စားသုံးဆီတစ်ပိဿ ၆၇၀၀ကျပ်ဖြင့် ဆီကုန်သည်များအသင်း လှိုင်သာယာတွင်ရောင်းချ

0
113

စားသုံးဆီတစ်ပိဿ ၆၇၀၀ကျပ်ဖြင့် ဆီကုန်သည်များအသင်း လှိုင်သာယာတွင်ရောင်းချ

လှိုင်သာယာမြို့နယ် စက်မှုဇုံ ၄ရှိ စက်ရုံ ဝန်ထမ်းများအပါအဝင် စားသုံးသူပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက်ဆီတစ်ပိသာလျင် (၆၇၀၀/- ကျပ်)နှုန်းဖြင့် ဆီကုန်သည်များအသင်းက ယနေ့ရောင်းချပေးခဲ့ကြောင်းသိရသည်။

ပြင်ပတွင် စားသုံးဆီဈေးက မြင့်တက်လျှက်ရှိနေသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေ သည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးလျက် ရှိရာ မတ် ၁၄ ရက်မှ ၂၀ ရက်အတွက် အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကို (၅၉၄၀ ကျပ် ၆၅၇၅ ကျပ်) ထုတ်ပြန်ထားရှိထားသည်။

ယခုအပတ်အတွင်း နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် လက်ရှိ အခြေအနေများအရ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများ တွင် စားအုန်းဆီဈေးနှုန်းများကျဆင်းလာပြီး တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် FOB ဈေးနှုန်းများအပေါ်အခြေခံ၍ တွက်ချက်မှုအရ ၂၀၂ ခုနှစ်၊ မတ် ၂၁ ရက်မှ ၂၇ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ ယခင်အပတ်ထက် တစ်ပိဿာလျှင်ငွေကျပ် ၂၀၀ ခန့် လျော့နည်းခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (အနိမ့်ဆုံး ငွေကျပ် ၅၆၆၀ မှ အမြင့်ဆုံး ၆၃၇၅ ကျပ်) ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

Zaw Gyi

စားသုံးဆီတစ္ပိႆ ၆၇၀၀က်ပ္ျဖင့္ ဆီကုန္သည္မ်ားအသင္း လႈိင္သာယာတြင္ေရာင္းခ်

လႈိင္သာယာၿမိဳ႕နယ္ စက္မႈဇုံ ၄ရွိ စက္႐ုံ ဝန္ထမ္းမ်ားအပါအဝင္ စားသုံးသူျပည္သူမ်ားေဈးႏႈန္းသက္သာစြာ ဝယ္ယူႏိုင္ေရးအတြက္ဆီတစ္ပိသာလ်င္ (၆၇၀၀/- က်ပ္)ႏႈန္းျဖင့္ ဆီကုန္သည္မ်ားအသင္းက ယေန႔ေရာင္းခ်ေပးခဲ့ေၾကာင္းသိရသည္။

ျပင္ပတြင္ စားသုံးဆီေဈးက ျမင့္တက္လွ်က္ရွိေနသည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ စားသုံးဆီ တင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္း ႀကီးၾကပ္ေရးေကာ္မတီ အေနျဖင့္ စားအုန္းဆီ ကမာၻ႔ေဈးႏႈန္းျဖစ္ေပၚ ေျပာင္းလဲမႈႏွင့္အညီ ျပည္တြင္း၌ ျဖစ္သင့္ျဖစ္ထိုက္သည့္ ေဈးႏႈန္းမ်ား ျဖစ္ေပၚေစေရး ထိန္းေက်ာင္းေဆာင္႐ြက္လ်က္ရွိၿပီး စားအုန္းဆီ အဓိကထုတ္လုပ္ တင္ပို႔သည့္ မေလးရွားႏိုင္ငံႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔တြင္ ျဖစ္ေပၚေန သည့္ FOB ေဈးႏႈန္းမ်ားကို ေန႔စဥ္ ေစာင့္ၾကည့္ကာ သယ္ယူပို႔ေဆာင္ခ ကုန္က်စရိတ္မ်ား၊ ဘဏ္စရိတ္မ်ား၊ အခြန္အခမ်ား ထည့္သြင္းတြက္ခ်က္၍ ျပည္တြင္းေဈးကြက္၌ ေရာင္းဝယ္ေဖာက္ကားရမည့္ အေျခခံလက္ကားရည္ၫႊန္းေဈးႏႈန္းကို အပတ္စဥ္ထုတ္ျပန္ေပးလ်က္ ရွိရာ မတ္ ၁၄ ရက္မွ ၂၀ ရက္အတြက္ အေျခခံလက္ကားရည္ၫႊန္း ေဈးႏႈန္းကို (၅၉၄၀ က်ပ္ ၆၅၇၅ က်ပ္) ထုတ္ျပန္ထားရွိထားသည္။

ယခုအပတ္အတြင္း ႏိုင္ငံတကာတြင္ ျဖစ္ေပၚေနသည့္ လက္ရွိ အေျခအေနမ်ားအရ ကမာၻ႔စားအုန္းဆီထုတ္လုပ္တင္ပို႔သည့္ႏိုင္ငံမ်ား တြင္ စားအုန္းဆီေဈးႏႈန္းမ်ားက်ဆင္းလာၿပီး တစ္ပတ္အတြင္း ျဖစ္ေပၚခဲ့သည့္ FOB ေဈးႏႈန္းမ်ားအေပၚအေျခခံ၍ တြက္ခ်က္မႈအရ ၂၀၂ ခုႏွစ္၊ မတ္ ၂၁ ရက္မွ ၂၇ ရက္အထိ ရန္ကုန္အထိုင္ေဈး အေျခခံ လက္ကားရည္ၫႊန္းေဈးႏႈန္းမွာ ယခင္အပတ္ထက္ တစ္ပိႆာလွ်င္ေငြက်ပ္ ၂၀၀ ခန႔္ ေလ်ာ့နည္းခဲ့ၿပီး စားအုန္းဆီ တစ္ပိႆာလွ်င္ (အနိမ့္ဆုံး ေငြက်ပ္ ၅၆၆၀ မွ အျမင့္ဆုံး ၆၃၇၅ က်ပ္) ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here