အားကောင်းသည့် လေဖိအားနည်းရပ် ဝန်းကြောင့် မြန်မာနိုင်ငံရှိနေရာသုံးခု၌ မုန်တိုင်းတိုက်ခတ်နိုင်မည်ဟု မိုးဇလထုတ်ပြန်

0
212

 

အားကောင်းသည့် လေဖိအားနည်းရပ် ဝန်းကြောင့် မြန်မာနိုင်ငံရှိနေရာသုံးခု၌ မုန်တိုင်းတိုက်ခတ်နိုင်မည်ဟု မိုးဇလထုတ်ပြန်

အားကောင်းသည့် လေဖိအားနည်းရပ် ဝန်းကြောင့်မြန်မာနိုင်ငံရှိ ကိုကိုးကျွန်း၊ဟိုင်းကြီးကျွန်းနှင့်ရခိုင်ကန်းရိုးတန်းတို့၌ မုန်တိုင်းတိုက်ခတ်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ခဲ့သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ တိုင်းထွာချက်အား မတ် ၁၉ ရက်နံနက် ၇ နာရီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့်ဆက်စပ်လျက်ရှိသည့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အားကောင်းသည့်လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် မုန်တိုင်းငယ်(Depression)အဖြစ်ရောက်ရှိကာ မတ် ၂၀ ရက်တွင် ကိုကိုးကျွန်းအနီး၊ မတ် ၂၁ ရက်တွင် ဧရာဝတီတိုင်း၊ဟိုင်းကြီးကျွန်းအနီးနှင့် မတ် ၂၂ ရက်တွင် ရခိုင်ကမ်းရိုးတန်းတို့သို့ရောက်ရှိ၍ အဆိုပါနေရာများ၌ မုန်တိုင်းတိုက်ခတ်နိုင်ကြောင်း မိုးဇလမှခန့်မှန်းထားသည်။

ထို့သို့ မုန်တိုင်းတိုက်ခတ်မှုကြောင့် မတ် ၁၉ ရက်နံနက်မှ ၂၂ ရက်အတွင်း နေ ပြည်တော်၊စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊မန္တ လေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီ တိုင်း၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင် ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည် နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကာ အ ချို့ဒေသများတွင်မူ ဒေသအလိုက်နှင့်နေရာကွက် ၍မိုးကြီးနိုင်ကြောင်း သိရသည်။

ထိုသို့ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနေ ထိုင်ကြရန်နှင့်ပြည်တွင်းလေကြောင်းပျံသန်းရေး၊မြန်မာ့ကမ်းရိုးတန်းတစ် လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုးဇလမှအသိပေးနှိုးဆော်ထား သည်။

zaw gyi

အားေကာင္းသည့္ ေလဖိအားနည္းရပ္ ဝန္းေၾကာင့္ ျမန္မာႏိုင္ငံရွိေနရာသုံးခု၌ မုန္တိုင္းတိုက္ခတ္ႏိုင္မည္ဟု မိုးဇလထုတ္ျပန္

အားေကာင္းသည့္ ေလဖိအားနည္းရပ္ ဝန္းေၾကာင့္ျမန္မာႏိုင္ငံရွိ ကိုကိုးကြၽန္း၊ဟိုင္းႀကီးကြၽန္းႏွင့္ရခိုင္ကန္း႐ိုးတန္းတို႔၌ မုန္တိုင္းတိုက္ခတ္ႏိုင္သည္ဟု မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွထုတ္ျပန္ခဲ့သည္။

ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီး ဌာန၊မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ အားေကာင္းေသာေလဖိအားနည္းရပ္ဝန္းအေျခအေန တိုင္းထြာခ်က္အား မတ္ ၁၉ ရက္နံနက္ ၇ နာရီက ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းႏွင့္ဆက္စပ္လ်က္ရွိသည့္ ကပၸလီပင္လယ္ျပင္ေတာင္ပိုင္းတို႔တြင္ ျဖစ္ေပၚေနသည့္ ေလဖိအားနည္းရပ္ဝန္း(Low Pressure Area)သည္ ပိုမိုအားေကာင္းလာၿပီး အားေကာင္းေသာေလဖိအားနည္းရပ္ဝန္း(Well Marked Low Pressure Area) အျဖစ္ေရာက္ရွိခဲ့ျခင္းျဖစ္သည္။

အဆိုပါ အားေကာင္းသည့္ေလဖိအားနည္းရပ္ဝန္း (Well Marked Low Pressure Area)သည္ မုန္တိုင္းငယ္(Depression)အျဖစ္ေရာက္ရွိကာ မတ္ ၂၀ ရက္တြင္ ကိုကိုးကြၽန္းအနီး၊ မတ္ ၂၁ ရက္တြင္ ဧရာဝတီတိုင္း၊ဟိုင္းႀကီးကြၽန္းအနီးႏွင့္ မတ္ ၂၂ ရက္တြင္ ရခိုင္ကမ္း႐ိုးတန္းတို႔သို႔ေရာက္ရွိ၍ အဆိုပါေနရာမ်ား၌ မုန္တိုင္းတိုက္ခတ္ႏိုင္ေၾကာင္း မိုးဇလမွခန္႔မွန္းထားသည္။

ထို႔သို႔ မုန္တိုင္းတိုက္ခတ္မႈေၾကာင့္ မတ္ ၁၉ ရက္နံနက္မွ ၂၂ ရက္အတြင္း ေန ျပည္ေတာ္၊စစ္ကိုင္းတိုင္း(ေအာက္ပိုင္း)၊မႏၲ ေလးတိုင္း၊မေကြးတိုင္း၊ပဲခူးတိုင္း၊ရန္ကုန္တိုင္း၊ဧရာဝတီတိုင္း၊တနသၤာရီ တိုင္း၊ရွမ္းျပည္နယ္၊ခ်င္းျပည္နယ္၊ရခိုင္ ျပည္နယ္၊ကယားျပည္နယ္၊ကရင္ျပည္ နယ္ႏွင့္မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာႏိုင္ကာ အ ခ်ိဳ႕ေဒသမ်ားတြင္မူ ေဒသအလိုက္ႏွင့္ေနရာကြက္ ၍မိုးႀကီးႏိုင္ေၾကာင္း သိရသည္။

ထိုသို႔ မိုး႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊မိုးထစ္ခ်ဳန္းျခင္းမ်ား ျဖစ္ေပၚႏိုင္သျဖင့္ ႀကိဳတင္သတိျပဳေန ထိုင္ၾကရန္ႏွင့္ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊ျမန္မာ့ကမ္း႐ိုးတန္းတစ္ ေလွ်ာက္ႏွင့္ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊သေဘၤာမ်ားအေနျဖင့္ ႀကိဳတင္သတိျပဳႏိုင္ရန္ မိုးဇလမွအသိေပးႏႈိးေဆာ္ထား သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here