ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်ရှိ ABC မီနီမတ်ကောင်တာအတွင်းရှိ ငွေများအားဝင်ရောက်လု ယက်သူကို ဖမ်းဆီးရမိခဲ့

0
137

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်ရှိ ABC မီနီမတ်ကောင်တာအတွင်းရှိ ငွေများအားဝင်ရောက်လု ယက်သူကို ဖမ်းဆီးရမိခဲ့

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်၊(ဌ)ရပ် ကွက်၊သုဓမ္မာလမ်းမကြီးပေါ်ရှိ ABC မီနီမတ်ကောင်တာအတွင်းရှိ ငွေများအားဝင်ရောက်လု ယက်သူအား ဖမ်းဆီးရမိခဲ့သည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

မတ် ၁၉ ရက်(ယနေ့)နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရပ်ကွက်နေသူများက လုယက်သူအား ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ဝေဘာဂီမြို့သစ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ABC မီနီမတ်ကောင်တာအတွင်းမှ ငွေများအားလုယက်ယူဆောင်သူသည် မီနီမတ်အတွင်း၌ စျေးဝယ်သူများရှိစဥ် ဝင်ရောက်လုယက်ယူဆောင်ပြီးနောက် ထွက်ပြေးသွားခဲ့ရာ အရောင်းဝန်ထမ်းအမျိုးသမီးမှအော်ဟစ်အကူအညီတောင်းရာမှ ရပ်ကွက်နေသူများကလိုက်လံဖမ်းဆီးရာ မြနန္ဒာစျေးအနီး၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

“ရဲစခန်းကိုပို့ထားလိုက်ပြီ စစ်နေတယ် တခြားသူတွေကောပါလား မပါလားဆိုတာတော့မသိဘူး အရောင်းဝန်ထမ်းကောင်မလေးပြောပုံအရဆိုရင် ဆိုင်ထဲဝင်လာပြီး ကောင်တာထဲကပိုက်ဆံကိုအေးဆေးနှိုက်ယူတယ် ကောင်မလေးကအပြင်ထွက်အော်ပြီးအကူအညီတောင်းတော့ ထွက်ပြေးသွားတာ”ဟုဝိုင်းဝန်းဖမ်းဆီးပေးခဲ့သူတစ်ဦးကပြောသည်။

ငွေများလုယက်ယူဆောင်သူသည် ဆိုင်အတွင်းမှထွက်ပြီးနောက် ဂန္ဓာမာလမ်းထိပ်အရောက်တွင် ထွက်ပြေးခဲ့သဖြင့် ရပ်ကွက်နေသူများက လိုက် လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zaw Gyi

ရန္ကုန္ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ABC မီနီမတ္ေကာင္တာအတြင္းရွိ ေငြမ်ားအားဝင္ေရာက္လု ယက္သူကို ဖမ္းဆီးရမိခဲ့

ရန္ကုန္ၿမိဳ႕၊ေျမာက္ဥကၠလာပၿမိဳ႕နယ္၊(ဌ)ရပ္ ကြက္၊သုဓမၼာလမ္းမႀကီးေပၚရွိ ABC မီနီမတ္ေကာင္တာအတြင္းရွိ ေငြမ်ားအားဝင္ေရာက္လု ယက္သူအား ဖမ္းဆီးရမိခဲ့သည္ဟု ရပ္ကြက္ေနသူမ်ားထံမွ သိရသည္။

မတ္ ၁၉ ရက္(ယေန႔)နံနက္ ၁၀ နာရီခန္႔က ျဖစ္ပြားခဲ့ျခင္းျဖစ္ကာ ရပ္ကြက္ေနသူမ်ားက လုယက္သူအား ဝိုင္းဝန္းဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ၿပီး ေဝဘာဂီၿမိဳ႕သစ္ရဲစခန္းသို႔ ပို႔ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။

ABC မီနီမတ္ေကာင္တာအတြင္းမွ ေငြမ်ားအားလုယက္ယူေဆာင္သူသည္ မီနီမတ္အတြင္း၌ ေစ်းဝယ္သူမ်ားရွိစဥ္ ဝင္ေရာက္လုယက္ယူေဆာင္ၿပီးေနာက္ ထြက္ေျပးသြားခဲ့ရာ အေရာင္းဝန္ထမ္းအမ်ိဳးသမီးမွေအာ္ဟစ္အကူအညီေတာင္းရာမွ ရပ္ကြက္ေနသူမ်ားကလိုက္လံဖမ္းဆီးရာ ျမနႏၵာေစ်းအနီး၌ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

“ရဲစခန္းကိုပို႔ထားလိုက္ၿပီ စစ္ေနတယ္ တျခားသူေတြေကာပါလား မပါလားဆိုတာေတာ့မသိဘူး အေရာင္းဝန္ထမ္းေကာင္မေလးေျပာပုံအရဆိုရင္ ဆိုင္ထဲဝင္လာၿပီး ေကာင္တာထဲကပိုက္ဆံကိုေအးေဆးႏႈိက္ယူတယ္ ေကာင္မေလးကအျပင္ထြက္ေအာ္ၿပီးအကူအညီေတာင္းေတာ့ ထြက္ေျပးသြားတာ”ဟုဝိုင္းဝန္းဖမ္းဆီးေပးခဲ့သူတစ္ဦးကေျပာသည္။

ေငြမ်ားလုယက္ယူေဆာင္သူသည္ ဆိုင္အတြင္းမွထြက္ၿပီးေနာက္ ဂႏၶာမာလမ္းထိပ္အေရာက္တြင္ ထြက္ေျပးခဲ့သျဖင့္ ရပ္ကြက္ေနသူမ်ားက လိုက္ လံဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here