ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး ယနေ့နံနက်ပိုင်းက ပျံလွန်တော်မူ

0
239

ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး ယနေ့နံနက်ပိုင်းက ပျံ လွန်တော်မူ

နိုင်ငံတော်သြဝါဒါစရိယ၊ ပန္နရသမ ရွှေကျင်နိကာယာဓိပတိ ဥက္ကဋ္ဌ၊ မဟာနာယက ဓမ္မသေနာပတိ၊ရွှေကျင်သာသနာတော်ပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊အဂ္ဂမဟာပ ဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇသိရီပဝရဓမမွာစရိယ၊ သိရောမဏိ၊ အဂ်ဂါဘိဓဇ ရွှေကျင်ဂိုဏ်းချုပ်ဆရာတော်ကြီး ဘဒ္ဒန္တဝိဇ္ဇောတသည် မတ် ၂၀ ရက်(ယနေ့)နံနက် ၂ နာရီ ၁၂ မိနစ်က အာယုဆေးရုံ၌ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဆေးရုံမှတဆင့် မရမ်းကုန်းမြို့နယ်ရှိ ဝိဇ္ဇောတာရုံစာသင်တိုက်သို့ပြန်လည်ပင့်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆရာတော်ကြီးသည်ပျံလွန်တော်မူချိန်၌ သက်တော် ၉၃ နှစ်၊ဝါတော် ၇၃ ဝါရှိကြောင်း သိရသည်။

ပန္နရသမ( ၁၅ )ပါးမြောက်၊ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးဘဒ္ဒန္တ ဝိဇ္ဇောတမဟာထေရ်၏
ထေရုပ္ပတ္တိအကျဉ်းမှာ နိုင်ငံတော်သြဝါဒါစရိယ
ဘဒ္ဒန္တ ဝိဇ္ဇောတမဟာထေရ်အား မွန်ပြည်နယ်၊မုဒုံမြို့၊စာစင်ရပ်၌ ခမည်းတော်ဦးနု၊မယ်တော်ဒေါ်ထားတို့မှ ၁၂၉၁ ခုနှစ်၊တပေါင်းလဆန်း ၇ ရက် ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူခဲ့သည်။

၁၃၁၄ ခုနှစ်၊ကဆုန်လပြည့်နေ့တွင် မုဒုံမြို့၊စာစင်ရပ်၊ကျောင်းဝိုင်းကျောင်းတိုက် ဆရာတော် ဥုးဇဝန အား ဥပဇ္စျာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့သည်။

ထို့အတူ ၁၃၁၁ ခုနှစ်၊နယုန်လဆန်း ၈ ရက်တွင် ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ကံသာကျောင်းသစ်ကျောင်း၊သီလဝိသောဓနီသိမ်တော်၌ ကျောက်ဝိုင်းကျောင်းတိုက် ဆရာတော်ဥူးဇဝန အား ဥပဇ္စျာယ်ပြု၍ ရန်ကုန်မြို့၊မောင်ခိုင်လမ်း၊ဘုံဘေဘားမား ပရိဘောဂတိုက်ပိုင်ရှင် ဦးဖေသိန်း+ဒေါ်ကြင်ရန်တို့၏ ပစ္စယာနုဂ္ဂဖြင့် မြင့်မြတ်သောရဟန်း အဖြစ်သို့ရောက်ခဲ့သည်။

မုဒုံမြို့၊ကျောက်ဝိုင်းကျောင်းတိုက်ဆရာတော်ဥူးဇဝန၊မော်လမြိုင်မြို့၊မဟာမြိုင်ရွှေကျင်ကျောင်းတိုက်ဆရာတော်ဥူးရေဝတ၊မြောင်းမြမြို့၊ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ဒသမရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်၊ တိုက်အုပ်ဆရာတော်ဥူးဉာနိက ဆရာတော်တို့ထံ၌ ပညာသင်ကြားခဲ့သည်။

ဆရာတော်ကြီးသည် ၁၃၁၈ ခုနှစ်တွင် သာသနာ့ဓဇသိရီပဝရ ဓမ္မာစရိယ သိရောမဏိဘွဲ့၊ကမ္ဘာအေး ဗုဒ္ဓတက္ကသိုလ်မှ Dip.BD ဘွဲ့၊ ၁၃၅၃ ခုနှစ်တွင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့၊ ၁၃၅၄ ခုနှစ်တွင် အဂ္ဂ မဟာပဏ္ဍိတဘွဲ့၊ ၁၃၆၀ ခုနှစ်တွင် ပရိယတ္တိသာ သနာဟိတဓရဘွဲ့တို့ကိုရရှိခဲ့သည်။

ထို့ပြင် ဆရာတော်ကြီးသည် မြောင်းမြမြို့၊ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်၌ ပါဠိတက္ကသိုလ်ကထိက၊ ရန်ကုန်မြို့၊ ဝိဇ္ဇောတာရုံ စာသင်တိုက် ကိုတည်ထောင်၍ ပဓာနနာယကဆရာတော်အဖြစ် သက်တော် ၈၇ နှစ်အထိ စာပေကျမ်းဂန်များကို ပိုချခဲ့ပါသည်။

ဆရာတော်သည် ပါဠိတက္ကသိုလ်ကထိက၊ ဂိုဏ်းပေါင်းစုံသံဃအစည်းအဝေး ပထမအကြိမ် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဝိနည်းဓိုရ် ( ရွှေကျင်)၊ ဒုတိယအကြိမ်၊ တတိယအကြိမ် မရမ်းကုန်းမြို့နယ် သံယနာယကအဖွဲ့ ( ရွှေကျင်) ဥက္ကဋ္ဌ၊ ကမ္ဘာအေးစေတီတော် သြဝါဒစရိယ၊ ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်၊ ရန်ကုန်တိုင်း ဝိနည်းပြန်ဌာန ဒုတိယဂိုဏ်းချုပ်ဆရာတော်အ ဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉ ကြိမ်မြောက် ရွှေကျင်နိကာယသံယာ့ အစည်းအဝေးကြီး၌ ” ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက ” ဟူသည့် ဘွဲ့အမည်ဖြင့် ရွှေကျင်ဂိုဏ်းကြီး၏ အဆင့်အမြင်ဆုံး အာဏာပိုင်အဖွဲ့အစည်း၌ ပါဝင်ခဲ့သည်။

၁၃၇၈ ခုနှစ် တပို့တွဲလဆုတ် ၇ ရက်တွင် ရွှေကျင်ဂိုဏ်းကြီး၏အကြီးအကဲ”ရွှေကျင်နိကာယ ဓိပတိဥက္ကဋ္ဌ မဟာနာယက”ပန္နရသမ ၁၅ ပါးမြောက် ရွှေကျင်သာသနာပိုင် အဖြစ်တင်မြှောက်ခြင်းခံခဲ့ရသည်။

ဆရာတော်ကြီးသည် သာသနာ့အကျိုးသည်ပိုးဆောင်ရွတ်တော်မူသဖြင့် ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့ တံဆိပ်တော်အား ဆက်ကပ်လှူဒါန်းခဲ့သည်။

Zaw Gyi

ေ႐ႊက်င္သာသနာပိုင္ဆရာေတာ္ႀကီး ယေန႔နံနက္ပိုင္းက ပ်ံ လြန္ေတာ္မူ

ႏိုင္ငံေတာ္ၾသဝါဒါစရိယ၊ ပႏၷရသမ ေ႐ႊက်င္နိကာယာဓိပတိ ဥကၠ႒၊ မဟာနာယက ဓမၼေသနာပတိ၊ေ႐ႊက်င္သာသနာေတာ္ပိုင္၊ အဘိဓဇမဟာရ႒ဂု႐ု ၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက၊အဂၢမဟာပ ႑ိတ၊ အဂၢမဟာဂႏၴဝါစကပ႑ိတ၊ သာသနဓဇသိရီပဝရဓမမြာစရိယ၊ သိေရာမဏိ၊ အဂ္ဂါဘိဓဇ ေ႐ႊက်င္ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီး ဘဒၵႏၲဝိေဇၨာတသည္ မတ္ ၂၀ ရက္(ယေန႔)နံနက္ ၂ နာရီ ၁၂ မိနစ္က အာယုေဆး႐ုံ၌ ပ်ံလြန္ေတာ္မူသြားခဲ့ေၾကာင္း သိရသည္။

ဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္ေတာ္အား ေဆး႐ုံမွတဆင့္ မရမ္းကုန္းၿမိဳ႕နယ္ရွိ ဝိေဇၨာတာ႐ုံစာသင္တိုက္သို႔ျပန္လည္ပင့္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္ႀကီးသည္ပ်ံလြန္ေတာ္မူခ်ိန္၌ သက္ေတာ္ ၉၃ ႏွစ္၊ဝါေတာ္ ၇၃ ဝါရွိေၾကာင္း သိရသည္။

ပႏၷရသမ( ၁၅ )ပါးေျမာက္၊ေ႐ႊက်င္သာသနာပိုင္ဆရာေတာ္ႀကီးဘဒၵႏၲ ဝိေဇၨာတမဟာေထရ္၏
ေထ႐ုပၸတၱိအက်ဥ္းမွာ ႏိုင္ငံေတာ္ၾသဝါဒါစရိယ
ဘဒၵႏၲ ဝိေဇၨာတမဟာေထရ္အား မြန္ျပည္နယ္၊မုဒုံၿမိဳ႕၊စာစင္ရပ္၌ ခမည္းေတာ္ဦးႏု၊မယ္ေတာ္ေဒၚထားတို႔မွ ၁၂၉၁ ခုႏွစ္၊တေပါင္းလဆန္း ၇ ရက္ ဗုဒၶဟူးေန႔တြင္ ဖြားျမင္ေတာ္မူခဲ့သည္။

၁၃၁၄ ခုႏွစ္၊ကဆုန္လျပည့္ေန႔တြင္ မုဒုံၿမိဳ႕၊စာစင္ရပ္၊ေက်ာင္းဝိုင္းေက်ာင္းတိုက္ ဆရာေတာ္ ဥဳးဇဝန အား ဥပဇၥ်ာယ္ျပဳ၍ ရွင္သာမေဏအျဖစ္သို႔ေရာက္ရွိခဲ့သည္။

ထို႔အတူ ၁၃၁၁ ခုႏွစ္၊နယုန္လဆန္း ၈ ရက္တြင္ ရန္ကုန္ၿမိဳ႕၊ဗဟန္းၿမိဳ႕နယ္၊ကံသာေက်ာင္းသစ္ေက်ာင္း၊သီလဝိေသာဓနီသိမ္ေတာ္၌ ေက်ာက္ဝိုင္းေက်ာင္းတိုက္ ဆရာေတာ္ဥဴးဇဝန အား ဥပဇၥ်ာယ္ျပဳ၍ ရန္ကုန္ၿမိဳ႕၊ေမာင္ခိုင္လမ္း၊ဘုံေဘဘားမား ပရိေဘာဂတိုက္ပိုင္ရွင္ ဦးေဖသိန္း+ေဒၚၾကင္ရန္တို႔၏ ပစၥယာႏုဂၢျဖင့္ ျမင့္ျမတ္ေသာရဟန္း အျဖစ္သို႔ေရာက္ခဲ့သည္။

မုဒုံၿမိဳ႕၊ေက်ာက္ဝိုင္းေက်ာင္းတိုက္ဆရာေတာ္
ဥဴးဇဝန၊ေမာ္လၿမိဳင္ၿမိဳ႕၊မဟာၿမိဳင္ေ႐ႊက်င္ေက်ာင္းတိုက္ဆရာေတာ္ဥဴးေရဝတ၊ေျမာင္းျမၿမိဳ႕၊ပေဇၨာတာ႐ုံ ပါဠိတကၠသိုလ္ေက်ာင္းတိုက္၊ ဒသမေ႐ႊက်င္သာသနာပိုင္ ေျမာင္းျမဆရာေတာ္၊ တိုက္အုပ္ဆရာေတာ္ဥဴးဉာနိက ဆရာေတာ္တို႔ထံ၌ ပညာသင္ၾကားခဲ့သည္။

ဆရာေတာ္ႀကီးသည္ ၁၃၁၈ ခုႏွစ္တြင္ သာသနာ့ဓဇသိရီပဝရ ဓမၼာစရိယ သိေရာမဏိဘြဲ႕၊ကမာၻေအး ဗုဒၶတကၠသိုလ္မွ Dip.BD ဘြဲ႕၊ ၁၃၅၃ ခုႏွစ္တြင္ အဂၢမဟာဂႏၴဝါစကပ႑ိတ ဘြဲ႕၊ ၁၃၅၄ ခုႏွစ္တြင္ အဂၢ မဟာပ႑ိတဘြဲ႕၊ ၁၃၆၀ ခုႏွစ္တြင္ ပရိယတၱိသာ သနာဟိတဓရဘြဲ႕တို႔ကိုရရွိခဲ့သည္။

ထို႔ျပင္ ဆရာေတာ္ႀကီးသည္ ေျမာင္းျမၿမိဳ႕၊ပေဇၨာတာ႐ုံ ပါဠိတကၠသိုလ္ေက်ာင္းတိုက္၌ ပါဠိတကၠသိုလ္ကထိက၊ ရန္ကုန္ၿမိဳ႕၊ ဝိေဇၨာတာ႐ုံ စာသင္တိုက္ ကိုတည္ေထာင္၍ ပဓာနနာယကဆရာေတာ္အျဖစ္ သက္ေတာ္ ၈၇ ႏွစ္အထိ စာေပက်မ္းဂန္မ်ားကို ပိုခ်ခဲ့ပါသည္။

ဆရာေတာ္သည္ ပါဠိတကၠသိုလ္ကထိက၊ ဂိုဏ္းေပါင္းစုံသံဃအစည္းအေဝး ပထမအႀကိမ္ ရန္ကုန္တိုင္း မရမ္းကုန္းၿမိဳ႕နယ္ ဝိနည္းဓိုရ္ ( ေ႐ႊက်င္)၊ ဒုတိယအႀကိမ္၊ တတိယအႀကိမ္ မရမ္းကုန္းၿမိဳ႕နယ္ သံယနာယကအဖြဲ႕ ( ေ႐ႊက်င္) ဥကၠ႒၊ ကမာၻေအးေစတီေတာ္ ၾသဝါဒစရိယ၊ ေ႐ႊက်င္နိကာယဂိုဏ္းလုံးဝန္ေဆာင္၊ ရန္ကုန္တိုင္း ဝိနည္းျပန္ဌာန ဒုတိယဂိုဏ္းခ်ဳပ္ဆရာေတာ္အ ျဖစ္ သာသနာ့တာဝန္မ်ားကို ထမ္းေဆာင္ခဲ့သည္။

၁၉ ႀကိမ္ေျမာက္ ေ႐ႊက်င္နိကာယသံယာ့ အစည္းအေဝးႀကီး၌ ” ေ႐ႊက်င္နိကာယ ဥပဥကၠ႒ မဟာနာယက ” ဟူသည့္ ဘြဲ႕အမည္ျဖင့္ ေ႐ႊက်င္ဂိုဏ္းႀကီး၏ အဆင့္အျမင္ဆုံး အာဏာပိုင္အဖြဲ႕အစည္း၌ ပါဝင္ခဲ့သည္။

၁၃၇၈ ခုႏွစ္ တပို႔တြဲလဆုတ္ ၇ ရက္တြင္ ေ႐ႊက်င္ဂိုဏ္းႀကီး၏အႀကီးအကဲ”ေ႐ႊက်င္နိကာယ ဓိပတိဥကၠ႒ မဟာနာယက”ပႏၷရသမ ၁၅ ပါးေျမာက္ ေ႐ႊက်င္သာသနာပိုင္ အျဖစ္တင္ေျမႇာက္ျခင္းခံခဲ့ရသည္။

ဆရာေတာ္ႀကီးသည္ သာသနာ့အက်ိဳးသည္ပိုးေဆာင္႐ြတ္ေတာ္မူသျဖင့္ ၂၀၁၈ ခုႏွစ္တြင္ ႏိုင္ငံေတာ္အစိုးရမွ အဘိဓဇမဟာရ႒ဂု႐ု ဘြဲ႕ တံဆိပ္ေတာ္အား ဆက္ကပ္လႉဒါန္းခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here