ကရင်ပြည်နယ်၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအား တိုးမြှင့်အကောင်အထည်ဖော်သွားမည်

0
158

ကရင်ပြည်နယ်၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအား တိုးမြှင့်အကောင်အထည်ဖော်သွားမည်

မီးခိုးမထွက်သည့်စက်ရုံအဖြစ် တင်စားခေါ်ဝေါ်သည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအား လယ်ယာကဏ္ဍနှင့်အတူ တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးကပြောသည်။

ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး စပ်ဆက်နေတဲ့ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေကို အလေးထား လိုက်နာဆောင်ရွက်ကြဖို့လိုပါတယ် ကိုဗစ်အလွန်ကာလမှာ ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့တိုး တက်လာစေရေးအတွက် လိုအပ်တဲ့ပြင်ဆင်ဆောင်ရွက်မှုတွေကို စီမံဆောင်ရွက်ထားကြစေလိုပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။

ထို့ပြင် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ် ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပြည်နယ်၏ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အလားတူ ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ် ငန်းကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန၊ပြည်နယ်တာဝန်ခံဦးသက်လင်းက ယခင်အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအ နေ၊ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီမှ လုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေများနှင့်ယခုအစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ပေးရမည့်ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။

Zaw Gyi

ကရင္ျပည္နယ္၌ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းအား တိုးျမႇင့္အေကာင္အထည္ေဖာ္သြားမည္

မီးခိုးမထြက္သည့္စက္႐ုံအျဖစ္ တင္စားေခၚေဝၚသည့္ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းအား လယ္ယာက႑ႏွင့္အတူ တိုးျမႇင့္အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ဟု ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးေစာျမင့္ဦးကေျပာသည္။

ကရင္ျပည္နယ္ေဒသဆိုင္ရာ ခရီးသြားလုပ္ငန္း ေကာ္မတီ၏ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး၌ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ခရီးသြားလုပ္ငန္းနဲ႔ပတ္သက္ၿပီး စပ္ဆက္ေနတဲ့ က်န္းမာေရးဆိုင္ရာကိစၥရပ္ေတြကို အေလးထား လိုက္နာေဆာင္႐ြက္ၾကဖို႔လိုပါတယ္ ကိုဗစ္အလြန္ကာလမွာ ခရီးသြားလုပ္ငန္းျပန္လည္ဦးေမာ့တိုး တက္လာေစေရးအတြက္ လိုအပ္တဲ့ျပင္ဆင္ေဆာင္႐ြက္မႈေတြကို စီမံေဆာင္႐ြက္ထားၾကေစလိုပါတယ္”ဟု ျပည္နယ္ဝန္ႀကီးခ်ဳပ္ကေျပာသည္။

ထို႔ျပင္ ကရင္ျပည္နယ္ေဒသဆိုင္ရာခရီးသြားလုပ္ ငန္းေကာ္မတီ ဒုတိယဥကၠ႒ ျပည္နယ္စီးပြားေရးရာဝန္ႀကီး ဦးေစာခင္ေမာင္ျမင့္က ျပည္နယ္၏ ခရီးသြားလုပ္ငန္းႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားခဲ့သည္။

အလားတူ ျပည္နယ္ေဒသဆိုင္ရာခရီးသြားလုပ္ ငန္းေကာ္မတီ အတြင္းေရးမႉး ဟိုတယ္ႏွင့္ခရီး သြားၫႊန္ၾကားမႈဦးစီးဌာန၊ျပည္နယ္တာဝန္ခံဦးသက္လင္းက ယခင္အစည္းအေဝးဆုံးျဖတ္ခ်က္ မ်ားအေပၚ လိုက္နာေဆာင္႐ြက္ၿပီးစီးမႈ အေျခအ ေန၊ေဒသဆိုင္ရာခရီးသြားလုပ္ငန္းေကာ္မတီမွ လုပ္ကိုင္ေဆာင္႐ြက္ေနမႈအေျခအေနမ်ားႏွင့္ယခုအစည္းအေဝးတြင္ အတည္ျပဳဆုံးျဖတ္ေပးရမည့္ကိစၥရပ္မ်ားအား ရွင္းလင္းတင္ျပခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here