟာ ပိုမိုပြင်းထန်လာနေပြီး အရပ်သားတွေဟာ အဆိုပါပဋိပက္ခရဲ့ အကျိုးဆက်ကို ဆက်လက်ခါးစည်းခံနေရတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)ရုံးက ဒီကနေ့ မတ်လ၁၉ ရက်နေ့လယ်ပိုင်းမှာ နာက်ဆုံးထုတ် လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာနဲ့ အစီရင်ခံလိုက်ပါတယ်။

၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်က ရရှိတဲ့ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၈၈၉,၉၀၀ ရှိနေတဲ့အကြောင်း၊ အဆိုပါတိုက်ပွဲရှောင်ထွက်ပြေးရသူတွေထဲမှာ၂၀၂၁ဖေဖော်ဝါရီ၁ရက်နေ့နောက်ပိုင်း ထပ်မံအိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၅၁၉,၅၀၀ ဦးနဲ့ ယခင်က ပဋိပက္ခအကြပ်အတည်းတွေကြောင့် ယာယီစခန်းတွေမှာ ဆက်လက်နေထိုင်နေကြရသူ ၃၇၀,၄၀၀ ဦးတို့ပါဝင်တဲ့အကြောင်း နဲ့
လတ်တလောပြန်လာကြသူဦးရေ အနည်းငယ်ရှိတဲ့အတွက် စုစုပေါင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေစာရင်းမှာ တည်ငြိမ်မှုမရှိဘဲ အတက်အကျရှိနေတယ်လို့လည်း (OCHA)ရုံးကပြောဆိုပါတယ်။

သွားလာခွင့်ဆိုင်ရာ စိန်ခေါ်မှုအကြပ်အတည်းတွေကြားထဲကပဲ လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေဟာ ဒေသခံမိတ်ဖက်တွေကတဆင့် တိုက်ပွဲရှောင်လာရသူတွေနဲ့ လက်ခံအသိုင်းအဝိုင်းကို အရေးပေါ်အကူအညီပေးခြင်းကို တတ်နိုင်တဲ့နေရာတွေမှာ ဆက်လက်လုပ်ဆောင်နေပြီး အကူအညီပေးသူတွေအနေနဲ့ ပဋိပက္ခဒဏ်ခံရတဲ့နေရာတွေသို့ အကူအညီပစ္စည်းတွေသယ်ယူရာမှာ အခက်အခဲတွေ ရင်ဆိုင်ရတဲ့အကြောင်းကို ကြားသိရတဲ့အကြောင်းလည်း ထည့်သွင်းအစီရင်ခံခဲ့တာတွေ့ရပါတယ်။

“ကချင်နဲ့ ရှမ်းမြောက်သို့ ကုလသမဂ္ဂအေဂျင်စီများ စုပေါင်းသွားရောက်ခဲ့ပါတယ်။ ထိုသို့သွားရောက်ရာမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား (သို့) တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိုက်ပွဲရှောင်ဦးရေများပြားလာတဲ့အတွက် တိုးပွားလာတဲ့ လိုအပ်ချက်တွေနဲ့ တုံ့ပြန်ရေးပိုင်းဆိုင်ရာ သိသာစွာ ကွာဟမှုတွေကို တွေ့ခဲ့ရပါတယ်”လို့ (OCHA)ရုံးကပြောဆိုပါတယ်။

ကုလသမဂ္ဂတွင်းရေးမှုးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephen Dujarric က မတ်လ ၁၈ရက်က မြန်မာနိုင်ငံတစ်ဝှမ်းဖြစ်ပေါ်နေတဲ့ အခက်အခဲ အကျပ်အတည်းတွေကို သိရှိထားတဲ့အကြောင်းသတင်းထောက်တွေကို ပြောကြားခဲ့တာရှိပါတယ်။

“အကူအညီလိုအပ်မှုတွေဟာ လုပ်ဆောင်ပေးနိုင်တဲ့အတိုင်းအတာထက် ကျော်လွန်နေပါတယ်။ကုလသမဂ္ဂအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဒုက္ခသည်တွေကိုအစားအစာ၊ ရေ၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့လိုအပ်တာတွေကိုကူညီထောက်ပံပေးနေပါတယ်”လို့ ကုလသမဂ္ဂတွင်းရေးမှုးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephen Dujarric က ပြောခဲ့တာပါ။

ဒါ့အပြင် ၂ဝ၂၂ ခုနှစ်အတွင်းမြန်မာနိုင်ငံက လူ ၆ ဒဿမ ၂ သန်းကျော်ကိုကူညီထောက်ပံနိုင်ဖို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီအတွက် အမေရိကန်ဒေါ်လာ ၈၂၆ သန်းလိုအပ်မယ်လို့ ကုလသမဂ္ဂကတောင်းခံထားပေမယ့်၊ ဒီကနေ့အ ထိ ၆ ရာနှုန်းသာရရှိထားသေးတာကြောင့် မြန်မာပြည်သူတွေကို ကူညီတဲ့အနေနဲ အလှူရှင်တွေကပိုမိုထည့်ဝင်ကြဖို့ကို ကုလသမဂ္ဂအနေနဲ့ တိုက်တွန်းကြောင်းလည်း ကုလသမဂ္ဂပြော ရေးဆိုခွင့်ရှိသူ Stephen Dujarric ကပြောဆိုထားတာရှိပါတယ်။

Zaw Gyi

LEAVE A REPLY

Please enter your comment!
Please enter your name here