မြစ်ကြီးနား ၂၁ မိုင်စစ်ဆေးရေးဂိတ်အနီးအပြန် အလှန်ပစ်ခတ်မှုဖြစ်ပွား ၂ ဦးဒဏ်ရာရကာ ကားများယာယီရပ်ထားရ

0
182

မြစ်ကြီးနား ၂၁ မိုင်စစ်ဆေးရေးဂိတ်အနီးအပြန် အလှန်ပစ်ခတ်မှုဖြစ်ပွား ၂ ဦးဒဏ်ရာရကာ ကားများယာယီရပ်ထားရ

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရှိ ၂၁ မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးတွင် မတ်လ ၁၉ရက်(ယနေ့)နံ နက်ပိုင်းက နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုဖြစ် ပွားခဲ့၍ ၂ ဦးဒဏ်ရာရရှိခဲ့ပြီး ကားများယာယီရပ်ထားခဲ့ရကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

၂၁ မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်သည် မြစ်ကြီးနား-နမ္မတီးသွားကားလမ်း၏ မရမ်းကျေးရွာ၌ရှိကာ နံနက်အစောပိုင်း ၄ နာရီခန့်၌ ပစ်ခတ်မှုဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပစ်သံတွေကြားတော့ ချက်ခြင်းကားကိုပြန့်လှည့်ခဲ့ရတယ် စစ်ဆေးရေးဂိတ်မှာစစ်ဆေးခံဖို့စောင့်နေတဲ့ကားတွေအများကြီးပဲ အကုန်လုံးလည်းပြန်လှည့်ပြေးကြတာပေါ့ ပစ်ခတ်မှုဖြစ်တော့ ကားတွေကိုပေးမဖြတ်တော့ဘဲ ဂိတ်ကိုယာယီပိတ်လိုက်တယ်”ဟုခရီးသည်တင်ကားမောင်းသူတစ်ဦးကပြောသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် ကားများအားလမ်းဖြတ်သန်းခွင့်ယာယီပိတ်ခဲ့သဖြင့် ကားများမှာပစ်ခတ်မှုနှင့်လွတ်ကင်းသည့်နေရာများ၌ တန်းစီစောင့်ဆိုင်းနေခဲ့ရကြောင်း သိရသည်။

“ကားတန်းကအရှည်ကြီးပဲ ကုန်တင်ကား၊ခရီး သည်တင်ကား၊ကိုယ်ပိုင်ကားအစုံပဲတန်းစီပြီး ဂိတ်ပြန်ပွင့်မယ့်အချိန်ကိုစောင့်နေကြတာ ပြည်သူတွေကို ထိခိုက်မိမှာစိုးတဲ့အတွက် လမ်းကိုခနပိတ်လိုက်ရတာပါ အခုတော့ မနက် ၁၁ နာရီ ၄၅ မိနစ်လောက်မှာလမ်းပြန်ပွင့်သွားသလို ပစ်ခတ်မှုလည်းမရှိတော့တာကြောင့် ကားတွေပြန်ပြီးဖြတ် သန်းသွားနေပါပြီ”ဟုလုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ပစ်ခတ်မှုဖြစ်စဥ်တွင် ၂၁ မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်အားဖြတ်သန်းရန် တန်းစီစောင့်ဆိုင်းနေသည့် ကားများမှာပစ်ခတ်မှုမှလွတ်ကင်းရန် ပြန်လှည့်ခဲ့ရကြောင်း သိရသည်။

“အကုန်ပြန်လှည့်ကြတာ ပြန်လှည့်မောင်းနေတုန်း ကုန်ကားတစ်စီးက ကားမောင်းတဲ့လူနဲ့စပယ်ယာ သေနတ်ကျည်မှန်သွားတယ် ကျွန်တော်တို့လည်းထိမှာစိုးလို့ မသွားရဲဘူး”ဟု ခရီးသည်တင်ကားမောင်းသူတစ်ဦးကပြောသည်။

Zaw Gyi

ျမစ္ႀကီးနား ၂၁ မိုင္စစ္ေဆးေရးဂိတ္အနီးအျပန္ အလွန္ပစ္ခတ္မႈျဖစ္ပြား ၂ ဦးဒဏ္ရာရကာ ကားမ်ားယာယီရပ္ထားရ

ကခ်င္ျပည္နယ္၊ျမစ္ႀကီးနားၿမိဳ႕ရွိ ၂၁ မိုင္ပူးေပါင္းစစ္ေဆးေရးဂိတ္အနီးတြင္ မတ္လ ၁၉ရက္(ယေန႔)နံ နက္ပိုင္းက ႏွစ္ဘက္အျပန္အလွန္ပစ္ခတ္မႈျဖစ္ ပြားခဲ့၍ ၂ ဦးဒဏ္ရာရရွိခဲ့ၿပီး ကားမ်ားယာယီရပ္ထားခဲ့ရေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

၂၁ မိုင္ပူးေပါင္းစစ္ေဆးေရးဂိတ္သည္ ျမစ္ႀကီးနား-နမၼတီးသြားကားလမ္း၏ မရမ္းေက်း႐ြာ၌ရွိကာ နံနက္အေစာပိုင္း ၄ နာရီခန္႔၌ ပစ္ခတ္မႈျဖစ္ ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ပစ္သံေတြၾကားေတာ့ ခ်က္ျခင္းကားကိုျပန္႔လွည့္ခဲ့ရတယ္ စစ္ေဆးေရးဂိတ္မွာစစ္ေဆးခံဖို႔ေစာင့္ေနတဲ့ကားေတြအမ်ားႀကီးပဲ အကုန္လုံးလည္းျပန္လွည့္ေျပးၾကတာေပါ့ ပစ္ခတ္မႈျဖစ္ေတာ့ ကားေတြကိုေပးမျဖတ္ေတာ့ဘဲ ဂိတ္ကိုယာယီပိတ္လိုက္တယ္”ဟုခရီးသည္တင္ကားေမာင္းသူတစ္ဦးကေျပာသည္။

ႏွစ္ဖက္အျပန္အလွန္ပစ္ခတ္မႈေၾကာင့္ ကားမ်ားအားလမ္းျဖတ္သန္းခြင့္ယာယီပိတ္ခဲ့သျဖင့္ ကားမ်ားမွာပစ္ခတ္မႈႏွင့္လြတ္ကင္းသည့္ေနရာမ်ား၌ တန္းစီေစာင့္ဆိုင္းေနခဲ့ရေၾကာင္း သိရသည္။

“ကားတန္းကအရွည္ႀကီးပဲ ကုန္တင္ကား၊ခရီး သည္တင္ကား၊ကိုယ္ပိုင္ကားအစုံပဲတန္းစီၿပီး ဂိတ္ျပန္ပြင့္မယ့္အခ်ိန္ကိုေစာင့္ေနၾကတာ ျပည္သူေတြကို ထိခိုက္မိမွာစိုးတဲ့အတြက္ လမ္းကိုခနပိတ္လိုက္ရတာပါ အခုေတာ့ မနက္ ၁၁ နာရီ ၄၅ မိနစ္ေလာက္မွာလမ္းျပန္ပြင့္သြားသလို ပစ္ခတ္မႈလည္းမရွိေတာ့တာေၾကာင့္ ကားေတြျပန္ၿပီးျဖတ္ သန္းသြားေနပါၿပီ”ဟုလုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

ပစ္ခတ္မႈျဖစ္စဥ္တြင္ ၂၁ မိုင္ပူးေပါင္းစစ္ေဆးေရးဂိတ္အားျဖတ္သန္းရန္ တန္းစီေစာင့္ဆိုင္းေနသည့္ ကားမ်ားမွာပစ္ခတ္မႈမွလြတ္ကင္းရန္ ျပန္လွည့္ခဲ့ရေၾကာင္း သိရသည္။

“အကုန္ျပန္လွည့္ၾကတာ ျပန္လွည့္ေမာင္းေနတုန္း ကုန္ကားတစ္စီးက ကားေမာင္းတဲ့လူနဲ႔စပယ္ယာ ေသနတ္က်ည္မွန္သြားတယ္ ကြၽန္ေတာ္တို႔လည္းထိမွာစိုးလို႔ မသြားရဲဘူး”ဟု ခရီးသည္တင္ကားေမာင္းသူတစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here